Sunday, May 13, 2012

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ

ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပြန်လာကြဖို့သမ္မတဦးသိန်းစိန်ကထပ်ပြီးဖိတ်ခေါ်လိုက်ပေမဲ့ ပြန်လာချင်သူတွေရော  ပြည်တွင်းကနေ နိုင်ငံရပ်ခြား အတွေ့အကြုံ ယူချင်သူတွေ အတွက်ပါ အခက်အခဲတွေ အမျိုးမျိုး ရှိနေတယ်လို့  တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မေလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ပိုပြီး ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ထပ်မံဖိတ်ခေါ်လိုက်တာပါ။ သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်ကလည်း ပထမအကြိမ် ဖိတ်ခေါ်ခဲ့သလို  အခု ဒုတိယအကြိမ် ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ပြည်ပက မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒုတိယအကြိမ် ထည့်သွင်းဖိတ်ခေါ်တဲ့ ကိစ္စကို (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဗွီအိုအေက စပြီး မေးမြန်းကြည့်ခဲ့ပါတယ်။

Saturday, May 12, 2012

ပိုလန် - မြန်မာ ဒီမိုကရေစီ အတွေ့အကြုံ နှီးနှော

တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အတွေ့အကြုံ နှီးနှော ဖလှယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း မီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပညာတတ် လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ပိုလန်နိုင်ငံက ကျွမ်းကျင်သူတွေက ဆွေးနွေး တင်ပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲ အကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာ့အပြောင်းအလဲ အမေရိကန်အနီးကပ်စောင့်ကြည့်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ခြေလှမ်းတွေလှမ်းနေတာနဲ့အမျှ အမေရိကန် ပြည်ထောင်စုက လိုက်လျောညီထွေ တုံ့ပြန်နေပေမဲ့ အပြောင်းအလဲတွေဟာ အချိန်မရွေး နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အလားအလာ ရှိနိုင်တာကြောင့် စိစစ်ချိန်ကိုက်ပြီး ပုံမှန်ပြန်လည် ဆက်ဆံနေတာဖြစ်တယ်လို့ အမေရိကန်အကြီးတန်း သံတမန်တဦးက မေလ ၁၁ ရက်၊ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအထူးကိုယ်စားလှယ် Patrick Murphy ကအမေရိကန်က ပြုပြင် ပြောင်းလဲရေးလိုလားတဲ့ မြန်မာအစိုးရနဲ့ ထဲထဲဝင်ဝင် ဆက်ဆံပြီး ပိတ်ဆို့ အရေးယူ ဒဏ်ခတ် မှုတွေ ပိုမို လျှော့ပေးရေး အပါအ၀င် လာမယ့် သတင်းပတ်တွေအတွင်း အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရမယ့် အမေရိကန် သံအမတ်ကြီးတဦးကိုလည်း တာဝန်ပေးအပ်တော့မှာ ဖြစ်တယ် လို့  ပြောဆိုလိုက်တာ ပါ။

Friday, April 27, 2012

ဗြိတိန် ဆက်သွယ်ရေးရုံး နေပြည်တော်မှာဖွင့်မည်

နေပြည်တော်မှာ သံတမန်ဆက်သွယ်ရေးရုံး ဖွင့်လှစ်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောလိုက်ပါတယ်။ ဗြိတိန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေးကို ပြန်လည် အားပေးတော့မယ်လို့ ပြောခဲ့တဲ့တချိန်တည်းမှာပဲ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်စေဖို့ နေပြည်တော်မှာ ရုံးဖွင့်မယ်လို့ ကြေညာခဲ့တဲ့အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။


Wednesday, April 25, 2012

မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ နုနယ်နေဆဲ

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပ်ကမ့်ဘဲလ်က မြန်မာနိုင်ငံမှာထူးကဲတဲ့တိုးတက်မှုတွေ တွေ့နေရပေမယ့် အခြေအနေတွေက နုနယ်နေသေးပြီး အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ မြန်မာ့အရေး မူဝါဒ ကြားနာပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကပ်၊ ကမ့်ဘဲလ်က အခုလို အခုလို ထွက်ဆိုလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။


Thursday, April 19, 2012

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။


ဂျပန်အစိုးရက ယန်းငွေ သန်း (၂၀၀) ထောက်ပံ့မည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက မြန်မာလူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက် လေ့လာဆည်းပူးဖို့ အတွက် ယန်းငွေ သန်း (၂၀၀) ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖော်ပြလိုက်ပါတယ်။


NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေခုံရုံးက ဒီစကားရပ်ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။

Wednesday, April 18, 2012

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတချို့ အမေရိကန် လျှော့ပေါ့လိုက်ခြင်း

ဧပြီလအစောပိုင်းကကျင်းပခဲ့တဲ့အထင်ကရကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်လာအောင် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများ ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲကတချို့ကိုအမေရိကန်ကဒီတပတ်အတွင်း လျှော့ပေါ့ပေးလိုက်ပါတယ်။


Monday, April 16, 2012

မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတြေးလျ ရုပ်သိမ်း

သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။ နော်ဝေးနိုင်ငံက အလားတူ လျှော့ပေါ့ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သြစတြေးလျ ကလည်း ဖြေလျော့ပေးလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ အခုလို ဖြေလျှော့ပေးတာလို့ ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး က ပြောခဲ့တာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အခု အလျှော့ပေး တာဟာ သိပ်များလွန်း ပြီး သိပ်စော လွန်းတယ်လို့ ချက်ခြင်းပဲ တုန့်ပြန် ဝေဖန်ကြပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီကကိုယ်စားလှယ်တွေအနိုင်ရခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စကို ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာ ရတာပါ။


Sunday, April 15, 2012

မြစ်ကြီးနားမှာ ဗုံးကွဲမှုဖြစ်

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ သင်္ကြန်ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း တရက်ပြီးတရက် ကုန်ဆုံးခဲ့ပေမဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ စနေနေ့ညက ဗုံး ပေါက်ခဲ့ပါတယ်။ သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲတာကြောင့် မီးရထားသံလမ်း ခင်ထားတဲ့ ဇလီဖားတုံးတချို့ ပျက်ဆီးသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သင်္ကြန် အကြတ်နေ့ မြစ်ကြီးနားမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုအကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။
စနေနေ့ ညပိုင်း ၉ နာရီလောက်မှာ မြစ်ကြီးနား မြို့သစ်ဘက်က သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲ ခဲ့တာပါ။ ဗုံးပေါက်တဲ့ နေရာကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မြစ်ကြီးနား ဒေသခံ တဦးက အခုလို ပြောပါတယ်။


Saturday, April 14, 2012

သမ္မတထံ NLD အကြံပြုစာ ပေးပို.

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော


မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့  ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။


Thursday, April 12, 2012

၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား

ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း  ရွတ်ဆိုရတဲ့  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား  ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

Monday, April 9, 2012

ကေအန်ယူ ပထမဦးဆုံး ဆက်ဆံရေးရုံး ကျောက်ကြီးမှာ ဖွင့်

ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။  ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ရွာပုန်းရွာရှောင် ကရင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။

မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆက်ဆံရေးရုံးကို ကေအန်ယူ တပ်မဟာ ၃ က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ရဲ့  ပြန်ကြားရေး တာဝန်ခံ နော်မေဦး ကပြောပါတယ်။


မြန်မာ ကျန်းမာရေး ဝန်ကြီးအဖွဲ့ အမေရိကန် ခရီးစတင်

အမေရိကန် နဲ့ မြန်မာ တို့ ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးစားမှု တစ်ခု အနေနဲ့ အမေရိကန်ဘက် က ပထမဦးဆုံး ဖိတ်ကြားတာ ကို ခံရတဲ့ မြန်မာ ကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေ အဓိက ဆွေးနွေးဖို့ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။ မြန်မာ နိုင်ငံ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ဒီ ခရီးစဉ် အတွင်း မျှော်လင့်ချက် တွေကို တော့ ကိုဝင်းမင်းက အဖွဲ့ဝင် တစ်ဦးနဲ့ မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်ဟာ တနင်္ဂနွေ နေ့က စရောက်လာတဲ့ သူ့ရဲ့ ၁၀ ရက်ကြာ အမေရိကန် ခရီးစဉ် ထဲမှာ ကျန်းမာရေး နဲ့ ပညာရေး အဆင်မြင့် အရာရှိတွေ အပါအဝင် အဖွဲ့ဝင် ၁၁ ပါတဲ့ အဖွဲ့ကို ဦးဆောင် လာခဲ့ ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် အဆင်မြင့် တက္ကသိုလ် တစ်ခုမှာ စကား ပြောဖို့ ရှိနေပါတယ်။

ဧပြီလ ၂၃ ရက် လွှတ်တော် ဒေါ်စု တက်မည်

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ပါ။

လွှတ်တော်ကိုယ်စား လှယ်တဦးချင်း စီရဲ့ လွှတ်တော်တွင်း စွမ်းဆောင်ချက်တွေပေါ်မူတည်ပြီး တိုင်းပြည်က သူတို့ကို အကဲဖြတ် သွားမှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ရှိပါတယ်။
လွှတ်တော်အသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး လွှတ်တော် ကိုယ်စား လှယ်နေရာအားလုံးနီးပါးကို NLD ပါတီက အနိုင်ရခဲ့တာပါ။ အခုတော့ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေထဲက ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စားလှယ်တွေဟာ ဧပြီလ ၂၃ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ကြရတော့မှာ ဖြစ်ပါတယ်။
အဲဒီအတွက် အကြောင်းကြားစာတွေ ရထားပြီးပြီလို့ NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ တဦးဖြစ်သူ ဦးဉာဏ်ဝင်း က ဗွီအိုအေကိုပြောပါတယ်။


Saturday, April 7, 2012

Derek Mitchell သံအမတ်ဖြစ်လာနိုင်မှုအပေါ် HRW ထောက်ခံ

Derek Mitchell သံအမတ်ဖြစ်လာနိုင်မှုအပေါ် HRW ထောက်ခံ

Friday, April 6, 2012

DKBA မှ B အဓိပ္ပါယ် ပြောင်းလဲလိုက်

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၈ မိနစ် 
ချင်းမိုင်(မဇ္စျိမ) ။       ။ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်းရေး လက်မှတ်ထိုး

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မနက်မှာ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာတွေ့ဆုံပြီး ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ အချက် ခြောက်ချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ ဒီကနေ့ KNU နဲ့ အစိုးရ ကိုယ်စားလှယ်အကြား ဆွေးနွေးပွဲ အခြေအနေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ဆွေးနွေးပွဲဟာ KNU ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား ပထမဆုံး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့  ဒီနှစ် ဇန်န၀ါရီလတုန်း က KNU က တင်ပြထားတဲ့အချက် ၁၁ ချက်ထဲက အဓိက အချက်ခြောက်ချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Wednesday, April 4, 2012

မြန်မာ့အရေး အာဆီယံထိပ်သီးများနှင့် အမတ်များ သဘောထားမတူ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် အမြန် ရုတ်သိမ်းပေးရန် အာဆီယံအသင်းကြီးက တောင်းဆိုလိုက်သော်လည်း မြန်မာ့အရေး ဆောင်ရွက်
နေသည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ AIPMC ကမူ ပိတ်ဆို့မှုမျာအား အဆောတလျင် ရုတ်သိမ်းပါက မခိုင်မာသေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ထိခိုက်သွားစေနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က သဘောထား ထုတ်ပြန်လိုက်ကြသည်။

မြန်မာအစိုးရနဲ့ KNU ဖားအံမှာဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာမှုရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက်တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

Tuesday, April 3, 2012

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်

မဇ္ဈိမသတင်းဌာန ။        ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိ
ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။


မြန်မာအပေါ် အရေးယူမှုများ ရုပ်သိမ်းရန် အာစီယံ တိုက်တွန်း

ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စံနစ်တကျ၊ မျှတစွာ၊ ထင်သာမြင်သာရှိရှိ၊ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တာကြောင့် အာစီယံအသင်းကြီးက အားရကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီး ညီလာခံမှာလည်း အလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လည်းဖြစ်ပြီး  နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ Hor Namhong က ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ကြားဖြတ်ရွေးကောက်ပွဲကို အပြုသဘောကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် တိုက်တွန်း လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြထားပါတယ်။


Monday, April 2, 2012

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆတိုးကြိုးပမ်းဖို့ ကုလတိုက်တွန်း

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့  မြန်မာနိုင်ငံ  ကြားဖြတ်ရွေးကောက်ပွဲ  ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး သွားတဲ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ချီးကျုးလိုက်သလို  စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နှစ်ဆတိုးလုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။  တချိန်ထဲမှာပဲ  မြန်မာနိုင်ငံ က   ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားစေဖို့  အခုရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့  NLD နဲ့ တခြားဒီမိုကရေစီ အင်အားစုတွေနဲ့  အစိုးရက လက်တွဲဆောင်ရွက်ဖို့ အရေးပါ ကြောင်း  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Sunday, April 1, 2012

နောက်ဆုံး သိရှိရတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ

Ye Min Tun Facebook မှကူးယူဖေါ်ပြပါသည်

၂၀၁၂၊ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင် ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်၄၄ နယ်အနက် ၄၁ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရကြောင်း ၂၀၁၂ ဧပြီ ၂ ရက် မြန်မာစံတော်ချိန် မနက်အစောပိုင်းသတင်းများအရ သိရပါတယ်။ လစ်လပ် မဲဆန္ဒနယ် ၄၈ နယ်၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသ လွှတ်တော် ကိုယ်စားလှယ်များ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြဖို့ မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က ကနဦးတွင် ကြေငြာခဲ့သော်လည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ နယ်တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်သေးကြောင်း ထပ်မံ ကြေငြာခဲ့ပါတယ်။

Saturday, March 31, 2012

မဲညစ် သတင်းများ

 Myit Kyoe Inn Facebook မှကူးယူဖေါ်ပြပါသည် ။
၁၀မိနစ်ခန့် အချိန်ယူပြီး စုပေးထားတဲ့ အပုပ်နံ့လေးတွေပါ။ လောလောလတ်လတ် အန်ချင်သူများအတွက် အသုံးဝင်ပါတယ်။ ကျနော်တောင် လိုက်စုရင်းနဲ့ ပျို့တက်လာရသေးတယ်။

The Voice Weekly
မန္တလေးပြည်တော်သာရပ်ကွက်မဲရုံအမှတ်(၁) ရှိ မဲစာရင်းစာရွက်တွင် ဆန္ဒမဲပေးသည့် စာရွက်ကို ခြစ်မရသဖြင့် အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ မှ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Election Monitoring Network.88
နေ့ရက်။ ။ ၁. ၄.၂၀၁၂
နေရာ ။ ။မြောင်းမြမြို့နယ် ၊ ထူချောင်းကျေးရွာ
မဲရုံထဲတွင် မဲဆန္ဒပေးရန် လာသူများသူများကို မဲရုံမှုးက ခြင်္သေံ့ အားမဲပေးရန် မဲရုံထဲတွင်ပေါ်လွင်ထင်ရှားစွာဖြ
င့် ပြောဆို၍မဲပေးခိုင်းနေသောကြောင့် NLD ပါတီကိုယ်စားလှယ်မှ(၂)ကြိမ်သတိပေးသော်လည်းမရ၍ရဲစခန်းတွင်၎င်းမဲရုံမှုးအားအမှုဖွင့်တိုင်ကြားထားကြောင်းသိရှိရသည်။
ဇော်မင်း(ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ)

ဒေါ်စု လုံခြုံရေး NLD စိုးရိမ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကြားဖြတ် ရွေးကောက်ပွဲမှာ သူမကိုယ်တိုင် ၀င်ရောက် အရွေးခံမယ့် ကောမှူးမြို့နယ် ၀ါးသိင်္ခကျေးရွားကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ အဲဒီမှာ ညအိပ်မှာဖြစ်ပါတယ်။ ဒီလို ကော့မှူးကိုသွားတဲ့အချိန်မှာ ခြိမ်းခြောက် နှောက်ယှက်တာတွေနဲ့ ကြုံခဲ့ရတယ်လို့ ဗွီအိုအေက သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က အစီရင်ခံထားပါတယ်။

Friday, March 30, 2012

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)


Thursday, March 29, 2012

ပခုက္ကူရှိ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရိုက်နှက်ခံရ

မကွေးတိုင်း ပခုက္ကူ မြို့နယ် မြင်းဝင်း ကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးပုံ မှန်ကန်စေရန် ရည်ရွယ်၍ မဲပေးနည်းသရုပ်ပြ သင်တန်း ပို့ချနေသည့် ကျေးရွာကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ဝင် သုံးဦး၏ ရိုက်နှက်ထိုးကြိတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။


Wednesday, March 28, 2012

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ

မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေပါပြီ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။


မော်လမြိုင်တွင် မဲပေးခွင့်ရှိသူ လေးထောင်ခန့် တိုးလာ

မော်လမြိုင်တွင် မဲပေးခွင့်ရှိသူ လေးထောင်ခန့် တိုးလာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။         ။ ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီအချို့၏ တိုက်တွန်းချက်ဖြင့် မဲပေးခွင့် ဆုံးရှုံးနေသည့် မဲဆန္ဒရှင်များ၏ ပြန်လည် တင်ပြချက်ကြောင့် မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ဗုဒ္ဓဟူးနေ့ နောက်ဆုံး စာရင်းချုပ် ထုတ်ပြန်ချက်တွင် မဲစာရင်း လေးထောင်နီးပါး တိုးလာကြောင်း သိရသည်။



ကြိုတင်မဲမသမာမှု ထပ်မဖြစ်စေဖို့ ကော်မရှင် ကတိပေး

ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတာမျိုး မဖြစ်စေရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာမခံ ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက အဲဒီလို ပြောလိုက် တာပါ။ သတင်းမီဒီယာသမားတွေ ရွေးကောက်ပွဲနေ့ သတင်းယူတဲ့နေရာမှာ လိုက်နာရမှာတွေကိုလည်း ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


Tuesday, March 27, 2012

ပခုက္ကူ ရွေးကောက်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြားမည်

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောသည်။


ကုလကိုယ်စားလှယ်အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ စေလွှတ်မည်

မြန်မာနိုင်ငံမှာ ရှေ့တပတ်ထဲ ကျင်းပမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် အကဲခတ်ဖို့အတွက် ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်မယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကိုတော့ ခရီးစဉ်အပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံသွားမှာ ဖြစ်တယ်လို့လည်း Inner City Press သတင်းဌာနကို အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောလိုက်တာပါ။



Monday, March 26, 2012

ကချင် ဒုက္ခသည်တွေထံ ကုလ ဒုတိယအကြိမ် အကူအညီပို့

ကချင်ပြည်နယ် အတွင်း စစ်ပွဲဖြစ်တဲ့ ဒေသအတွင်း ဒုက္ခသည် တွေ အတွက် အရေး ပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ကူညီ ကယ်ဆယ်ရေး ပစ္စည်း တွေကို သွားရောက် ပို့ဆောင်နေတဲ့  ကမ္ဘာ့ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့ မနက် ၀ိုင်းမော်မြို့နယ် ဆဒုံး မြို့နယ်ခွဲအတွင်းက ဒုက္ခ သည်စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။


Sunday, March 25, 2012

၂၄ မတ်လ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်းကွင်း။


ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။

ယမန်နေ့ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ကျန်းမာရေးအရ အနားယူရန် လိုအပ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ ညွှန်ကြားချက်အရ ကျန်ရှိသည့် စည်းရုံးရေး ခရီးစဉ်များကို ပယ်ဖျက်လိုက်ကာ ရန်ကုန်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း

By မသင်းသီရိ

ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ လူတန်းစားတွေ ပပျောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး လူတိုင်း တန်းတူညီမျှမှုရမှာ ဖြစ်တယ်လို့ဒီကနေ့မြိတ်မြို့မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းတာကြောင့် ဒီကနေ့ မြိတ်မြို့က ကျေးရွာတွေကို သွားမယ့် ခရီးတွေကိုလည်း ဖျက်လိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မြိတ်မြို့မှာ ဒုတိယနေ့ အဖြစ်နဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပါတယ်။

လုံခြုံရေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ယုတ္တိမတန်ကြောင်း KIO ပြော

ချင်းမိုင်(မဇ္စျိမ)။                ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ မဲဆန္ဒနယ်များကို ရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းလိုက်သော်လည်း ယင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် လုံခြုံရေးအကြောင်းပြရွှေ့ဆိုင်းခြင်းမှာ ယုတ္တိမတန်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောသည်။

ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သော ဖားကန့်၊ ဗန်မော်၊ မိုးကောင်းမြို့နယ်များအား လုံခြုံရေး အခြေအနေများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌက မတ်လ ၂၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ ထည့်သွင်း ကြေညာထားသည်။

ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ရာက ပြန်လာအပြီးမှာပဲ မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲတွေအတွင်း လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးပေမယ့် ဒါတစ်ခုတည်းနဲ့ ပြုပြင်ပြောင်းလဲရေး ပြီးပြည့်စုံပြီလို့ မဆိုနိုင်ကြောင်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ထုတ်ပြောလိုက်ပါတယ်။

ကြာသာပတေးနေ့မနက်က အမေရိကန်နိုင်ငံခြားရေးရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းတဲ့အခါ သံအမတ်ကြီးမစ်ချဲလ်က ရွေးကောက်ပွဲလုပ်တဲ့နည်း တစ်ခုတည်းမှာ လွတ်လပ်ပြီးတရားမျှတရုံနဲ့ မပြီးဘဲ ရွေးကောက်ပွဲတွေမတိုင်ခင် မဲဆွယ်စဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ လွှတ်တော် ကျင်းပချိန်တွေမှာပါ နိုင့်ထက်စီးနင်း ပြုလုပ်မှုတွေ၊ မကောင်းကြံစည်မှုတွေ ကင်းရှင်းဖို့ အရေးကြီးတယ်လို့ ဆိုလိုက်ပါတယ်။

ကချင် ၃ နယ် ရွေးကောက်ပွဲရွှေ့ဆိုင်းမှု အမေရိကန် စောင့်ကြည့်

ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်သုံးခုမှာ လုံခြုံရေးအခြေအနေကြောင့် လာမယ့် ဧပြီလ ၁ ရက်နေ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသတွေမှာကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ကျင်းပနိုင်မှာ မဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေကို အပြည့်စုံ နားလည်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။


ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ


By မသင်းသီရိ
ဒီကနေ့ တနင်္သာရီတိုင်း မြိတ်မြို့ကို ရွေးကောက်ပွဲစည်းရုံးရေး အဖြစ်သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ကြုံနေရပါတယ်။ မြိတ်ကျွန်းစုတွေဆီကို သွားဖို့ စီစဉ်ထားပေမဲ့ အမြန်ရေယာဉ် ငှားမရတဲ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဒီကနေ့ မသွားနိုင်ခဲ့ဘူးလို့ NLD က ပြောပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ကိုရောက်နေတဲ့ နောက်ဆုံး အခြေအနေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာရီတိုင်း မြိတ်မြို့နယ်တွေထဲက ကျွန်းစုတွေဆီ ခရီးသွားနေတာမို့ ဒီခရီးရဲ့အခြေအနေတွေ သိဖို့  တညနေလုံး တယ်လီဖုန်းဆက်သွယ်နေပေမဲ့ ဖုန်းခေါ်မရဖြစ်နေတာပါ။ ဒါပေမဲ့ အခု နောက်ဆုံးအသံမလွှင့်ခင် မိနစ်ပိုင်းအတွင်း တယ်လီဖုန်းရတဲ့အခါမှာတော့ အခု သူတို့သွားနေတဲ့ မြိတ်ခရီးစဉ်မှာ အဆင်မပြေ ဖြစ်နေတာတွေ ရှိနေတယ်ဆိုတာ သိရတာပါ။ အဓိကကတော့ ကျွန်းစုတွေဆီကို သွားဖို့  တစ်နာရီကို အနည်းဆုံး ၂၅ မိုင်လောက်မောင်းနိုင်တဲ့ အမြန်ရေယာဉ်ကို ငှားပေမဲ့ ငှားမရတာကြောင့် ရတဲ့ ယာဉ်နဲ့ သွားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ခရီးမပေါက်နိုင်ဘဲ စခန်းသစ်ဆိုတဲ့ ရွာတစ်ခုမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားပြောတာ လုပ်နိုင်ခဲ့ပြီး ကျန်တဲ့နေရာတွေကို ဆက်သွားဖို့ အဆင်မပြေတော့လို့ အခု မြိတ်မြို့ကို လှည့်ပြန်လာနေရတယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

Wednesday, February 22, 2012

စည်းကမ်းမဲ့နိုင်ငံ မတိုးတက်နိုင် သူရ ဦးရွှေမန်းဝေဖန်

ပြည်သူ့ဝန်ထမ်းလစာ တိုးရေးကိစ္စကို မဖြစ်မနေရအောင် ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ကလည်း ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ ကောင်းတဲ့အပြောင်းအလဲတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့လည်း တိုက်တွန်းပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ဦးရွှေမန်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒီ အကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြီး တင်ပြပေးထားပါတယ်။

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း

မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက
ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။


Monday, February 20, 2012

ရွေးကောက်ပွဲ မ၀င်ဘဲ လွှတ်တော်တွင် NLD တနေရာ ရရှိ

မိုးမခအထောက်တော် အမှတ် ၀၀၂
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂


ဓာတ်ပုံ - 7Day ဂျာနယ်

လူထုထောက်ခံမှု အများဆုံး ဖြစ်သော NLD သည် ကြားဖြတ်ရွေးကောက်ပွဲ မ၀င်မီမှာပင် လွှတ်တော်ကိုယ်စားလှယ် တဦး ရရှိသွားသည်။



ဒီမိုကရေစီစနစ်အတွက် အရပ်သားလူမှုအဖွဲ့အစည်းများ အားကောင်းရန်လိုဟုဆို

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ ဖြစ်ထွန်းစေရေးအတွက် အရပ်သားများပါဝင်သည့် လူမှုအဖွဲ့အစည်းများ အားကောင်းရန် အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယနေ့ ပြောကြားလိုက်သည်။

“ကျနော်တို့ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားသန်တဲ့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်ဖို့ပါပဲ။ ဒီအဖွဲ့အစည်းတွေ အားကောင်းမှလည်း ဒီမိုကရေစီ အားကောင်းမှာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။


ဦးဂမ္ဘီရ အပေါ် အရေးယူဖို့ အာဏာပိုင်တွေ ပြင်ဆင်

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူတော့မှာ ဖြစ်တဲ့အကြောင်း မနေ့က သတင်းစာထဲမှာ တရားဝင် ထည့်သွင်း သတိပေးလိုက်ပါတယ်။ အရှင်ဂမ္ဘီရနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ အကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေနဲ့ ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အရှင်ဂမ္ဘီရဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ လာချင်းပဲ သင်္ကန်း ချက်ချင်း ပြန်ဝတ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့က မဂ္ဂင်ကျောင်းတိုက်မှာ သတင်းသုံးနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို သင်္ကန်း ပြန်ဝတ်တဲ့နေရာမှာ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ခြင်း မရှိတာနဲ့ ခွင့်ပြုချက်မရဘဲ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်မှာ ၀င်ရောက် သီတင်းသုံးတာတွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က ယူဆပြီး အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ့်အကြောင်း သတင်းစာထဲမှာ တရားဝင် ထုတ်ဖော် ရေးသားလာတာပါ။

လက်ရှိ မြန်မာ့နိုင်ငံရေး၊ ယခင်နှင့်ယခု အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်

ဗီအိုအေ ။       ။ ၂၀၁၂ ဖေဖေါ်ဝါရီ ၁၈။
ဦးရော်နီညိမ်း။     ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ထွန်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပေး ဖို့ စစ် ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဗီအိုအေရဲ့ စတူဒီ ယိုထဲကို ဖိတ်ခေါ်ပြီး ဗီအိုအေ၀ိုင်းတော်သားကိုကျော်ကျော်သိန်းနဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ တွေ့ဆုံမေးမြန်းခန်း ကို ဗီအိုအေ မြန်မာပိုင်းရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့ပြီးပါပြီ။ ဒီရုပ်သံလွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အစီအ စဉ် အစအဆုံးကို ဗီအိုအေမြန်မာပိုင်း ရေဒီယိုအစီအစဉ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကနေ နှစ်ပိုင်း ခွဲပြီး လွှင့်ထုတ်တာမှာ အပိုင်း(၁)ကို တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှတော့ ကိုကျော်ကျော်သိန်းနဲ့ ဦးအောင်လင်းထွဋ်တို့ရဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း(၂)အဖြစ် ဆက်ပြီး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်


အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတိုးတက်မှု နှေးကွေးနေတာဟာစိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။


NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း

ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ ကြုံတွေ့နေရတာ တွေကိုလည်း ပါတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာတော့ NLD ဘက်က တင်ပြထားတဲ့ ကန့်သတ်ချက်အားလုံးကိုရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတ၀န်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပါတီ စည်းရုံးရေး ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ၊ အဟန့်အတားတွေ တွေ့ကြုံနေရတယ် ဆိုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ပါတီရဲ့  ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ အရင်က ကန့်သတ်ထားတာတွေကို ရုပ်သိမ်းတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီ ပါတီကို အကြောင်းကြားလာတယ်လို့ ဦးဉာဏ်ဝင်းက တဆက်တည်း အခုလို ပြောပါတယ်။


Friday, February 10, 2012

တစည ၏ အဓိကပြိုင်ဖက် ကြံ့ခိုင်ရေးနှင့် NLD ဖြစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အတွက် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီးနှစ်ခုမှာ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဖြစ်ကြောင်း တစည တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောကြားလိုက်သည်။

သောကြာနေ့ မနက်က ပြုလုပ်သည့် တစည ပါတီ၏ ပြည်ထောင်စုနေ့ အကြို အခမ်းအနားတွင် သတင်းထောက်များ ကို ဦးခင်မောင်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာပုဂ္ဂလိကဘဏ် ၁၁ ခု နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေအထုတ်အသွင်း လုပ်ခွင့်ရှိတဲ့ အစိုးရဘဏ်တွေက တဆင့်ဝင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲချင်သူတွေ၊ အဲဒီဘဏ်တွေကတဆင့် နိုင်ငံခြားငွေ အလွှဲ အပြောင်း လုပ်ချင်သူတွေအနေနဲ့ ဒီနေ့စလို့ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ဘဏ်စာရင်း ပြောင်းနည်းနဲ့ ရောင်း ဝယ်နိုင်ပြီဖြစ်ပါတယ်၊ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ ပထမအဆင့် အနေနဲ့ အစိုးရက ခုလိုခွင့်ပြုလိုက်တာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထား ပါတယ်။


ချိတ်ပိတ်ခံရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြန်ဖွင့်ခွင့်ရ

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံခဲ့ရသည့် ရန်ကုန်မြို့ရှိ မဂ္ဂင်ကျောင်းတိုက်နှင့် ပြည်ကျော် ရွှေတောင် ကျောင်းတိုက်တို့ကို ယနေ့နေ့လည်ပိုင်းကတရားဝင် ပြန်လည်ဖွင့်ခွင့် ပေးလိုက်ကြောင်း သတင်းရရှိသည်။


မဂ္ဂင်ကျောင်းတိုက်

KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး

မြန်မာအစိုးရက မကြာသေးခင်ကစလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ဆက်တိုက်ဆိုသလို လက်မှတ်ရေးထိုးနေပေမဲ့ အဓိကအဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြေလည်မှု မရနိုင်သေးဘဲ ဖြစ်နေရတဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှုတရပ် ဖြစ်နေရပါတယ်။ တရုတ်နိုင်ငံကတော့ သူ့ရဲ့နယ်စပ်ဒေသ တည်ငြိမ်မှုရစေရေး မြန်မာအာဏာပိုင်တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကြား တိုးတိုးတိတ်တိတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်စေဖို့ ကြားဝင်စေ့စပ်ပေးနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

Tuesday, February 7, 2012

လှိုင်သာယာ အလုပ်သမားများ ဆက်လက် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေး၍ ယနေ့ တွင်လည်း ဒုတိယနေ့ အဖြစ် ဆက်လက် ဆန္ဒပြသည်။
ထောင်ချီသည့် အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် စက်ရုံဝင်းတွင် ငြိမ်းချမ်းစွာထိုင်၍ ဆန္ဒပြကြကြောင်း၊ နေ့ လယ် ၁၂ နာရီ ၀န်းကျင်တွင် အာဏာပိုင်များလာရောက်၍ လူစုခွဲ အိမ်ပြန် ခိုင်းသော်လည်း အလုပ်သမားများ၏ တောင်းဆိုမှုတစုံတရာ မရရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီ ကိုပြောသည်။


ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး ပုသိမ်လူထု တခဲနက်ကြို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့သူမြို့သားများအနေဖြင့် NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဲပေးရန် ပုသိမ်မြို့ကိုးသိန်း အားကစားကွင်းတွင် ကျင်းပသော မဲဆွယ် ဟောပြောသည့် အခမ်း အနား၌ ပြောကြား လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း ပုသိမ်မြို့သို့ နံနက် ၁၁ နာရီ ခန့်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး စောင့်ဆိုင်းနေသည့် ဒေ သခံ ပြည်သူ ၅ သောင်း ခန့်အား မိနစ် ၃၀ ခန့်ဟောပြောရာတွင် NLD ပါတီအနေဖြင့် ပြည်သူများအား ကျေးဇူးဆပ်ရန်အတွက် အနှစ်၂၀ ခန့် စောင့်ဆိုင်းခဲ့ရကြောင်း၊ ပြည်သူ့အတွက်တတ်နိုင်သမျှလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ပုသိမ်မြို့ နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသောင်းမြင့်က ပြောပြသည်။


ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် လူထုကို ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - AP)

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများအနက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ အမေရိကန်က ရန်ပုံငွေထည့်ဝင်ထားသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစရှိသည့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံကို ငွေကြေးဆိုင်ရာ အကဲဖြတ်မှု၊ နည်းပညာ ထောက်ပံ့မှုများ ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်သည်။


၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်း ရဲ့ အဆိုပြု ဆွေးနွေးချက်ကို  ပြည်သူ့ လာမယ့် ဘဏ္ဍာရေးနှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးရေးအဆိုပြုချက်ကို ပြည်ထောင်စုလွတ်တော်မှာ ဒီကနေ့ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပါတယ်၊ လွှတ်တော် ဥပဒေကြမ်း ကော်မီတီက အဆိုတရပ် တင်သွင်းခဲပြီး ပြည်ထောင်စုလွတ်တော်ထဲမှာ ထောက်ခံအတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်၊ နိုင်ငံမှာ နိုင်ငံခြားကြွေးမြီတွေရှိနေပေမဲ့  အကျိုးမရှိတဲ့  စီမံကိန်းနဲ့ လုပ်ငန်းတွေကို ရပ်ပစ်ပြီး  ၀န်ထမ်းတွေ ရဲ့  လစာကို တိုးမြှင့်ကာ အကျင့်ပျက် ခြစားမှုတွေပပျောက်အောင် ဖြစ်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်၊ ဒီသတင်းအပြည်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ၊

NLD ရန်ပုံငွေ ပန်းချီပြပွဲ ရဲက မေးမြန်းစုံစမ်း

မန္တလေးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအတွက် ပြုလုပ်သည့် ပွင့်သစ်လွင်ပန်းချီပြပွဲနှင့် ပတ်သက်၍ ချမ်းအေးသာဇံမြို့နယ် အမှတ် (၆) ရဲစခန်းမှ စုံစမ်းမှုများ ပြုလုပ်ကြောင်း သတင်းရသည်။

ပွင့်သစ်လွင် ပန်းချီပြပွဲ (ဓာတ်ပုံ - ညိုကြီး/ဖေ့စ်ဘုတ်)

Saturday, February 4, 2012

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး

မန္တလေးကိုလာဖို့ ခရီးစဉ်ကို အခုရွေ့ဆိုင်းထားရပေမဲ့ နောက်ပိုင်းလာဖို့ အတွက် စီစဉ်ရာမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာတဲ့ နားလည်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မန္တလေးကို ပါတီစည်းရုံးရေးအဖြစ် သွားဖို့ခရီးစဉ် ပျက်သွားခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အခုလို အသိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်သလို NLD ရုံးချုပ်က တာဝန်ရှိသူတွေ ဟာလည်း မန္တလေးက သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေ တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
မူလက ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးမြို့ကို ပါတီစည်းရုံးရေး အဖြစ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားပေမဲ့ လူထုနဲ့ စကားပြောဖို့ နေရာအခက်အခဲတွေကြောင့် အစီအစဉ် ဖျက်ထားရတာနဲ့ ပတ်သက်လို့ မန္တလေးလူထုကို အသိပေးချက်တစ်စောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့တာပါ။


ရွေးကောက်ပွဲတွင် နိုင်ငံတကာ သတ်မှတ်ချက်များ လိုက်နာရမည်ဟု ကင်တားနားပြော

ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၏ အခြေခံ ချမှတ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းသတ်မှတ်ချက်များကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်သည်။

Friday, February 3, 2012

ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်

လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာကို တွေ့မြင်နေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၆ ရက်ကြာ ခရီးစဉ်နဲ့ရောက်နေတဲ့ မစ္စတာ ကင်တားနားကဒီကနေ့ညနေပိုင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့အပြီးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
(၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာအတွက် ကိုယ်တိုင်လာပြီး အခြေအနေတွေကို ဆန်းစစ်ပြုစုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက သူ့အနေနဲ့ ကိုင်တွယ်ရမယ့် လူ့အခွင့်အရေးကိစ္စတွေ အများကြီးရှိတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။
“ကျနော့်အနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းဖို့လိုတဲ့ လူ့အခွင့်အရေး ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ အစိုးရက ချမှတ်နေတာကိုတော့ တွေ့မြင်နေရပါတယ်။ အခုခရီးစဉ်နဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ခရီးစဉ်ပြီးဆုံးတဲ့အခါမှာ ထုတ်ပြန်ပါမယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ

ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)

လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။

ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။


Thursday, February 2, 2012

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလျှင်လည်း ကြံ့ခိုင်ရေးပါတီက ကြိုဆိုမည်



ချင်းမိုင်(မဇ္စျိမ) ။       ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ဝင်ပြိုင်မည်
ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပါက ၎င်းတို့ ပါတီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောကြား လိုက်သည်။

“ကျနော်တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်/ မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္စျိမကို ပြောသည်။



ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း

၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။



Wednesday, February 1, 2012

ကချင်တိုင်းရင်းသူ စစ်တပ်ဖမ်းဆီးမှု နေပြည်တော်၌ ကြားနာမည်

ကချင်တိုင်းရင်းသူတဦးကို အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဆိုသော အမှုနှင့်ပတ်သက်၍ နေပြည်တော် ပြည် ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင်လာမည့် ဖေဖော်ဝါရီ ၉ ရက်၌ နှစ်ဘက်သက်ဆိုင်သူများ လျှောက်လဲ ကြားနာမည် ဖြစ်သည်။




KIAကိုထိုးစစ်ဆင်ရန်လာနေသောအစိုးရစစ်ကြောင်းတခုဖမ်းဆီးခံထားရသည်ဟုဆိုသောကချင်အမျိုးသမီး၏ ခင်ပွန်း ဖြစ်သူနှင့်အစိုးရ ခြေမြန်တပ်ရင်း(ခမရ၃၂၁)တို့ လျှောက်လဲကြမည် ဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ် လွယ်လုံတောင် အခြေစိုက် ခမရ ၃၂၁ မှ တပ်သား ၃ ဦးက ကချင်အမျိုးသမီး မဆွမ်လွတ်ရွယ်ဂျာ ဆိုသူအား ပြီး ခဲ့သည့်နှစ် အောက်တိုဘာ၂၈ ရက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တိုင် ပျောက်ဆုံးနေ၍ စုံစမ်းစစ်ဆေးပေးရန် ခင်ပွန်း ဖြစ်သူ ဦးမရူလွန်းဒေါင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားခဲ့ရာ တရားလွှတ်တော် ချုပ် က နှစ်ဘက်လျှောက်လဲရန် ရက် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“တပ်ရင်းဘက်ကလည်း လာရမှာပါ။ တရားလွှတ်တော်ချုပ်က သမ္မန်စာ (ဆင့်ခေါ်စာ) တပ်ကို ပေးပို့ ထားပါတယ်”ဟု ယင်းအမှုကို လိုက်ပါကူညီပေးနေသူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ရှေ့နေ ဦးမာခါးက ဧရာဝတီကို ပြောသည်။

နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက ပြည်ထောင်စုတရားလွှတ်တော်  ချုပ် မှ စာချွန်တော် အမိန့်ဆင့်ထုတ်၍ စုံစမ်းစစ်ဆေးရန် အာဏာရှိကြောင်း၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၇၈ တွင် ဖော်ပြထားသည်။


စစ်အသုံးစရိတ် ယခင်နှစ်များထက် လျှော့ချ

ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု တွင် စစ်တပ်၏ အသုံးစရိတ်အား ယခင်နှစ်များ ထက်လျှော့ချလိုက်ကြောင်း သိရသည်။


လွှတ်တော်အတွင်း၌ တပ်မတော်သားများကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းကို စစ်တပ်အတွက် သုံးမည်ဖြစ်ပြီး ကျန်းမာရေး အတွက် ၂ ဒသမ ၈၂၂ ရာခိုင်နှုန်းနှင့် ပညာရေးအတွက် ၄ ဒသမ ၇၃၃ ရာခိုင်နှုန်း အသုံးပြုသွားမည် ဖြစ်သည်။

လွတ်လပ်သော မီဒီယာသမဂ္ဂ ဦးစွာ ဖွဲ့စည်းသင့်

မြန်မာနိုင်ငံမှာ ပထမဆုံး မီဒီယာ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် သတင်းသမားတွေ ကိုယ်စားပြု အားထားရာ သမဂ္ဂတစ်ခု လိုအပ်နေသလို ပြဌာန်းသင့်တဲ့ မီဒီယာဥပဒေတွေကို ကိုယ်စားပြုအဖွဲ့နဲ့ တိုင်ပင် မူကြမ်း ပြုစုပြီးမှ လွှတ်တော်ကို တင်သွင်းသင့်တယ်လို့ ဆိုပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ရန်ကုန်မြို့က အင်းယားကန် ဟိုတယ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းပနေတဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ  ပြဌာန်းသင့်တဲ့ မီဒီယာ ဥပဒေတွေနဲ့အတူ သတင်းကျင့်ဝတ် ဆိုင်ရာတွေကို အဓိကထားပြီး ဆွေးနွေးနေကြတာပါ။

Sunday, January 29, 2012

ဒေါ်အောင်ဆန်းစုကြည့် ရဲ့နေ့ချင်းပြန် ထားဝယ်ခရီး

ဓာတ်ပုံ REUTERS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့နယ် ရေဖြူကျေးရွာမှာ မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၂)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အနီးတ၀ိုက်မှာရှိတဲ့ မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ ထောင်သောင်းချီတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဦးစံမိုးဝေက တင်ပြထားပါတယ်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းရင်းများ ဖြစ်ကြောင်းသိရ

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များ အနက် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

မြေကွက်နှင့်ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် အကြောင်းရင်းတွင် အချို့မှာ ပိုင်ဆိုင်သည့် မြေကွက်၏ မူရင်းစာရွက်စာတမ်းများကို ပေး၍ ရောင်းခိုင်းရာ၌ ရရှိသော ငွေကျပ်များကို ပိုင်ရှင်ထံသို့ ပြန်မအပ်ဘဲ တိမ်းရှောင်နေသည့် ဖြစ်စဉ်၊ မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက် ချထားပေးကြောင်း အကြောင်းကြားစာ မူရင်းစာရွက် ငွေပေးသွင်းထားသည့် ငွေရပြေစာအတုဖြင့် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်များဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်နှင့် ပတ်သက်၍ လိမ်ခံရသည့် ဖြစ်စဉ်အကြောင်းရင်း အချို့မှာ မိမိရရှိထားသည့် ကားများ ကို ရောင်းချမည်ဟု ပြောဆို၍ ငွေများကိုရယူကာ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပေးအပ်ခြင်းမရှိဘဲ တိမ်းရှောင်နေသည့်ဖြစ်စဉ်၊ Cherry Wagon ကားများ ၀ယ်ယူခွင့်ရမည်ဟု ပြောဆို၍ ကျသင့်ငွေ များကို လိမ်လည်ယူသွားသည့် ဖြစ်စဉ်များဖြစ်သည်ဟု သိရသည်။


Saturday, January 28, 2012

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည်

နယူးဒေလီ (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။


ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ ပြုပြင်ပြောင်းလဲစရာတွေ အတော်ရှိသေးတယ်လို့ ဆွစ်ဇာလန်နိုင်ငံ Davos ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်နေတဲ့ မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံ အပါအ၀င် အနောက်နိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအားလုံးနဲ့ပါ အဆင်ပြေပြေ ခင်ခင်မင်မင် ဆက်ဆံသွားလိုတယ်လို့လည်း ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေရာမှာ နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးနေတယ် ဆိုပြီး Davos ကမ္ဘာ့ကုန်သွယ်ရေး ညီလာခံကို တတ်ရောက်နေတဲ့ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောသွားတာပါ။ မြန်မာအစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုင်နေရာမှာ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ အခြေအနေကောင်းတွေ ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်

ထိန်းသိမ်းခံထားရသော ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို သေဒဏ် သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုဖြင့် စွဲချက် ထပ်မံတင်ထားကြောင်း ရှေ့နေက ပြောသည်။

ယခင်စွဲဆိုထားသည့်ပုဒ်မများအပြင် နိုင်ငံတော်ကိုစစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှုတွင်ပါဝင်ကျူးလွန်သည့်အမှု ပုဒ်မ ၁၂၂(၁) နှင့် စွဲချက်တင်ထားသည်ဖြစ်ရာ တရားရင်ဆိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တရားသူကြီးက ညွှန်ကြားလိုက်သည်ဟု ဆိုသည်။

“မန်းငြိမ်းမောင်က ရှေ့နေမငှားဘူး၊ မခုခံဘူး၊ ဆုံးဖြတ်သလို လိုက်နာမယ်ပြောတာ။ ဒါပေမယ့် ၁၂၂ (၁) က သေဒဏ်ကနေ တသက် တကျွန်းအထိ ချမှတ်နိုင်တာဖြစ်လို့ နိုင်ငံတော်ကနေ ရှေ့နေ ငှားပေးလိုက်တာ။ မတရားအသင်း ၁၇(၁) ကတော့၂နှစ် ကနေ ၃ နှစ်ချမှတ်နိုင်တယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

Thursday, January 26, 2012

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ


သမ္မတဦးသိန်းစိန် ဆောင်ရွက်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း ထောက်ခံမှုများရရှိနေကြောင်း စစ်တပ်အသိုင်းအ၀န်းမှစုံစမ်းသိရှိရသည်။သမ္မတဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သားများက နှစ်သက်ကြကြောင်း သိရသည်။


Wednesday, January 25, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက် ဒီမိုကရေစီရေး ကိုးပမ်းမှုတွေဟာပါကစ္စတန် ပြည်သူတွေအတွက် အတုယူ အားကျစရာဖြစ်တယ်လို့ဆိုပြီး Benazir Bhutto Shaheed ဆုကို ပါကစ္စတန် သမ္မတကိုယ်တိုင်က ချီးမြှင့်ခဲ့ပါတယ်။လက်ရှိအာဏာရပါကစ္စတန်ပြည်သူ့ပါတီက၂၀၁၀ခုနှစ်ထဲက ပေးအပ်ထားတဲ့ဆုကိုသမ္မတ
AsifAliZardari မြန်မာနိုင်ငံလာရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုကိုယ်ကိုင်တွေ့ဆုံ ပေးအပ်ခဲ့တာ
လည်း ဖြစ်ပါတယ်။အပြည့်အစုံကိုဘန်ကောက်ရုံးကမစုမြတ်မွန်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံကို အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက်ခရီးလာတဲ့ Pakistan သမ္မတ Asif Ali Zardari ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်တွေ့ဆုံပြီး Benazir Bhutto Shaheed ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သူ သူ့ရဲ့ဇနီး ဝန်ကြီးချုပ်ဟောင်း Benazir Bhutto အတွက်အမှတ်တရအဖြစ် ပါကစ္စတန်ပြည်သူ့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းသူတွေ၊အမျိုးသမီးတွေရဲ့အခြေအနေနဲ့လူမှုအဆင့်အတန်းတွေကိုတိုးတက်အောင် ဆောင်ရွက်တဲ့သူတွေကို ဂုဏ်ပြုတဲ့ဆုလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပထမဆုံး ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဆုပေးပွဲ အခမ်းအနားကို လုပ်ခဲ့တာမှာ ဘာကြောင့်ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးရသလဲ ဆိုတာကို ပါကစ္စတန် သမ္မတရုံး တာဝန်ရှိသူက ခုလိုပြောကြားပါတယ်။


မြန်မာ့စီးပွားရေး မူဝါဒ တိုးတက်မှု IMF ကြိုဆို

မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေကို ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေကို တွေ့မြင်လာနေရပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ စိမ်ခေါ်မှုတွေနဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အများအပြား ရှိနေသေးတာကိုလည်း IMF ရဲ့  သီတင်း ၃ ပတ်နီးပါးကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ ပြောဆိုလိုက်တာပါ။ အပြည့် အစုံကိုတော့ IMF တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲနဲ့အတူ မူဝါဒတွေကို ပြောင်းလဲ ကျင့်သုံး လာရာက စီးပွားရေး တိုးတက်မှု လက္ခဏာတွေ၊ ဆက်လက် တိုးတက်ဦးမယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့အကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောလိုက်တာပါ။ ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့ ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရ တာဝန်ရှိသူတွေ အပါအ၀င် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေတွေကို တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ခဲ့အပြီး IMF အဖွဲ့ အပိုဒ် ၄ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

Tuesday, January 24, 2012

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းဒေါ်တင်တင်ရီ အား အဖွဲ့ချုပ်ဝင် လူငယ်တဦးက မြိတ်မြို့ NLD ရုံးရှေ့တွင် အဖွဲ့ချုပ်တံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်မှု တခု တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဒေါ်တင်တင်ရီ မှာ မြိတ် NLD အကြပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီကို လစ်လျူရှုပြီး ရွေးကောက်ပွဲ ဝင်ချိန်ကျမှသာ အဆင်သင့် ဝင်ရောက် အရွေးခံသဖြင့် NLD ပါတီနှင့် မထိုက်တန်ကြောင်း ပြောဆိုကာ မြိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းနှင့် ပါတီတံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်ခဲ့ခြင်းကို တွေ့မြင်ရသူ NLD အဖွဲ့ဝင်များက ပြောသည်။


ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ သူ့ကိုကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်နဲ့ ပညာရေးဝန်ကြီး ဦးမြအေးတို့က လေဆိပ်မှာကြိုဆိုခဲ့ကြပါတယ်။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။


Monday, January 23, 2012

ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းသွားမည်ဟုဆို


မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်က ပြောသည်။ဒီမိုကရေစီစနစ် ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံအဖြစ်အသွင်ပြောင်းမည်ဆိုပါက ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့် ပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂများသည် ကျောင်းသားလွှတ်တော်များပင်ဖြစ်ပြီးဒီမိုကရေစီစနစ်အတွက်အလေ့အကျင့်ကောင်း ပေးသော နေရာများဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးအတွက် အညံ့ခံမည်မဟုတ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မင်းကိုနိုင်က ဆိုသည်။



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ။ ဒီမိုကရေစီနိုင်ငံ သွားမယ်ဆိုရင် လွှတ်တော်ရှိရမယ်။လွှတ်တော်ရှိရမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် လေ့ကျင့်ပေးနေတဲ့ ကျောင်းသားသမဂ္ဂတွေ ရှိကိုရှိရမယ်။ဒီမိုကရေစီတကယ်သွားတယ်ဆိုရင်ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ခွင့်ကို ခွင့်ပြုရမယ်။ သမိုင်း အဆက်ဆက်မှာ အစဉ်အလာကြီးခဲ့တဲ့ ကျောင်းသားသမဂ္ဂကို ကျနော်တို့ခေတ်မှာလည်း အညံ့မခံခဲ့ဘူး။ ဟောဒီခေတ်မှာ၊ နောင်မျိုးဆက်တွေမှာလည်း အညံ့မခံဘူးဆိုတာ ကျနော်ယုံပါတယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။


ပါကစ္စတန် သမ္မတ မြန်မာပြည်လာမည်

ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီဇာဒါရီ (Asif Ali Zardari) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံက မီဒီယာ သတင်းတွေမှာ ရေးသားထားပါတယ်။

Sunday, January 22, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပတ်စ်ပို့ရုံးက တနှစ် စောင့်ကြည့်မည် – passport for former political prisoners?


ရွှေမြစ်မခ
ဇန်န၀ါရီ ၂၂၊ ၂၀၁၂
နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ ပတ်စ်ပို့ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို အာဏာပိုင်တို့က ဆောင်ရွက် ပေးခြင်း မရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
‘ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့က ထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ် စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက် သွားထပ်တော့လဲ စာရွက်မှာ B L (Black list) လို့ ရေးထားတယ် ’ ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ၁၂ရက်နေ့တွင်မအူပင်အကျဉ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး က ပြောသည်။


မြန်မာအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေး အချိန်ယူရဦးမည်

မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဘက်က အပြုသဘော တုံ့ပြန်ရမှာဖြစ်ပေမဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အားလုံးကို ဖယ်ရှားလိုက်ဖို့အတွက်က အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်လာမယ့် အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြောလိုက်ပါတယ်။ လွှတ်တော်မှာ သြဇာညောင်းတဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း (John Mccain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုးဇက်လီဘာမန် (Joseph Lieberman) အပါအဝင် မြန်မာနိုင်ငံကို သွားကြမယ့် လွှတ်တော်အမတ်တွေ ဘန်ကောက်မြို့မှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံပြီး သူတို့ ခရီးစဉ်အကြောင်း ရှင်းပြခဲ့စဉ်မှာ ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေကို ကိုယ်တိုင် တွေ့ဆုံမေးခွင့်ရခဲ့တဲ့ မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။


Saturday, January 21, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။



Friday, January 20, 2012

ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ




မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ်လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ပြုလုပ်တဲ့ (၅၉) ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ် ကော်မတီရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ကလေးအခွင့်အရေး ဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဒါနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေဆဲပါ။ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC (Convention on the Rights of the Child) (၅၉) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှုကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အစိုးရဘက်က အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ဝေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကလေးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ ၂၁ ဖွဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ Child Rights Forum Burma အဖွဲ့ သီးခြား အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့သလို အဖွဲ့ကိုယ်စား ဦးအောင်မျိုးမင်းက တက်ရောက်ခဲ့ပါတယ်။


ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ



အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ပြန်ပြီးတော့ ရုပ်သိမ်းရေးမှာ ဧပြီလမှာ ကျင်းပမယ်လို့ မြန်မာ အစိုးရက ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက်များ အရေးပါပါသလဲ။ ဒီမိုကရေစီရေး အတိုက်အခံတွေအပေါ် မြန်မာအစိုးရက ရိုးသားမှုနဲ့ ပွင့်လင်းမှုတွေအပြင် ခွဲခြားမှု မရှိဘဲ ဆက်ဆံလာမယ်ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာနေတဲ့ အမေရိကန် ပညာရှင်တဦးက ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။


ကားသစ် ၂ သောင်း တင်သွင်းခွင့်ကြောင့် ဒေါ်လာဈေး တက်

လုပ်ငန်းရှင်များ၊ စီးပွားရေးကုမ္ပဏီများ၊ သင်္ဘောသားနှင့် ပြည်ပရောက် အလုပ်သမားများကို ကားသစ်အရေအတွက် ၂ သောင်းခန့် တင်သွင်းခွင့်ပြုမည်ဟု အစိုးရကတရားဝင် သတင်းထုတ်ပြန်လိုက်သောကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်း ထပ်မံ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ယမန်နှစ် ဇွန်လက ရန်ကုန်တွင် ကျင်းပသော ကားပြပွဲတခု (ဓာတ်ပုံ - AP)

အစိုးရက ၂၀၁၂ ခုနှစ်တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို ကားစီးရေ ၆၀၀၀၊ ဟိုတယ်လုပ်ငန်းရှင်များကို ကားစီးရေ ၁၀၀၀၊ ပြည်ပရောက် မြန်မာအလုပ်သမားများကို ကားစီးရေ ၃၀၀၀၊ သင်္ဘောသားများကို ကားစီးရေ ၃၀၀၀၊ ၀န်ကြီးဌာနဆိုင်ရာများအတွက် ကားစီးရေ ၁၇၀၀၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများကို ကားစီးရေ ၃၀၀၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တခြားကိစ္စရပ်များအတွက် ကားစီးရေ ၄၇၀၀၊ စုစုပေါင်း ကားစီးရေ ၁၉၇၀၀ တင်သွင်းခွင့်ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

Thursday, January 19, 2012

ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကမ်းလှမ်း

၁၉၈၈ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီ  အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လိုက်လုပ်လာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုတွေကို ကြိုတင် သတ်မှတ်ချက်တွေမထားဘဲ နိုင်ငံရေးအရဆွေးနွေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။  အကြောင်းစုံကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။


အမေရိကန် သံအမတ်ခန့်ရေး လနှင့်ချီ ကြာဦးမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ရေးသည် သင့်လျော်မည့်သူ ရွေးချယ်ရေး၊ အမေရိကန် လွှတ်တော် အတည်ပြုချက် ရယူရေးတို့ လုပ်ဆောင်ရမည့်အတွက် လနှင့်ချီ အချိန်ယူရန်လိုသည်ဟု အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (ဓာတ်ပုံ - Getty Images)



ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ပြည်တော် ပြန်ဦးမည် မဟုတ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော် နှင့် ရန်ကုန်တွင် ထွက်ပေါ်နေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မြန်မာပြည်သို့ ပြန်တော့မည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း  မိသားစုက ပြောဆိုလိုက်သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ဓာတ်ပုံ - RFA)

“စိတ်ကူးရင်တောင်အခုအခြေအနေနဲ့က ပြန်ဖို့မလွယ်ပါဘူး၊တချို့ကလည်းဖုန်းဆက်ပြီး၊ ပြန်လာဖို့ ပြောကြတယ်” ဟု သမီးဖြစ်သူဒေါက်တာ လှကျော်ဇောက ဧရာဝတီသတင်းဌာနကို ရှင်းပြသည်။
ဗိုလ်မှူးချုပ်ကျော်ဇော အပါအ၀င် နှင့် မိသားစုဝင် တချို့မှာ ဗမာပြည် ကွန်မြူနစ်ပါတီဝင်များအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ မြန်မာအစိုးရက ကွန်မြူနစ်ပါတီအား  မတရားအသင်းအဖြစ် သတ်မှတ်ထားသောကြောင့် မြန်မာပြည်ပြန်ရေး မလွယ်ကူသေးကြောင်း ဒေါက်တာ လှကျော်ဇောက  ဆက်ပြောသည်။


Wednesday, January 18, 2012

အာဏာသိမ်းမှု ထပ်မဖြစ်နိုင်ဟု ဦးရွှေမန်း ပြော


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေပြီ ဖြစ်သည့်အတွက် စစ်တပ်မှ အာဏာသိမ်းယူမှု ထပ်မံမဖြစ်ပေါ် နိုင်တော့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောဆိုလိုက်သည်။


ပြီးခဲ့သည့် တနင်္လာနေ့က နေပြည်တော်၌ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Alain Juppe နှင့် သူရ ဦးရွှေမန်း တွေ့ဆုံစဉ်(ဓာတ်ပုံ - Getty Images)

ထို့အပြင် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ ဖြစ်ရန်အတွက် အချိန်မည်မျှကြာဦးမည်ကို အတိအကျ ပြောဆိုရန် ခက်ခဲသေးသော်လည်း ဒီမိုကရေစီ နည်းလမ်းမှလွဲ၍ တခြားရွေး ချယ်စရာလမ်းမရှိကြောင်းလည်း ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်သူ ဦးရွှေမန်း က AFP သတင်း ဌာန နှင့် နေပြည်တော်၌ တနင်္လာနေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။


ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။


KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။


ကျောက်မျက်ပြပွဲတွင် ယူရိုသန်း ၇၀၀ ဖိုးခန့် ရောင်းရ

အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ဝင်းကိုကိုလတ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့ အထိ ကျင်းပခဲ့သော၂၀၁၁ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ယူရိုငွေသန်း ၇၀၀ ဖိုးခန့် သာ ရောင်းချခဲ့ရပြီး ကျောက်စိမ်းမှပင်ယူရိုသန်း၅၃၀ခန့်ရောင်းချခဲ့ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ယခုလ ၅ ရက်နေ့က ပြောသည်။

"တန်ဖိုးကြီး လေလံကျောက်တွေကို တရုတ်ကုန်သည်တွေက အများဆုံး ၀ယ်ပြီး တင်ဒါကို ပြည်တွင်းကျောက် ကုန်သည်တွေက အများဆုံးဝယ်ယူကြပါတယ်" ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။ပြည်ပကုန်သည် ၁,၆၀၀ ခန့်နှင့် ပြည်တွင်းကုန်သည် ၃,၇၀၀ ကျော် တက် ရောက်ဝယ်ယူခဲ့သည့် အဆိုပါကျောက် မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၁,၈၂၁၊ ကျောက်မျက်အတွဲ ၂၃၀ နှင့် ပုလဲအတွဲ ၂၆၇ တင်ပြရောင်းချခဲ့ပြီး ကျောက်စိမ်းအတွဲ ၈,၂၉၃ ၊ ကျောက်မျက် အတွဲ ၃၉ နှင့် ပုလဲအတွဲ ၂၁၃ သာ ရောင်းချခဲ့ကြောင်း ၎င်းက ပြောသည်။


KIO နှင့် အစိုးရ ကိုယ်စားလှယ်များ တရုတ်၌ ထပ်တွေ့

အပစ်အခတ်ရပ်စဲရေး အတွက် ပြည်ထောင်စု အဆင့် ဆွေးနွေးရန် အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ထပ်မံ တွေ့ဆုံကြသည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ - KIO)

ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဦးအောင်ကြည်၊ ဦးသိန်းဇော်တို့ ပါဝင်ပြီး KIO မှ ကိုယ်စားလှယ် ၁၂ ဦး ခန့် တက်ရောက်၍ ၂ ရက် ကြာမည်ဟု သိရသည်။


Tuesday, January 17, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် မဲဆွယ်ကြောင်း ကော့မှူးဒေသခံတွေ ပြော

2012-01-17
ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကအကြိတ်အနယ်မဲဆွယ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ဘယ်သူ ၀င်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်များ ကိုယ်တိုင် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။ စည်းရုံးရေး ဆင်းရာမှာ ထန်းမနိုင်ရွာကို အဓိကထား စည်းရုံးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ထန်းမနိင်ရွာသူ မစုစုနွေးက ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကိုယ်တိုင် လာရောက် မဲဆွယ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။


Monday, January 16, 2012

သင်္ဃန်းကျွန်း အမကကျောင်းအုပ် ဦးဌေးလွင်မှ ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်




၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။


ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ဃန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ဃန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။ 

ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမတစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။
“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။ 


မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို ကင်တားနား စောင့်ကြည့်

ပြီးခဲ့တဲ့ သောကြာနေ့က ထင်ရှားတဲ့ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ်အိုဟေး ကင်တားနား က ကြိုဆိုလိုက်ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးသလို အရင်က အကွက်ကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခဲ့မှုတွေ အတွက် အသစ်ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ယူ စုံစမ်းမှုတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်အဖွဲ့က စုံစမ်းဖို့ စဉ်းစားရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။


တိုင်းရင်းသားအရေး ပြေလည်လျှင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အမေရိကန် စဉ်းစားမည်

မြန်မာအစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးပြေလည်ကာအခြေအနေများတိုးတက် ကောင်းမွန်လာပါကစီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရန်စဉ်းစားသွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏ သိသာထင်ရှား ကောင်းမွန် သော အပြောင်းအလဲများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားမိကြောင်း အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် က ယနေ့ ပြောဆိုလိုက်သည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် (ဓာတ်ပုံ - ဧရာဝတီ)



အတိုက်အခံတချို့ ဦးသိန်းစိန်ကို ကျေးဇူးတင် အိတ်ဖွင့်စာ ပို့

ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့တချို့က မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်ထံအိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ကြကြောင်း သတင်းရရှိသည်။

အိတ်ဖွင့်ပေးစာကို မြန်မာသံရုံးမှ ဗိုလ်မှူး နိုင်ထွန်း လက်ခံယူနေစဉ် (ဓာတ်ပုံ - ဘစောတင် / ဧရာဝတီ)

ယနေ့နံနက်ပိုင်းတွင် အဖွဲ့တချို့မှ တာဝန်ခံများ၊ တသီးပုဂ္ဂလ မြန်မာနိုင်ငံသားများက ဘန်ကောက်ရှိ မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အပြုသဘောဆောင်သော လုပ်ရပ်များကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာ လုပ်ဆောင်နေခြင်းများကြောင့် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း ရေးထားသည့် အိတ်ဖွင့်ပေးစာကို ပေးအပ်ရာ သံရုံးအဖွဲ့ဝင် ဗိုလ်မှူး နိုင်ထွန်းက လက်ခံရယူသည်။


အစိုးရ အရှိန်အဝါသုံး၍ ကြံ့ခိုင်ရေးပါတီ မဲဆွယ်


ကြားဖြတ်ရွေးကောက်ပွဲများ အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဝင်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှ လျာထားသည့် ကိုယ်စားလှယ်နှစ်ဦးသည် အစိုးရအရှိန်အဝါယူလျက် မဲဆွယ်နေကြကြောင်း သိရှိရသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်

“ဦးသာဌေးက ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ ရွာတွေ လှည့်သွားတယ်။ ၃ လလောက်ရှိပြီ။ ဦးမောင်ရှိန် (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း) ကတော့ စည်းရုံးရေးဆင်းတာ မကြာသေးဘူး။ သူက လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ တွဲဆင်းတယ်” ဟု နေပြည်တော် သတင်းတပ်ဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။


Sunday, January 15, 2012

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက  အကောင်းမြင် ကြိုဆိုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အတွက်လည်း ပြင်သစ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောခဲ့တာဖြစ်သလို မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အီးယူ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီရုပ်သိမ်းသွားမယ်လို့လည်း ပြင်သစ်
နိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ဒီသတင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။


Saturday, January 14, 2012

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်


ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေး (Alain Juppe) ဇန်န၀ါရီ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ဝင်တွေထဲက အဆင့်အမြင့်ဆုံး ၀န်ကြီးတစ်ပါး သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေကို ရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး တိုးမြှင့် လုပ်ဆောင်သွားကြဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအာဏာပိုင်တွေကို ၀န်ကြီး အလန်ယူပေး အနေနဲ့ အားပေး တိုက်တွန်းချင်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးအလန်ယူပေးဟာမနက်ဖြန်တနင်္ဂနွေနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တဲ့ Legend of Honor ဘွဲ့ကို ပေးအပ်ချီးမြင့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ဒေါ်အာင်ဆန်းစုကြည်နဲ့ ဖုန်းစကားပြောခဲ့စဉ်မှာ ဒီ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်မယ့်အကြောင်း ကြိုတင် ပြောကြားခဲ့ပါတယ်။

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ


နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ် အီးယူအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံရဲ့ အမြင်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်ပါတယ်။ အပြည့်စုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။


နေအိမ်သို့ ပြန်ရောက်ပြီးနောက် ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား။

by Eleven Media Group on Saturday, January 14, 2012 at 2:20pm




ကျွန်တော် မတ်တပ်ရပ် ပြီးတော့  ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
 
အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ တယ်။ အဲဒီ ပြည်သူလူထုကြီးဟာကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ မိဘနှစ်ပါးက မွေး တာမှန်ပေမယ့် အကြောင်းကြောင်း သောအကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို ကျွန်တော့်အဖေရဲ့ဆီ ဆေးတွေနဲု့ခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။ အခုမှ ကျွန်တော် အမေအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။ ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တဆိတ်လေး အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ အလကားရတာ ဘာမှ မရှိပါဘူး။
 

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား ဘယ်လိုပြောလိုက်တာပါလဲ။ ဦးကျော်ဇံသာက အပြည့်စုံ တင်ပြထာပါတယ်။
“ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ထိရောက်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အားပေးနိုင်တယ်၊ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို တိုးတက်လာနိုင်တယ် ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ သမ္မတ ဦးသိန်းစိန်နဲ့ရော ဆက်သွယ် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ရာစုဝက်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။


ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်များ

Sat, Jan 14, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိစစ်တင်ပြထားသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟုဆိုသူ ၆၀၄ ဦးတွင် လက်ရှိအကျဉ်းကျခံနေရသူ ၄၂၁ဦး အချုပ်သား ၉ဦး ပေါင်း ၄၃၀ ဦးသာရှိ။ ၁၀၇ နှစ်ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့် အသီးသီးနှင့် ရက်စေ့၍လွတ်မြောက်ခဲ့။ ၁၃ ဥိးမှာ အမည်ထပ်နေပြီး ၅၁ ဦးမှာ အချက်အလက်မပြည့်စုံ၍ စိစစ်မရကြောင်း တွေ့ရှိရသည်။ သေဆုံးသူ ၁ ဦး ၊ သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်သူနှစ်ဦးရှိသည်။


Friday, January 13, 2012

အကျဉ်းသားလွှတ်သဖြင့် အမေရိကန်က သံအမတ် ပြန်ထားမည်


မိုးမခအထောက်တော် ဝဝ၁
ဇန်န၀ါရီ ၁၃၊ ၂ဝ၁၂ယနေ့ နယ်ထောင်များမှ ပြန်လည် လွတ်မြောက်လာသော ကိုဂျင်မီ၊ မနီလာသိန်း တို့သည် ၎င်းတို့၏ သမီးငယ်နှင့် ရန်ကုန်တွင် ပြန်ဆုံခဲ့ကြသည် (ဓာတ်ပုံ-ဘားမားဗီဂျေမီဒီယာနက်ဝပ်)

 

နိုင်ငံရေးအကျဉ်းအသား အများအပြား ပြန်လွှတ်ပေးသဖြင့် မြန်မာပြည်နှင့် သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောလိုက်သည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း သံရုံးယာယီတာဝန်ခံအဆင့် သံတမန်ဆက်ဆံရေးသာ ရှိခဲ့သည်။ယခု သံအမတ်အဆင့်ထိ တိုးချဲ့မည်ဟု ဆိုသည်။၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်က သံဆက်သွယ်ရေးကို အဆင့်နိမ့်ခဲ့ခြင်း ဖြစ်သည်။

"လွှတ်တော်အမတ်များနှင့်တိုင်ပင်ပြီး သမ္မတ အိုဘားမား၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် သံအမတ် အပြန်အလှန် ခန့်အပ်ရန် စတင် လုပ်ဆောင်သွားမည်" ဟု ကလင်တန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေညဝါ ဆရာတော်၏ အသနားခံစာ ပယ်ချခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဲဆောက် (မဇ္ဈိမ) ။       ။ ရွှေညဝါ ဆရာတော် ဦးပညာသီဟ က သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်နှင့် သာသနာပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် အသနားခံ တင်ပြထားခြင်းအား ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့က ပယ်ချလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုင်းမှ ဦးပညာသီဟ မှ အသနားခံ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ မူလစီရင်ချက်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့၏ အကြောင်းပြန် ညွှန်ကြားစာအရ သိရှိရခြင်းဖြစ်သည်။


Thursday, January 12, 2012

ဖုန်းပြောဆိုချိန်ကြာမြင့်သည့်ဖုန်းများ လိုင်းပိတ်ခံရဟုဆို

ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
 
အောက်တိုဘာလမှစ၍ ဖုန်းပြောဆို ချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်း နီးပါးအထိရှိနေ ကြောင်း သိရသည်။
"အောက်တိုဘာမှ စသတိထားမိတာ ပဲ။ အလုံး ၅၀၊ ၆၀ လောက် အပိတ် ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်း ဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအက်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက် တစ်ရက်ပိတ်တော့တာပဲ။ ဆက်သွယ်ရေးကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ် ဖြတ်ကျော် ပီစီအိုလို့ သံသယ ရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်က ပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ "ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေသွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေ ဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ နယ်စပ် ဖြတ်ကျော် ပီစီအို လုပ်စားနေတဲ့ လူတွေ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ဖုန်း ပြောချိန်ကြာတာလေးနဲ့ ၀ါးလုံး သိမ်းပိတ် ပစ်တာတော့ မကောင်းဘူး။ သေချာ စုံစမ်းပြီးမှ လုပ်စေချင်တယ်။ အဲလို သံသယနဲ့ပိတ်တဲ့ ဖုန်းတွေ တော်တော်များများ အခုထိ လိုင်းပြန်မပွင့်ကြသေးဘူး"ဟု ဖုန်း အရောင်းဆိုင်ရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။


လွှတ်မြောက်သူများ အမည် စာရင်း

by Shwe Myitmakha Media Group on Thursday, January 12, 2012 at 7:51pm
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း


လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း

by Shwe Myitmakha Media Group on Thursday, January 12, 2012 at 6:23pm
 
မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)

ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်

ဗန်းမော် ထောင်မှ အကုန်လွှတ်

ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်

သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်

ဖားအံ့ထောင်မှ အားလုံးလွှတ်


အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်

အမေရိကန်ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ရှေ့တပတ်ထဲ မြန်မာနိုင်ငံကိုသွားဖို့ ရှိပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အားပေးထောက်ခံခဲ့ သူလည်းဖြစ်၊ မြန်မာအစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးလည်းဖြစ်တဲ့ အထက် လွှတ်တော်အမတ် McConnell ဟာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆို လိုက်တာပါ။
ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။


ဒေါက်တာစိုင်းမောက်ခမ်း နယ်တွင် NLD ၉၀ အနိုင်ရ အမတ် အရွေးခံမည်


ချင်းမိုင် (မဇ္ဈိမ) ။        ။ လက်ရှိအစိုးရ၏ အမြင့်ဆုံးရာထူးတခုကို ရယူထားသည့် ဒုသမ္မတ တဦးဖြစ်သူ ဒေါက်တာ စိုင်းမောင်ခမ်း ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မဲဆန္ဒနယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစိုင်းမြင့်မောင် က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးကို ပထမ အသုတ်အဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်သည့် အသက် ၆၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးစိုင်းမြင့်မောင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင်း လားရှိုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည်။


ဘားအံတွင် ငြိမ်းချမ်းရေးမိုး အချိန်အခါမဟုတ်ရွာ

by The Voice Weekly on Thursday, January 12, 2012 at 11:23am
ဘားအံတွင် ငြိမ်းချမ်းရေးမိုး  အချိန်အခါမဟုတ်ရွာ

ရန်ကုန် ဇန်နဝါ ရီ ၁၂

         မြန်မာနိုင်ငံတွင် ၆၂နှစ်ကြာ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များ နှင့်ဖြစ်ပွားခဲ့သောပြည်တွင်း စစ် ကို စတင်အဆုံးသတ်နိုင် ခဲသည့်ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉နာ ရီ ၅၅မိနစ်က အချိန်အခါမဟုတ်မိုး များနေ ရာအနှံ့ရွာသွန်းခဲ့ကြောင်း ဘားအံ တွင် သ တင်းသွားရောက်ရ ယူနေ သည့်the voice
weekly သတင်းထောတ်မှ သတင်း ပေးပို့ သည်မိုးရွာသွန်းမှူ သည် ကရင် အမျိုးသားအစည်းရုံး  KNU ကရင်အမျိုးသားလွက်မြောတ်ရေး တက်မတော် KNLAတို့နှင့် မြန်မာအစိုးရတို့ ကြား အပစ်အခတ် ရပ်ဆဲ ရေး ကို လက်မှတ်ရေးထိုး သဘောတူခဲ့သည့်လက်မှက်ရေးထိုးပွဲ အပြီး တွင် ရွာသွန်းခဲ့ခြင်းဖြစ် ပြီး
တိမ်မြူများ ကင်း ၍ကြယ်လ များကင်း နေ သည်အချိန်တွင်ထူးထူးဆန်းဆန်းမိုး ရွာ သွန်းခြင်းဖြစ် ကြောင်း မိုးရွာ သွန်းသည်အချိန်မှာ ၅ မိ နစ်ခန့်ကြာမြင့်ကြောင်းဆက်လက်ပြော ကြားသည်။

ဘားအံတွင် အချိန်အခါ မဟုတ် မိုး ရွာ သွန်းမှူ နှင့်ပက်သက်၍ အသက်၆၅နှစ်အရွယ်ဘားအံမြို့တွင် နေထိုင် သည် က ရင် အမျိုးသား
ဦးစော က ၎င်း၏သက်တမ်းတလျှောက်အတွင်းယခုကဲ သို့ရာသီကာလ၌ ပထမဆုံးမိုးရွာသွန်းခြင်းဖြစ် သည်ဟုငြိမ်းချမ်းရေးမိုးဟုယူဆကာဘားအံဒေသခံများပျော်ရွှင်လျှက်ရှိသည်ဟုမှတ်ချက်ပေး ပြောကြားခဲ့သည်။


နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး အကျဉ်းသား အကျဉ်းသူ ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု

by The Voice Weekly on Thursday, January 12, 2012 at 4:56am
ရန်ကုန် ဇန်နဝါရီ ၁၂

အရပ်သားအစိုးရ လက်ထက်တွင် စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ရာ ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား ၆၅၁ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် တရားဝင် ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ် ပြုပြင်ပြောင်းလဲစေရေး အတွက် လည်းကောင်း ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၁ အရ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။