Sunday, January 8, 2012

အလုပ်သမားပတ်စ်ပို့ သက်တမ်း လေးနှစ်ပေးပြီ






၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သ မားများ ပတ်စ်ပို့သက်တမ်းကို လေးနှစ်ပေးမည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူကပြောသည်။

ယင်းကိစ္စကို ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဘုတ်အဖွဲ့အစည်းကျင်းပကာ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင် ပါဝင်လာဖွယ်ရှိ


AFP သတင်းဌာန
ဇန်န၀ါရီ ၈၊ ၂ဝ၁၂

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-Reuters)

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပါက အမည်ခံအရပ်သားအစိုးရတွင် တာဝန်ပေးခံရနိုင်သည်ဟု သမ္မတအကြံပေးတဦးက တနင်္ဂနွေနေ့တွင် ပြောဆိုလိုက်သည်။

လွှတ်တော်ကို ယခုအခါ စစ်တပ်နှင့် စစ်တပ်၏ပါတီက ကြီးစိုးထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် "သင့်လျော်သည့်" နေရာတခု ရဖွယ်ရှိသည်ဟု ဦးနေဇင်လတ်က AFP သတင်းဌာနကို ပြောပြသည်။

ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား

ထားဝယ်ရေနက်စီမံကိန်းတွင်း ထိုင်းနိုင်ငံဘက်ကနေ တည်ဆောက်မယ့် စက်ရုံတွေဟာ ဒေသခံတွေအတွက် ကျန်းမာရေး ထိခိုက်မှုနဲ့အတူ သဘာဝပတ်ဝင်းကျင် ပျက်ဆီးမှုတွေပါ ဖြစ်စေတာမို့ ကန့်ကွက်ကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံကျေးရွာတချို့ ရွေ့ပြောင်း ပေးနေရတာမျိုးတွေလည်း ရှိသလို နစ်နာမှုတွေလည်း ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

Saturday, January 7, 2012

“စစ်တပ် က အာဏာ ပြန် သိမ်းနိုင် ချေ ရှိ ” ဆိုသည့် သတင်း များ ထွက် ပေါ်နေ


Myanmar Government
2
32

မဲပေးပါ
တင်ကျော်ကျော်စိုး၊             ၊

၂၀၁၁ ခုနှစ် က စစ်တပ် က ကျောထောက် နောက် ခံ မှု ဖြင့်
အာဏာ ရရှိ လာ ခဲ့ သည့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ အား ဖျက် သိမ်း
ကာ ထို အနိုင် ရပါတီ ၏ အစိုး ရ အဖွဲ့ တိုင်း ပြည် အာဏာကို ချုပ် ကိုင် ထား မှု အား ပြီး ဆုံး
စေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်
ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်း
က ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။

Friday, January 6, 2012

သမ္မတထက် အကလ အရေးပါပုံ ၀ီလျံဟိတ်ကို ၈၈ မျိုးဆက်ပြော

အေးလဲ့ | သောကြာနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ)။     ။ တိုင်းပြည်၏ အရေးပါသောဆုံးဖြတ်ချက်များတွင် သမ္မတထက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အကလ) ပို၍ အရေးပါကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံဟိတ်နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောပြခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ပြောသည်။

William-Hague-and-Ko-Myat-Thu
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြတ်သူ တို့အား ဗြိတိန်သံအမတ်ကြီးနေအိမ်တွင် ၆.၁.၂၀၁၂ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ - ကိုမြတ်သူ)
သောကြာနေ့ မွန်းလွဲပိုင်းက မစ္စတာဟိတ်နှင့် ဗြိတိန် သံအမတ်ကြီးနေအိမ်တွင် တနာရီခန့်ကြာ
တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့မှ ကိုမြတ်သူက မဇ္ဈိမကို ပြောသည်။

အမေရိကန် အရာရှိကြီး ၂ ဦး မြန်မာပြည်သွားမည်

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဖြစ်တဲ့ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး လူးဝစ်ဆီဒါဘက်ကာ (Luis CdeBaca) တို့ဟာ ဇန်န၀ါရီလ ၉ ရက်၊ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ကြမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒီခရီးစဉ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသာမက ဒဏ်ခတ်ပိတ်ဆို့မှုအတွက် အကျုံးဝင်နေတဲ့ လူကုန်ကူးမှု၊ အလုပ်သမား အခွင့်အရေး၊ နယ်စပ် ဒုက္ခသည်အရေးတွေကိုပါ လေ့လာသုံးသပ်ဖို့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် နိုင်ငံက တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေကို မကြာခင်လတွေအတွင်းမှာပဲ တိုးမြှင့်လုပ်လာခဲ့တာပါ။

နိုင်/ကျဉ်းတွေလွှတ်မှ EU ဒဏ်ခတ်မှု ရုပ်မည်


ဓာတ်ပုံ ASSOCIATED PRESS
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဇန်န၀ါရီလ ၆၊ ၂၀၁၂)
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးသရွေ့ EU ရဲ့ ဒဏ်ခတ်မှုတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအရှိန်ကို မြင်နေရပေမဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတဲ့အတွက် မြန်မာအစိုးရအပေါ် ပေးထားတဲ့ ဖိအားတွေကို အစောတလျင် လျှော့ပေါ့ မပေးသင့်ဘူးလို့ ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရဖို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

Thursday, January 5, 2012

အမေရိကန်နဲ့ တရုတ် မြန်မာ့အရေး ဆွေးနွေး

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ် ကမ်ဘဲလ် (Kurt Campbell) က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အမေရိကန်ပြည်ထောင်စုက  ဆက်လက်အားပေး ကူညီနေတယ်လို့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်၊ အာရှ ၃ နိုင်ငံကို ခရီးထွက်လာတဲ့ မစ္စတာ ကမ်ဘဲလ်က တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာရှ ၃နိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ် ကမ်ဘဲလ်ဟာ ဇန်န၀ါရီလ ၃ရက် အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို မိတ်ဆွေကောင်းအဖြစ် ဒေါ်စုမျှော်လင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလျံဟိတ် William Hague ၏ ခရီးစဉ်ကြောင့် မြန်မာ့ မိတ်ဆွေကောင်းတဦး ရရှိလာနိုင်လိမ့်မည်ဟု ဒေါ်အောင်အောင်ဆန်းစုကြည်က သတင်းစကား ရေးသားပေးပို့ လိုက်သည်။

မြန်မာနိုင်ငံ၌ နှစ်ရက်ကြာခရီးအဖြစ် ရောက်ရှိနေသည့် မစ္စတာဟိတ်နှင့် သောကြာနေ့နံနက်တွင် တွေ့ဆုံရန်ရှိသည့်
ဒေါ်အောင်ဆန်းစုကြည်က ရေးသားပေးပို့လိုက်သော သတင်းစကားကို မစ္စတာဟိတ်က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။

Wednesday, January 4, 2012

သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ မပြည့်စုံဟု ဝေဖန်ကြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ သမ္မတ ဦးသိန်းစိန်၏ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် လွတ်လပ်ရေး ရရှိခြင်း၏ အကြောင်းရင်း တရပ်ဖြစ်သော ပင်လုံစာချုပ်နှင့် ပတ်သက်၍ ထည့်သွင်း ဖေါ်ပြမထားသည်ကို တိုင်းရင်းသား ခေါင်းဆောင်များက ဝေဖန် လိုက်ကြသည်။

သဝဏ်လွှာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ လွတ်လပ်ရေး ကြိုးပမ်းမှု ကိုသာ ဖေါ်ပြထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတ ဖြစ်သည့် ပင်လုံစာချုပ်အကြောင်း ထည့်သွင်း မဖေါ်ပြသည်ကို ဝေဖန်ကြခြင်း ဖြစ်သည်။

စစ်တပ် ဘာကြောင့် သမ္မတအပေါ် ရောက်နေလဲ

  • ဒိန်ဖန်ခူး ရေးသည်။


ကာချုပ် မင်းအောင်လှိုင်


အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။

သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။

Tuesday, January 3, 2012

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး သတ္တိရှိရှိလုပ်ဆောင်ဖို့ အမတ်တွေ တိုက်တွန်း

ဒီကနေ့ အကျဉ်းသားတွေ လွတ်မြောက်လာရာမှာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ နိုင်ငံရေးအကျဉ်းသားတွေ အနည်းအကျဉ်းပဲ ပါဝင်တာကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်ရေးအတွက် လွှတ်တော်တွင်း တိုက်တွန်းပြောဆိုခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ အပြောင်းအလဲတွေကို သတ္တိရှိရှိနဲ့ ရဲရဲတင်းတင်း ဆောင်ရွက်သွားဖို့လိုမယ်လို့လည်း လွှတ်တော်အမတ်တွေက တိုက်တွန်းပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လွှတ်တော်တွင်းမှာလည်း တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခု အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် အကျဉ်းသားတွေ လွှတ်တဲ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေကို မယ်မယ်ရရ လွှတ်တာ မတွေ့ရတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တိုက်တွန်းခဲ့ကြတဲ့ လွှတ်တော်အမတ်တွေက အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။