Friday, April 27, 2012

ဗြိတိန် ဆက်သွယ်ရေးရုံး နေပြည်တော်မှာဖွင့်မည်

နေပြည်တော်မှာ သံတမန်ဆက်သွယ်ရေးရုံး ဖွင့်လှစ်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောလိုက်ပါတယ်။ ဗြိတိန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးကို ပြန်လည် အားပေးတော့မယ်လို့ ပြောခဲ့တဲ့တချိန်တည်းမှာပဲ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်စေဖို့ နေပြည်တော်မှာ ရုံးဖွင့်မယ်လို့ ကြေညာခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။


Wednesday, April 25, 2012

မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ နုနယ်နေဆဲ

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပ်ကမ့်ဘဲလ်က မြန်မာနိုင်ငံမှာထူးကဲတဲ့တိုးတက်မှုတွေ တွေ့နေရပေမယ့် အခြေအနေတွေက နုနယ်နေသေးပြီး အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ မြန်မာ့အရေး မူဝါဒ ကြားနာပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပ်၊ ကမ့်ဘဲလ်က အခုလို အခုလို ထွက်ဆိုလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။


Thursday, April 19, 2012

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။


ဂျပန်အစိုးရက ယန်းငွေ သန်း (၂၀၀) ထောက်ပံ့မည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက မြန်မာလူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက် လေ့လာဆည်းပူးဖို့ အတွက် ယန်းငွေ သန်း (၂၀၀) ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖော်ပြလိုက်ပါတယ်။


NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေခုံရုံးက ဒီစကားရပ်ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။

Wednesday, April 18, 2012

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတချို့ အမေရိကန် လျှော့ပေါ့လိုက်ခြင်း

ဧပြီလအစောပိုင်းကကျင်းပခဲ့တဲ့အထင်ကရကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်လာအောင် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများ ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲကတချို့ကိုအမေရိကန်ကဒီတပတ်အတွင်း လျှော့ပေါ့ပေးလိုက်ပါတယ်။


Monday, April 16, 2012

မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတြေးလျ ရုပ်သိမ်း

သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။ နော်ဝေးနိုင်ငံက အလားတူ လျှော့ပေါ့ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သြစတြေးလျ ကလည်း ဖြေလျော့ပေးလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ အခုလို ဖြေလျှော့ပေးတာလို့ ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး က ပြောခဲ့တာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အခု အလျှော့ပေး တာဟာ သိပ်များလွန်း ပြီး သိပ်စော လွန်းတယ်လို့ ချက်ခြင်းပဲ တုန့်ပြန် ဝေဖန်ကြပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီကကိုယ်စားလှယ်တွေအနိုင်ရခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စကို ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာ ရတာပါ။


Sunday, April 15, 2012

မြစ်ကြီးနားမှာ ဗုံးကွဲမှုဖြစ်

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ သင်္ကြန်ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း တရက်ပြီးတရက် ကုန်ဆုံးခဲ့ပေမဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ စနေနေ့ညက ဗုံး ပေါက်ခဲ့ပါတယ်။ သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲတာကြောင့် မီးရထားသံလမ်း ခင်ထားတဲ့ ဇလီဖားတုံးတချို့ ပျက်ဆီးသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သင်္ကြန် အကြတ်နေ့ မြစ်ကြီးနားမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုအကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။
စနေနေ့ ညပိုင်း ၉ နာရီလောက်မှာ မြစ်ကြီးနား မြို့သစ်ဘက်က သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲ ခဲ့တာပါ။ ဗုံးပေါက်တဲ့ နေရာကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မြစ်ကြီးနား ဒေသခံ တဦးက အခုလို ပြောပါတယ်။


Saturday, April 14, 2012

သမ္မတထံ NLD အကြံပြုစာ ပေးပို.

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော


မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့  ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။


Thursday, April 12, 2012

၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား

ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း  ရွတ်ဆိုရတဲ့  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား  ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

Monday, April 9, 2012

ကေအန်ယူ ပထမဦးဆုံး ဆက်ဆံရေးရုံး ကျောက်ကြီးမှာ ဖွင့်

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။  ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆက်ဆံရေးရုံးကို ကေအန်ယူ တပ်မဟာ ၃ က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ရဲ့  ပြန်ကြားရေး တာဝန်ခံ နော်မေဦး ကပြောပါတယ်။


မြန်မာ ကျန်းမာရေး ဝန်ကြီးအဖွဲ့ အမေရိကန် ခရီးစတင်

အမေရိကန် နဲ့ မြန်မာ တို့ ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးစားမှု တစ်ခု အနေနဲ့ အမေရိကန်ဘက် က ပထမဦးဆုံး ဖိတ်ကြားတာ ကို ခံရတဲ့ မြန်မာ ကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေ အဓိက ဆွေးနွေးဖို့ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။ မြန်မာ နိုင်ငံ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ဒီ ခရီးစဉ် အတွင်း မျှော်လင့်ချက် တွေကို တော့ ကိုဝင်းမင်းက အဖွဲ့ဝင် တစ်ဦးနဲ့ မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်ဟာ တနင်္ဂနွေ နေ့က စရောက်လာတဲ့ သူ့ရဲ့ ၁၀ ရက်ကြာ အမေရိကန် ခရီးစဉ် ထဲမှာ ကျန်းမာရေး နဲ့ ပညာရေး အဆင်မြင့် အရာရှိတွေ အပါအဝင် အဖွဲ့ဝင် ၁၁ ပါတဲ့ အဖွဲ့ကို ဦးဆောင် လာခဲ့ ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် အဆင်မြင့် တက္ကသိုလ် တစ်ခုမှာ စကား ပြောဖို့ ရှိနေပါတယ်။

ဧပြီလ ၂၃ ရက် လွှတ်တော် ဒေါ်စု တက်မည်

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပါ။

လွှတ်တော်ကိုယ်စား လှယ်တဦးချင်း စီရဲ့ လွှတ်တော်တွင်း စွမ်းဆောင်ချက်တွေပေါ်မူတည်ပြီး တိုင်းပြည်က သူတို့ကို အကဲဖြတ် သွားမှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိပါတယ်။
လွှတ်တော်အသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး လွှတ်တော် ကိုယ်စား လှယ်နေရာအားလုံးနီးပါးကို NLD ပါတီက အနိုင်ရခဲ့တာပါ။ အခုတော့ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေထဲက ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ကြရတော့မှာ ဖြစ်ပါတယ်။
အဲဒီအတွက် အကြောင်းကြားစာတွေ ရထားပြီးပြီလို့ NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်း က ဗွီအိုအေကိုပြောပါတယ်။


Saturday, April 7, 2012

Derek Mitchell သံအမတ်ဖြစ်လာနိုင်မှုအပေါ် HRW ထောက်ခံ

Derek Mitchell သံအမတ်ဖြစ်လာနိုင်မှုအပေါ် HRW ထောက်ခံ

Friday, April 6, 2012

DKBA မှ B အဓိပ္ပါယ် ပြောင်းလဲလိုက်

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၈ မိနစ် 
ချင်းမိုင်(မဇ္စျိမ) ။       ။ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်းရေး လက်မှတ်ထိုး

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မနက်မှာ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာတွေ့ဆုံပြီး ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ အချက် ခြောက်ချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ ဒီကနေ့ KNU နဲ့ အစိုးရ ကိုယ်စားလှယ်အကြား ဆွေးနွေးပွဲ အခြေအနေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ဆွေးနွေးပွဲဟာ KNU ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား ပထမဆုံး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့  ဒီနှစ် ဇန်န၀ါရီလတုန်း က KNU က တင်ပြထားတဲ့အချက် ၁၁ ချက်ထဲက အဓိက အချက်ခြောက်ချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Wednesday, April 4, 2012

မြန်မာ့အရေး အာဆီယံထိပ်သီးများနှင့် အမတ်များ သဘောထားမတူ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် အမြန် ရုတ်သိမ်းပေးရန် အာဆီယံအသင်းကြီးက တောင်းဆိုလိုက်သော်လည်း မြန်မာ့အရေး ဆောင်ရွက်
နေသည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ AIPMC ကမူ ပိတ်ဆို့မှုမျာအား အဆောတလျင် ရုတ်သိမ်းပါက မခိုင်မာသေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ထိခိုက်သွားစေနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က သဘောထား ထုတ်ပြန်လိုက်ကြသည်။

မြန်မာအစိုးရနဲ့ KNU ဖားအံမှာဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာမှုရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက်တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

Tuesday, April 3, 2012

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်

မဇ္ဈိမသတင်းဌာန ။        ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိ
ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။


မြန်မာအပေါ် အရေးယူမှုများ ရုပ်သိမ်းရန် အာစီယံ တိုက်တွန်း

ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စံနစ်တကျ၊ မျှတစွာ၊ ထင်သာမြင်သာရှိရှိ၊ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တာကြောင့် အာစီယံအသင်းကြီးက အားရကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီး ညီလာခံမှာလည်း အလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လည်းဖြစ်ပြီး  နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ Hor Namhong က ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ကြားဖြတ်ရွေးကောက်ပွဲကို အပြုသဘောကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် တိုက်တွန်း လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြထားပါတယ်။


Monday, April 2, 2012

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆတိုးကြိုးပမ်းဖို့ ကုလတိုက်တွန်း

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့  မြန်မာနိုင်ငံ  ကြားဖြတ်ရွေးကောက်ပွဲ  ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး သွားတဲ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ချီးကျုးလိုက်သလို  စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နှစ်ဆတိုးလုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။  တချိန်ထဲမှာပဲ  မြန်မာနိုင်ငံ က   ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားစေဖို့  အခုရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့  NLD နဲ့ တခြားဒီမိုကရေစီ အင်အားစုတွေနဲ့  အစိုးရက လက်တွဲဆောင်ရွက်ဖို့ အရေးပါ ကြောင်း  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Sunday, April 1, 2012

နောက်ဆုံး သိရှိရတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ

Ye Min Tun Facebook မှကူးယူဖေါ်ပြပါသည်

၂၀၁၂၊ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင် ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်၄၄ နယ်အနက် ၄၁ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရကြောင်း ၂၀၁၂ ဧပြီ ၂ ရက် မြန်မာစံတော်ချိန် မနက်အစောပိုင်းသတင်းများအရ သိရပါတယ်။ လစ်လပ် မဲဆန္ဒနယ် ၄၈ နယ်၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသ လွှတ်တော် ကိုယ်စားလှယ်များ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြဖို့ မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က ကနဦးတွင် ကြေငြာခဲ့သော်လည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ နယ်တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်သေးကြောင်း ထပ်မံ ကြေငြာခဲ့ပါတယ်။