နိုင်ငံခြားကို မတင်ပို့နိုင်ရင် သေဖို့သာပြင်
- Details
- Category: ဆောင်းပါး
- Published on Saturday, 07 April 2012 19:51
- Written by နေသွင်
ယခုစာစုမှာ
အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Ronald Findlay ၏
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အကြံပြုချက် ဖြစ်သည်။
မြန်မာပြည်ဖွား စီးပွားရေးနှင့် ကုန်သွယ်ရေး ဘာသာရပ် ပညာရှင် ဒေါက်တာ
Findlay သည် ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက မြန်မာပြည်ကို စွန့်ခွာခဲ့ရာကနေ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကိုလီဘီယာတက္ကသိုလ်မှ
နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်၊ ကမ္ဘာကျော် မြန်မာလူမျိုး
စီးပွားရေးပညာရှင် ဒေါက်တာလှမြင့် တို့နှင့်အတူ မြန်မာအစိုးရကို စီးပွားရေး
အကြံဥာဏ်ပေးရန် သွားရောက်ခဲ့ပါသည်။
______________________________________
ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်ပြီး
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ရေတွက်ရင် အနှစ် ၅၀
တင်းတင်းပြည့်ပါပြီ၊ ဒီကာလအတွင်းမှာ မြန်မာပြည်ဟာ
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေးအရ၊ လူမှုရေးအရ ဘက်ပေါင်းစုံမှာ
မနှိုင်းယှဉ်နိုင်လောက်အောင် နောက်ကျပြီးရင်း နောက်ကျ ကျန်ခဲ့ပါတယ်။
တကယ်တော့
မြန်မာပြည်ဟာ ၁၉၄၀ ပြည့်နှစ် အင်္ဂလိပ်ကိုလိုနီဘ၀မှာတောင် ကမ္ဘာပေါ်မှာ
ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ နှစ်စဉ် ဆန်တန်ချိန် ၃ သန်း
နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်မြေပြင်
နှစ်ခါဖြစ်ခဲ့လို့ မိအေးနှစ်ခါနာဘ၀ကနေ ၁၉၆၂ ခုနှစ်လောက်မှာ ပြန်လည်
နလံထနေပါပြီ။ ပြည်သူ့ကျန်းမာရေး၊ ပညာရေးကဏ္ဍမှာလည်း တော်တော်တန်တန်
တိုးတက်ခဲ့သလို စိုက်ပျိုးရေးနဲ့ စက်မှုထုတ်ကုန်လည်း တိုးတက်သင့် သလောက်
တိုးတက်ခဲ့ပါတယ်။
ဒါပေမယ့်
ဗိုလ်ချုပ်နေ၀င်းက စီးပွားရေးကဏ္ဍအားလုံးကို အစိုးရထိန်းချုပ်မှုအောက်
သွတ်သွင်းလိုက်တဲ့ အခါမှာတော့ (ဆိုရှယ်လစ်စီးပွားရေးလို့ ကြွေးကြော်ပြီး
ပြည်သူပိုင် သိမ်းလိုက်တဲ့အခါမှာ) စောစောက အခြေအနေတွေ အားလုံး
ငါးပါးမှောက်တော့ တာပါပဲ။
တိုက်တိုက်ဆိုင်ဆိုင်
အဲဒီအချိန်လောက်မှာပဲ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူတို့က
အောင်မြင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုလမ်းစဖြစ်တဲ့
ပို့ကုန်ဦးစားပေးမဟာဗျူဟာကို စတင်ကျင့်သုံးခဲ့ပြီး၊ သူတို့ နောက်က ထိုင်း၊
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကလည်း လိုက်ခဲ့ကြပါတယ်။
မြန်မာပြည်မှာတော့
စစ်တပ်က ၁၉၉၀ ပြည့်လွန်နှစ်တွေကျတော့မှ အစိုးရက ထိန်းချုပ်မှုစနစ်ကို
အပြင်ပမ်းအားဖြင့် လျှော့ချရင်း လမ်းကြောင်းပြောင်း ကြိုးစားခဲ့ပေမယ့်
အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံတစုက ခြယ်လှယ်တဲ့ အရင်းရှင်စနစ် "crony
capitalism" ပဲ အဖတ်တင်ခဲ့ပါတယ်။
ဒီကြားထဲမှာ
သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိသွားလို့ စိုက်ပျိုးရေးပို့ကုန်တွေ
အလုံအလောက် မတိုးမြှင့်နိုင်တဲ့နေရာမှာ တစုံတရာ ဖာထေးနိုင်ခဲ့ပေမယ့်
အစိုးရဟာ အမေရိကန်နဲ့ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်နိုင်ဖို့
ကြိုးစားရင်း တရုတ်အထောက်အပံ့ အပေါ်မှာ တရစ်ပြီး တရစ်တိုးလို့
မှီခိုလာရပါတယ်။
အရပ်သားအမည်ခံ
သမ္မတ ဦးသိန်းစိန်နဲ့ တခြား စစ်အရာရှိဟောင်းတွေရဲ့ အစိုးရသစ်က
တိုင်းရင်းသားသူပုန်တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ
ဒီမိုကရေစီအုပ်စုတွေနဲ့ရော ရင်ကြားစေ့ရေးအတွက် ရှေးရှုလုပ်ဆောင်လာတာတွေက
အားတက်စရာပါပဲ။
အဲဒီအတွက်လည်း
နိုင်ငံတကာမှာဝင်ဆံလာတဲ့ အကျိုးကျေးဇူး၊ ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို
ရုပ်သိမ်းပြီး၊ အပြင်ကမ္ဘာတခုလုံးနဲ့ စီးပွားရေးအရ၊ ဘဏ္ဍာရေးအရ
ပုံမှန်အနေအထားမျိုး ပြန်ရဖို့ မျှော်လင့်ချက်တွေရှိလာပါတယ်။ ဒီနည်းကပဲ
တရုတ်ကိုချည်း မှီခိုနေရတဲ့ ဘ၀ကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့်
အစိုးရက ဘယ်လို စီးပွားရေးမူဝါဒကို ကျင့်သုံးဖို့ ရည်ရွယ်ထားသလဲဆိုတာ
အခုအချိန်အထိ တိတိပပ ရှိလှတယ်တော့မဟုတ်သေးပါဘူး။
အိမ်နီးချင်း
အရှေ့တောင် အာရှနိုင်ငံတွေရဲ့ အောင်မြင်မှုနောက်ကို အမီလိုက်နိုင်ဖို့
တလမ်းတည်းကို အာရုံစိုက်ဖို့ အရေးဟာ အစိုးရအတွက်သာမက တနိုင်ငံလုံးအတွက်လည်း
အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက ကျတာက ပို့ကုန်ဦးစားပေး
ဖွံ့ဖြိုးရေး မဟာဗျူဟာ export-oriented development strategy ပါပဲ။
ထိုင်းနိုင်ငံနဲ့
မြန်မာပြည်ဟာ ပထ၀ီအနေအထားချင်းလည်း ဆင်တူ၊ လူဦးရေချင်းလည်း သန်း ၆၀
ဝန်းကျင်မှာ ရှိကြပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကျင့်သုံးတဲ့
ယဉ်ကျေးမှုချင်းလည်းတူ၊ နှစ်နိုင်ငံရဲ့ မျက်မှောက်ခေတ် အတွေ့အကြုံချင်းလည်း
ဆင်တူပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက လူတဦးချင်းစီက အမေရိကန်ငွေ ၂၅
ဒေါ်လာဖိုးလောက် နိုင်ငံခြားကို တင်ပို့နေတဲ့အချိန်မှာ မြန်မာပြည်က
လူတယောက်ကို တဒေါ်လာနှုန်းလောက်ပဲ တင်ပို့နိုင်ပါတယ်။
ဒီလိုကွာရတဲ့
အကြောင်းက တချက်တည်းရှိပါတယ်၊ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ လုံးလုံး
စီးပွားရေးပေါ်လစီတွေ ချွတ်ခြုံကျ ငါးပါးမှောက်ခဲ့တာရဲ့ ရလဒ်ကြောင့်ပါပဲ။
မြန်မာပြည်အတွက် နဂိုက ပွင့်နေတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို
လက်လွှတ်ခဲ့ရပါတယ်။
မြန်မာပြည်မှာ
ကုန်ထုတ်လုပ်စရိတ်နည်းပါးတာကို အခွင့်ကောင်းယူပြီး ဆန်နဲ့ တခြား
စိုက်ပျိုးရေး ထုတ်ကုန်တွေကို တခြားနိုင်ငံတွေနဲ့ အပြိုင်တင်ပို့ဖို့
ကိစ္စမှာ ငွေလဲနှုန်းစနစ်ကို လက်တွေ့နဲ့ ကိုက်ညီအောင်
တမျိုးတည်းကျင့်သုံးတာကလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ဒီလိုပဲ
လုပ်သားအင်အားကို အလုံးအရင်းနဲ့ အသုံးပြုရပြီး ထုတ်လုပ်ရတဲ့
ထွက်ကုန်ကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒီကဏ္ဍတွေမှာ အခွင့်အလမ်းတွေ
အတော်အတန်ရှိရက်နဲ့ အဟော သိကံဖြစ်နေရပါတယ်။
နောက်ထပ်
ထေ့ငေါ့ချင်စရာ အဆီမငေါ်မတည့်တဲ့ကိစ္စ တခုကတော့ မြန်မာပြည်မှာ
ပို့ကုန်ဦးစားပေးမဟာဗျူဟာ အောင်မြင်ရေးမှာ အကြီးမားဆုံး
အန္တရာယ်ဖြစ်လာနိုင်တာက နဂိုက မှောင်ခိုဈေးကွက်ပေါက်ဈေးမှာ တဒေါ်လာကို
၁၃၀၀ ကျပ် ဈေးပေါက်နေရာကနေ အခုနောက်ပိုင်း တဒေါ်လာ ၈၀၀ ကျပ်နဲ့
ငွေမာသွားတဲ့ ကိစ္စပါ၊ မြန်မာပြည်မှာ စီးပွားရေး ကောင်းလာ နိုင်တယ် ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ အရင်းအနှီးတွေ အလုံးအရင်းနဲ့ ပြုံဝင်လာတာကြောင့်ပါ။
ဒီကိစ္စကို ထိန်းဖို့ အစီအမံတွေလည်း လိုအပ်ပါတယ်။
ပို့ကုန်တိုးမြှင့်ဖို့
ကိစ္စမှာ နောက်ထပ် အရေးကြီးတဲ့ ပြသနာနှစ်ရပ်ရှိပါတယ်၊ အခြေခံ
အဆောက်အဦပိုင်းမှာ အားနည်းနေသေးတာ (ဥပမာအနေနဲ့ မြန်မာပြည်မှာ
ဆိပ်ကမ်းကောင်းကောင်းမရှိတာမျိုး)နဲ့ ပညာရေးကို ကာလအတန်ကြာ
လျစ်လျူရူ့ထားလို့ လူသားအရင်းအမြစ်ပိုင်းမှာလည်း အားနည်းချက်တွေ
ရှိနေတဲ့ကိစ္စပါ။
ဒါပေမယ့်
ပြည်ပရောက်တွေရဲ့ အင်အားကလည်း မသေးလှတဲ့အတွက် ဒုတိယပြသနာကို အတိုင်းအတာ
အခုအထိတော့ ပြေလည်သွားနိုင်လောက်ပါတယ်။ တဖက်မှာ လိုအပ်သလောက်
အင်အားပြည့်ချင်တယ် ဆိုရင်တော့ ပြည်ပရောက်တွေ ပြန်လာနိုင်လောက်တဲ့
ဆွဲဆောင်မှုနဲ့ အခွင့်အလမ်းတွေကိုတော့ လမ်းဖွင့်ပေးဖို့ လိုအပ်မှာပါ။
နောက်တချက်ကတော့
စီးပွားရေးဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်၊ မြန်မာပြည်မှာ
ဆက်တိုက်ဆိုသလို နိုင်ငံရေးဖြေလျှော့မှုတချို့ လုပ်လာတာရဲ့
အတုံ့အလှည့်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်မှပဲ
ပို့ကုန်ဦးစားပေး ဖွံ့ဖြိုးရေး မဟာဗျူဟာလည်း အောင်မြင်စရာ
အကြောင်းရှိပါတယ်။
နေသွင်
ရည်ညွန်း၊ ၊ Ronald Findlay: Export or die
source: http://maukkha.org/index.php/feature-article/2009-maukkha-ronald-findlay-export-or-die
မြောက်ပိုင်းဒေသအရိုးတွန်သံများကြောင့်နိုးထလာသော နှလုံးသားပုံရိပ်တစ်ခု
(၁)ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင်ဖတ်ရသည့် အဆိုပါအကြောင်းအရာများကို လွန်ခဲ့သည့် အနှစ် ၂၀ ခန့်ကတည်းက ကျမသိရှိခဲ့ပြီးဖြစ်ပါတယ်။ လူစာရင်းအတိအကျကိုတော့ ဒီဆောင်းပါးဖတ်မှ သိရပါတယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်းပါပဲအခုအချိန်မှဖွင့်ပြောခဲ့ကြရတာကတော့အချိန်မကျသေးတာရယ်၊ ကျောင်းသားအချင်းချင်း ဖြစ်ပျက်ခဲ့တာကို လက်ရှိ စစ်အစိုးရသိရှိခဲ့ရင် လက်ညှိုးထိုး ပြောစရာဖြစ်လာမှာရယ်ကို မလိုလားတာရယ် စတာတွေကြောင့်ပါ။
ကျမလိုကာယကံရှင်တစ်ယောက်မဟုတ်တဲ့သူအနေနဲ့ ပြောရရင်အစွပ်စွဲအနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်အပြည့်ရှိပြီး မိမိတို့အသက်အန္တရာယ်ထိခိုက်သည်အထိကြုံခဲ့ရပေမဲ့အဖွဲ့အစည်းဂုဏ်သိက္ခာအတွက် ရေငုံနေခဲ့ကြပါတယ်။ ကျောင်းသားသိက္ခာ ထိန်းခဲ့ကြတာပါ။ဒါပေမယ့် ဒီမိုကရေစီဖော်ဆောင်နိုင်တဲ့တစ်နေ့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့ တစ်နေ့ကျရင် ဒီကိစ္စတွေ၊ ဒီလူတွေဟာ စစ်အစိုးရကလွှတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေ မဟုတ်ဘူးဆိုတာရယ်၊ မတရားညှင်းဆဲသတ်ဖြတ်ခဲ့တယ်ဆိုတာတွေရယ်ကို ဖော်ထုတ်ကျမယ်လို့ ရည်ရွယ်ထားပီးသားဆိုတာ အဲဒီအနှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ကျမ သိရှိပြီးသားပါ။ ဒီတော့ ကျမအနေနဲ့ သိပြီးသားတွေ မထူးဘဲနဲ့ဘာလို့ရေးလာသလဲလို့ဆိုတာ ပြောရပါမယ်။
ဒီအကြောင်းအရာတွေဖတ်လိုက်ရတဲ့အခါအစွပ်စွဲခံရပြီးသတ်ဖြတ်ခံခဲ့ရတဲ့၊ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျောင်းသားမိဘ၊ ညီအစ်ကိုမောင်နှမတစ်တွေ ရင်ထဲကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားမိရပါတယ်။
ကိုယ့်ရဲ့သွေးသားကို နှိပ်စက်တာတွေကို ရင်နှင့်အမျှ၊ ကာယကံရှင်ခံစားရသည့်နည်းတူ ရင်ပွင့်မတတ် ခံစားခဲ့ရတာတွေက အသစ်တစ်ဖန်ခံစားလာရပြန်ပါတယ်။အဲဒီအခါမှာ ကျမအမေလို ရင်းနှီးခင်မင် ချစ်ခင်လေးစားခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ရဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ က ပေါက်ကွဲလုမတတ် ခံစားခဲ့ရတဲ့ နှလုံးသားပုံရိပ်ကို ပြန်ပြီး မြင်ယောင်လာခဲ့ပါတယ်။
(၂)
ဆရာမကြီးဆိုပေမယ့် ကျမတို့ငယ်စဉ်က မူလန်းပြဆရာမအဖြစ် ဆုံခဲ့ရပါတယ်။ ကျမလေးတန်းမှာ ကျမရဲ့ အတန်းပိုင်ဖြစ်ခဲ့ပြီး၊ ကျမမိဘများနဲ့ ဆရာမကြီးခင်ပွန်းက ဌာနတစ်ခုမှာ အတူတာဝန် ထမ်းဆောင်တဲ့အတွက် ခင်မင်ရင်းနှီးကြပါတယ်။ လေးတန်းမှာ အတန်းပိုင်ဆရာမဖြစ်ခဲ့တဲ့အတွက် ဆရာမလို့ ခေါ်တာနှုတ်ကျိုးနေပေမယ့် ကျမနဲ့ သားသမီးဖွယ် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ပါတယ်။
နောက်ဆုံး ကျမ ကျောင်းဆရာမ လုပ်နေတဲ့အထိ ဆရာမဟာနှစ်ပေါင်းများစွာ ဆရာမကြီးဘဝနဲ့ အငြိမ်းစားယူသည်အထိနှစ်၄၀ဝန်ထမ်းဘဝတာဝန်ထမ်းခဲ့သူပါ။စာအသင်အပြအလွန်ကောင်းပြီး၊ ကျောင်းသားများ ချစ်ကြောက် ရိုသေယုံမက မိဘများကပါ လေးစားကြပါတယ်။
ဆရာမ စာသင်သံကြားရတဲ့ ရပ်ကွက်ထဲက မိဘတချို့က သူ့ကလေးတွေစာကျက်ရင် “ဒါကဒီလိုပါ“ ဟု ပြန်ရှင်းပြတတ်ရာ၊ ကလေးတွေက “အမေတို့တောင် စာတွေရနေပါလား” လို့ ပြန်ပြောမိကြပါတယ်။ ကလေးမိဘတွေကလည်း “ အေး မင်းတို့ ကံကောင်းတယ် ဒီလို ရှင်းကနဲ နားထဲဝင်အောင် သင်နိုင်တဲ့ ဆရာမမျိုးနဲ့ တို့တွေ့ခဲ့လို့ကတော့ ခုလို ကျောင်းတဝက်တပျက်နဲ့ ထွက်ခဲ့မှာမဟုတ်ဘူး” “မင်းတို့သေချာသင်ယူကြ” လို့ ပြောယူကြရပါတယ်။ဆရာ ဆရာမ အချင်းချင်းမှာတင် လူမှုရေး စီးပွားရေး၊ ကုန်ကုန်ပြောရရင်ဆရာမပေါက်စလေးတွေရဲ့အချစ်ရေးကအစဆရာမကိုပဲတိုင်ပင်ကြတာတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး အင်မတန် ကောင်းပြီးစိတ်နှလုံးအင်မတန်နူးညံ့ပါတယ်။ဆရာမရော၊ဆရာမခင်ပွန်းပါရုပ်ရည်ချောမောကြပါတယ်။
ဆရာမဟာ ရုပ်ရည်ချောမော၊ ကျက်သရေရှိပြီး မျက်နှာအမူအယာအေးချမ်းတည်ကြည်သလောက် ဆရာမဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊ လောကဓံရဲ့ ရိုက်ပုတ်တဲ့ဒဏ်ကို ဘဝတလျှောက်လုံး ခါးစီးခံခဲ့ရပါတယ်။ ဒါပေမယ့် နင်လားဟဲ့လောကဓံလို့တောင် ကြုံးဝါးမနေဘဲ အဲဒီလောကဒဏ်နဲ့ အတူလမ်းလျှေက်ရင်း ဘဝကို ဖြတ်သန်းခဲ့ပါတယ်။
ကျမဟာလည်း ဆရာမရဲ့ သမီးတစ်ယောက်သဖွယ်ချစ်ခင်ခဲ့ရသူဖြစ်တဲ့အတွက် ဆရာမ လောကဒဏ်နဲ့အတူ လမ်းလျှေက်ချိန်မှာ၊ တခါတရံ အဖော်အဖြစ်ပါခဲ့ပြီး အတူလျှောက်ဖြစ်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မေ့မရနိုင်တဲ့ နှလုံးသားပုံရိပ်တွေကို တထပ်ထဲ သိရှိခဲ့ရခြင်းပါ။
ဆရာမဟာ ဆီစက်ပိုင်ရှင် စက်သူဌေးသမီးဘဝကနေ ရုန်းကန်လှုပ်ရှား စိုးရိမ်မကင်းစွာ ရပ်တည်နေရမယ့်ဘဝကို သူ့ဘာသာ ရွေးချယ်ခဲ့တာပါ။ ၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းကြောင့် ဆရာမတို့ရွာကို တက္ကသိုလ်ကျောင်းသားတယောက် တိမ်းရှောင်လာရာက ဆရာမဘဝပြောင်းလဲခဲ့ပါတယ်။ အဲဒီကျောင်းသားဟာ အခုလက်ရှိ ဆရာမရဲ့ခင်ပွန်းပါပဲ။
ဆရာမက အဲဒီအချိန်က High School Final အောင်ထားပါတယ်၊ နိုင်ငံရေးသမားကိုယူရင် စိတ်ရှုပ်စရာတွေ ၊စိတ်ပင်ပန်းစရာတွေ ကြုံရလိမ့်မယ်လို့ ပြောကြဆိုကြပေမယ့် အသက် ၁၈ နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပါတယ်။ အဲဒီနောက်ရန်ကုန်မှာ အခြေချနေပြီး အသက် ၁၉ နှစ်၊ သားတစ်ယောက် မွေးအပြီးမှာ မူလတန်းဆရာမ စလုပ်ပါတယ်။
အဲဒီအချိန်မှာ နယ်က ဆရာမရဲ့ဖခင် ရုတ်တရက်ဆုံးခြင်း၊ ဆီစက်ကို ပြည်သူပိုင်သိမ်းခြင်း၊ အိမ်မီးလောင်ခြင်း စတာတွေ ဆက်တိုက်ကြုံခဲ့ရပါတယ်၊ ဒါတွေဟာ လူတိုင်းကြုံရတတ်တဲ့ လောကဓမ္မတာပဲလို့ ဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာမဟာ သူ့ဘဝမှာ ဘယ်လိုမှ မေ့မရနိုင်မယ့် အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့ မထင်ခဲ့ပါဘူးတဲ့။
(၃)
ဆရာမရဲ့သားအကြီးဆုံးက ကျမနဲ့အသက်အရွယ် အတန်းအတူတူပါ။ ဒုတိယသမီး သမီးကြီးကတော့ ကျမထက် ငယ်ပါတယ်။ အဲဒီသမီးကြီးဟာ အဖေတူသမီးပါ၊ ဒါကြောင့် အဖေဖြစ်သူက တော်တော်ချစ်ပါတယ်၊ အဖေချစ်သမီးပီပီ အမေကို အဖေလောက်တော်တယ်လို့ ဘယ်တော့မှ မမြင်ပါ။ ဒါကြောင့်လည်း ကျမနှင့်ဆရာမ ဒီလောက်နီးနီးစပ်စပ် တွယ်တာမိတာ ဖြစ်နိုင်ပါသည်။နောက်တခုကဆရာမက နိုင်ငံရေးအကြောင်းမပြော၊ နိုင်ငံရေးအကြောင်းလည်းမဖတ်။ ကျောင်းစာသာ သင်ပါတယ်။ စာသင်သည်သာ သူ့အလုပ်။ ဆရာမရဲ့ သမီးကြီးက စာအုပ်တွေ စဖတ်ကတည်းက နိုင်ငံရေးစာအုပ်တွေကို ဖတ်ပါတယ်။ သူ့အဖေက လေ့ကျင့်ပေးထားခြင်းပင်။
၁၉၈၈ခုနှစ် ၊ မတ်လ ၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးပြီးနောက် တက္ကသိုလ်ဝန်းကျင်က မငြိမ်သက်နိုင်တော့။ လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။ ဇွန်လမှာ ရန်ကုန် တက္ကသိုလ် အရေးအခင်းစပါတယ်။ ဆရာမက သူ့သမီးကြီးကို ပူပန်ပါတယ်။အဲဒီ သမီးကြီးအောက်မှ သားအငယ်က ဖြူဖြူနွဲ့နွဲ့ အသားဖြူဖြူအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊ မျက်ခုံးကောင်းကောင်းနဲ့ လူချောတစ်ယောက်၊ သူက ဒုတိယနှစ် သင်္ချာအထူးပြုဖြင့် (လုပ်သားကောလိပ်) တက်ရောက်နေသူပါ။ ဒုတိယနှစ်ရောက်တော့ သူ့ဖခင်၏ရုံးမှာ အလုပ်ရလို့ လုပ်သားကောလိပ် ပြောင်းတက်ခဲ့တာပါ။
ဆရာမက စိတ်ပူလို့ ”မင်းအစ်မ က ကျောင်းမှာစာမသင်တော့ဘူးဆိုလည်း မသွားနဲ့တော့ ပြောတာမရဘူး၊ ဘာကြောင့်သွားနေမှန်း မသိဘူး” ဟု ပြောရာ၊ အဲဒီသားအငယ်က“ကျောင်းသားတွေ ဟောတာပြောတာ သိပ်ကောင်းတယ်၊ အဲဒါသွားပြီး နားထောင်နေတာနေမှာပေါ့။ ဒီနေ့ခေတ် ဖြစ်ပျက်နေတာတွေ အမှန်အတိုင်းပြောရဲတာ၊သိပ်ကောင်းတာပဲ၊မဆလအစိုးရတော့ဒီတချီ သေဖို့သာပြင်၊ ကျောင်းသားတွေက နောက်မဆုတ်တော့ဘူး၊ ကျောင်းသားတွေ သွေးမြေကျခဲ့ရတာတွေအတွက် ပေးဆပ်ရလိမ့်မယ်၊ ဒီအစိုးရကို အပြုတ်တိုက်ဖို့ စီစဉ်နေကြပြီ” လို့ ပြောပါတယ်။
အဲဒီလို သားငယ်က ပြောတာကို အမှတ်တမဲ့သာနေခဲ့ပြီး၊ သမီးကြီးကို စိတ်ပူပြီး အာရုံစိုက် နေလို့ သားအငယ်ကို မေ့လျော့နေခဲ့ပါတယ်။ အဲဒီ သားအငယ်က အဲဒီအချိန် အသက် ၂၀ အရွယ်ပါ။ အဲဒီအရွယ်ကစပြီးသူ့ဘဝတစ်ခုလုံး နိုင်ငံရေးနယ်ထဲ ကျောင်းသားတော်လှန်ရေးနယ်ထဲ ရောက်သွားလိမ့်မယ်လို့ သူ့အမေက မထင်ခဲ့ပါ။အဲဒီအချိန်မှာ အစိုးရက တိုင်းပြည်အခြေအနေကို ရိပ်မိ၍ပဲလား အစိုးရဝန်ထမ်းတွေကို စည်းရုံးတာပဲလားမသိ ဝန်ထမ်းဆန် တစ်ယောက် ၃ လစာ ထုတ်ပေးခဲ့ပါတယ်။ ဆရာမ သားအငယ်က အဖေ၊ အမေ၊ သူ့ကိုယ်တာများကို ကားတစ်စီးဖြင့် ထုတ်၊ အိမ်သို့ပို့ခဲ့ပြီး အိမ်ကနေ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ဆရာမ အချစ်ဆုံးသားအတွက် ဆရာမ ခံစားရလေပြီပေါ့..။
သမီးကြီးက ပြောတယ်တဲ့၊ သားငယ်က ကျောင်းမှာ တရားတက်ဟောတယ်၊ မျက်နှာစည်းရန် ပုဝါတောင်လို့တောင် ပေးလိုက်ရသေးတယ်တဲ့။ ဆန်တွေ လာပို့တော့ “ အစ်မ ဒီဆန်တွေ တို့မိသားစု ၃ လ စားလို့ လောက်ရဲ့လား” လို့ မေးသွားတယ်။ “ငါမရှိရင် အဖေနဲ့အမေကို ဂရုစိုက်ပါ” လို့ပြောသွားတယ်။ “သူကတော့ တိုင်းပြည်အတွက် လုပ်စရာတွေရှိလို့ သွားပီ” လို့ ပြောသွားတယ် ဆိုပြီး သမီးကြီးက ပြန်ပြောတော့ ဆရာမလည်း ဘာမှမပြောသာတော့ပါ။သမီးကြီးကဆက်ပြောသေးသည်တဲ့
“ မေမေစိတ်မပူနဲ့၊ မေမေ့သားတစ်ယောက်ထဲ မဟုတ်ဘူး၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ ပြောလို့မရပေမယ့် သူတို့ကျောင်းသားလှုပ်ရှားမှုတွေ ဆက်လုပ်ဘို့ သွားကြတာပါ။ မေမေ့သားအတွက် အစစ အဆင်ပြေအောင်သာ ဆုတောင်းပေးပါ။ မေမေ ခွဲရတယ်ဆိုတာ သေသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေလောက် မဆိုးပါဘူး” တဲ့
(၄)
၈-၈-၈၈တွင် ကျောင်းသားများဦးဆောင်သောရှစ်လေးလုံးအရေးတော်ပုံကြီးစတင်ပါတော့တယ်။ ပြည်သူတစ်ရပ်လုံး အုံးအုံးကြွက်ကြွက်တောင်းဆိုသံများကြောင့် မဆလ အစိုးရပြုတ်ကျခဲ့ပါတယ်။ ဆရာမရဲ့ သမီးကြီးနဲ့တကွ ဆရာမခင်ပွန်းပါ သားပျောက်၊ မောင်ပျောက် ရှာကြပါတယ်။ တရားဟောတဲ့နေရာမှာလည်း စောင့်ကြည့်၊ ချီတက်ရင်းနဲ့လည်း ရှာကြပါတယ်။ သမီးကြီးက ကျောင်းသားသမဂ္ဂအဖွဲ့မှတဆင့် စုံစမ်းပါတယ်။
အချို့ကျောင်းသားတွေက ဇွန်အရေးအခင်းပြီးကတည်းက ရှစ်လေးလုံးအရေးတော်ပုံအတွက် တစ်နိုင်ငံလုံးအနှံ့ တာဝန်ကျရာနယ်တွေကို ရောက်နေကြောင်းတော့ သိရပါတယ်။ ကနဦးအစ ပစ်ခပ်မှုများရှိရာ အသက်ရှင်ရက်ရှိပါ့မလား သံသယဝင်လာပါတယ်။ ဒီသံသယကို ဆရာမက မိခင်တို့ သိစိတ်နဲ့ ချေဖျက်နိုင်ပါတယ်။ ကိုယ့်သွေးသားဖြင့် ဖြစ်တည်ပြီး မိမိဝမ်းကြာတိုက်မှာ ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ သားကို မသေသေးပါ၊ အလိုလိုသိပါတယ်တဲ့၊ တွေ့အောင်ရှာကြပါပြောရင်း အိပ်ယာထဲ လဲပါတော့တယ်။
သမီးကြီးက သမဂ္ဂရှိရာ ရန်ကုန်ဆေးရုံကြီးကို သူတို့နေထိုင်ရာ မြို့စွန်ကနေ နေ့တိုင်း လမ်းလျှေက်သွားပါတယ်။ သူ့အလုပ်သူလုပ်ရင်း မောင်ကို စုံစမ်းပါတယ်။ သူလည်းစိတ်ပူနေပြီ၊ တစ်နေ့ပြန်လာမယ် ပြောသွားတာ ဒီအချိန်ပြန်လာရမှာပေါ့ဟု ဆိုကာမျှော်ရချေပြီ။
ကျမက ဆရာမကို စောင့်ရှောက်ပေးရင်း သားသမီးအပူများကို မျှဝေခံစားခဲ့ရပါတယ်။ စက်တင်ဘာ ၁၈ ရက်တွင်တော့စစ်တပ်မှအာဏာသိမ်းပါတယ်။ ကျောင်းသားတွေအလုပ်သမားတွေ ပြည်သူတွေ တောခိုကြလေပြီ။ ဆရာမက သားအငယ်အတွက် ပူပင်သောကများမငြိမ်းနိုင်တဲ့အတွက် ကျန်သမီးများအား အတင်းအကြပ် တားမြစ်ပါတယ်။ဆရာမလည်းအိပ်ယာတွင်ဘုံးဘုံးလဲကာလူထူမှသာထနိုင်ခဲ့ပါတော့တယ်၊ မျှော်လင့်ချက်တွေ ပြိုလဲလုဖြစ်နေပါတော့တယ်။
လုံးဝ မထင်တားအချိန်မှာမှ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ သားငယ်ဟာ သန်လျှင်က သူငယ်ချင်းအိမ်ကို ရောက်နေတဲ့အကြောင်းနဲ့ သူဟာ သူငယ်ချင်းရဲ့ အမေ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ခုလိုအချိန်မှာ သားကို လက်ခံမထားရဲတဲ့အတွက် လာခေါ်ဖို့ ပြောလာပါတယ်။
ဆရာမဟာ သားအသက်ရှင်ရက်ရှိနေတာကို ဝမ်းသာအားရဖြစ်သွားပြီး ထထိုင်ပါတယ်။ လမ်းတော့မလျှောက်နိုင်ပါဘူး။ ဆရာမခင်ပွန်းကတော့ အိမ်ရောက်ရင် ဖမ်းခံရမှာပေါ့၊ ဘယ်လိုလုပ်ကြမလဲ စဉ်းစားနေတုန်းမှာပဲ၊ သမီးကြီးက “သူလိုက်သွားမယ် ၊ သူကြည့်စီစဉ်ခဲ့မယ်၊ မေမေ နေကောင်းအောင်နေပါ၊ ဖေဖေက ဝန်ထမ်းဖြစ်တဲ့အတွက် ဖေဖေက ဆက်သွယ်တယ်ဆို မကောင်းပါဘူး“ ဆိုကာ တခါမှ မမြင်ဘူးသည့် အမျိုးသမီးကြီးတစ်ယောက်နောက်ကို လိုက်သွားလေရာ၊ ဆရာမမှာ ဝမ်းသာစရာနှင့်အတူ စိတ်ပူပင်စွာ ကျန်ရစ်ခဲ့ပါတယ်။
သားငယ်က အရေးအခင်းကာလမှာ မြိတ်ကိုရောက်နေပြီး အဲဒီမှာ ကျောင်းသားအရေးတော်ပုံကို စတင်နိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်မှာရှိတဲ့ ကျောင်းသားတွေ နယ်စပ်ကို ရှောင်တိမ်းကြတော့ အရေးအခင်းမတိုင်ခင်ထွက်သွားတဲ့ သူတို့က ပြန်ဝင်လာကြတာပါ။ ဒါပေမယ့် ပေါ်ပေါ်တင်တင် နေတာမဟုတ်ပဲ လုံခြုံတဲ့နေရာမှာပုန်းနေကြတာပါ။
သန်လျှင်ကို ကျောင်းသားတချို့နဲ့တွေ့ဘို့အလာ၊ သူငယ်ချင်းဖြစ်သူအိမ်ကို ဝင်တာဖြစ်ပါတယ်။ အိမ်ကိုပြန်မလိုက်နိုင်ပါ၊ ကျောင်းသားအရေးကိစ္စများ လုပ်စရာများစွာ ရှိနေသေးတဲ့အတွက် သူ့ကို မေ့ထားလိုက်ပါ၊ ဘာအကြောင်းမှ မကြားရရင် အသက်ရှင်ရက်ရှိနေသေးတယ်မှတ်ပါ လို့ ပြောပါတယ်တဲ့။
သမီးကြီးက” အမေက တခါလောက်တော့ တွေ့ချင်ရှာမယ်၊ ဘာမပြောညာမပြော ရုတ်တရက်ပျောက်သွားလို့ ခံစားနေရတာဖြစ်မယ်။ ဒီတကြိမ်တော့တွေ့လိုက်ပါ၊ အတင်းပြန်လဲ မခေါ်ပါဘူး၊ လုပ်စရာရှိတာဆက်လုပ်ပါ၊ တွေ့လိုက်ပါလို့” ပြောတဲ့အချိန်မှာရန်ကုန်ဘက်က ညောင်တမ်းဆိပ်ကမ်းကို ရောက်မှ တွေ့မယ်လို့ အဖြေရပါတယ်။ဒါပေမယ့် ညမထွက်ရအမိန့်ကရှိနေတော့ အချိန်က နာရီဝက်ပဲ ရပါတော့တယ်။ သမီးကြီးစီစဉ်ပေးလိုက်တဲ့ အိမ်ကို သားငယ်က သွားနှင့်ပြီး ဆရာမနဲ့ အန်ကယ် (ဆရာမ အမျိုးသား) တို့ကို သမီးကြီးက အပြေးအလွှား လာပြန်ခေါ်ပါတယ်၊ အံ့သြစရာပါပဲ ၊ သမီးကြီးက “ မေမေ ဒီတခါမှမတွေ့ရရင် တွေ့ဖို့ မလွယ်ဘူး။ သူလုပ်စရာတွေ ဆက်လုပ်မှာမို့ ၊ မေမေအားတင်းပြီး လိုက်လာပါ “ လို့ပြောတယ်ဆို ဆရာမဟာ အနွေးထည်လေး ထပ်ဝတ်ပြီး လမ်းထလျှောက်ပါတယ်။
ကျမက ကျန်တဲ့ဆရာမသမီးအငယ်တွေနဲ့အတူ အိမ်စောင့်ကျန်ခဲ့ရပါတယ်။ ညမထွက်ရအမိန့်ကြောင့် ဘယ်လိုမှ ပြန်မလာနိုင်ဘူးဆိုတာသိလို့ပါ။
(၅)
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကို ပြဌာန်းပါတယ်။ နိုင်ငံရေးပါတီစာရင်းတွေကို သတင်းစာမှာထုန်ပြန်တဲ့အခါ “ဗမာ့မျိုးချစ် လူငယ်အစည်းအရုံး” ဆိုတဲ့ ကျောင်းသားပါတီတစ်ခုမှာ သားငယ်နာမည်ကို တွေ့လိုက်ရပါတယ်။ မြေပေါ်မှာရှိနေတယ်ဆိုတာ သိထားလို့လည်း သူလို့ထင်တာပါ။
နောက်တော့ အဲဒီပါတီရဲ့ ဥက္ကဌဖြစ်သူက စိတ်အေးအေးနေဘို့ ဆရာမကို ကိုယ်တိုင်ပဲ အိမ်ကိုလာပြောပါတယ်။ နောက်ပိုင်းမှာ ဆရာမက ဘယ်လိုနေကြသလဲ၊ စားစရာရှိကြရဲ့လား သိချင်လာပါတယ်။ အဲဒီတုန်းက ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရမယ်ဆိုပြီး လက်မှတ်ထိုးထားရတဲ့အတွက် ထုံးစံအတိုင်း သမီးကြီးကို ပါတီလိပ်စာအတိုင်း သွားခိုင်းပါတယ်။ စားစရာတွေ အပို့ခိုင်းပါတယ်၊ ဆန်ုပြုတ်သောက်လိုက်၊ မရှိရှိတာ စားပြီး နေနေတာသိရတော့ ပို့ပေးနေရင်းက နောက်ဆုံး ဆရာမကိုယ်တိုင် သွားကြည့်ပါတယ်။
သားငယ်က“အမေမလာပါနဲ့၊ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ ထောင်တာမဟုတ်ဘူး၊ ကျောင်းသားအရေးကိစ္စတွေ လုပ်လို့ရအောင် မှတ်ပုံတင်ထားတာ၊ ထောက်လှမ်းရေးက ရိပ်မိရင်လည်း ရိပ်မိနေလောက်ပြီ၊ အမေ ဒုက္ခရောက်မယ် လို့ တားပါတယ်”နောက်ဆုံးမတော့ ဆရာမက ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် တနေရာရောက်ပြီဆို ဘယ်မှာရှိနေတယ်ဆိုတာ သိရရင်ကျေနပ်ပြီ၊ သားတို့ကျောင်းသားတွေကို မေမေ အမြဲမေတ္တာပို့နေတယ်၊ ဘယ်မှာရှိတယ်ဆိုတာသာပြောသွားပါ” လို့ မှာပါတယ်၊ ဆရာမရဲ့ မသိစိတ်ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နေ့ သူ့သားသွားရမယ်ဆိုတာ သိနေပါတယ်။
တကယ်တန်းကျတော့ သော့ခပ်ထားတဲ့ ပါတီရုံးခန်းသာကျန်ခဲ့ပီး၊ မြေလျှိုးသွားကြပါတယ်။ အခြေခံပညာကျောင်းသားသမဂ္ဂက ကျောင်းသားတွေပါ ပါသွားကြပါတယ်။ အငယ်ဆုံးကျောင်းသားက ၁၆ နှစ်၁၇ နှစ်အရွယ်တွေပါ။ဆရာမကအင်မတန်ရိုးတဲ့အတွက် ကျောင်းသားတပ်မတော် မြောက်ပိုင်းဆိုတာတောင်မသိပါဘူး။ နောက်ပိုင်း မိဘအချင်းချင်းမေးရာက ABSDF(NB) ကိုရောက်သွားမှန်း သိရပါတယ်၊ ဆရာမလည်း AB မြောက်ပိုင်း၊ တောင်ပိုင်းက ကျောင်းသားတွေကိုဘုရားရှစ်ခိုးတိုင်း မေတ္တာပို့ပါတယ်၊ တော်ရုံပို့တာမဟုတ်ပါဘူး၊ အရှည်ကြီးကိုရွတ်ပြီးပို့ပါတယ်။ဆရာမရဲ့ မေတ္တာပို့မှာဒီမိုကရေစီလည်းပါပါတယ်၊ဒီမိုကရေစီရမှ ကျောင်းသားတွေ ပြန်လာကြမှာကိုး။
၁၉၉၂ ခုနှစ်ခန့်က စစ်အစိုးရက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရပါတယ်။ ကျောင်းသားတပ်မတော်( မြောက်ပိုင်း)မှာ ကျောင်းသားအချင်းချင်း စစ်ထောက်လှမ်းရေးလို့ စွပ်စွဲပီး သတ်ဖြတ်နေကြတာတွေကို ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေက ဒဏ်ရာတွေ ပြပြီးရှင်းကြပါတယ်။
ကျမမှတ်မိသလောက် ပြောရရင် အူတွေတောင်ထွက်ကျလာလို့ ပြန်ထည့်ပြီး အစိမ်းချုပ်ချုပ်တာလဲပါရဲ့။ ကျမတို့တစ်အိမ်လုံး အစိုးရကို ဆဲကြပါတယ်။ ကျောင်းသားတွေကို သက်သက်သိက္ခာချတယ်ဆိုကာ လုံးဝမယုံခဲ့ပါ။ သားငယ် မြောက်ပိုင်းမှာရှိတယ်ဆိုတာ သိထားတဲ့ ကျမဟာ ဆရာမကို အဲဒီသတင်းကြည့်ရလား၊ ဖြစ်နိုင်ပါ့မလားလို့သွားပြီးမေးခဲ့ပါတယ်။ဆရာမဟာစိတ်လှုပ်ရှားရင် နှလုံးခုန်မြန်ပီး၊ ခြေဖျားလက်ဖျား အေးစက်တောင့်တင်းတဲ့ နှလုံးရောဂါတစ်မျိုး ရနေပြီဖြစ်တဲ့အတွက်၊ သေချာဆုံးအောင် မကြည့်တော့ပါတဲ့။ အတွေ့အကြုံတွေများလှပြီဖြစ်တဲ့ ဆရာမဟာ တခုခုကို တွေးဆနေပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် လုံးဝမပြောပါ၊ တခုတော့ပြောပါတယ်။
အန်ကယ်ကတော့ “ အစိုးရဟာ NLD ပြီးတော့ ကျောင်းသားတွေကို သိက္ခာချနေပြီဆိုပြီး ဆဲနေလေရဲ့” ကျမလည်း ကျမနဲ့ အန်ကယ် အမြင်ချင်းတူတယ်ဆိုပြီး အန်ကယ်နဲ့သာစကားပြောဖြစ်ခဲ့ပါတယ်။
(၆)
“ အဖေနှင့်အမေခင်ဗျား”“ကျနော်ဟာစစ်ထောက်လှမ်းရေးကလွှတ်လိုက်တဲ့ ထောက်လှမ်းရေးဖြစ်တဲ့အတွက် ကျောင်းသားခေါင်းဆောင်များက ဖမ်းဆီးထားပါတယ်။မိဘများက တောင်းပန်ပြီးလာရောက်ခေါ်ဆောင်ပါမှအသက်ချမ်းသာရာ ပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေ (သို့မဟုတ်) အဖေ အမြန်ဆုံးလိုက်လာခဲ့ပါ“ကျမ “စာကိုဖတ်ပြီးတာနဲ့ ဒီလောက် ကျောင်းသားအရေးတွေလုပ်နေတာ။ မိသားစုနဲ့ခွဲ၊ ကျောင်းပညာတဝက်တပျက်နဲ့ စွန့်ပြီးလုပ်လာတာ။ ဘာထောက်လှမ်းရေးလဲ။ လိုက်သွားခေါ်ရင် ထောက်လှမ်းရေးဆိုတာ ဝန်ခံရမှာလား“ ဆိုပြီး ဒေါသတကြီးပေါက်ကွဲပါတော့တယ်။မျက်ရည်များလည်း ရေသွန်သလို ဝေါကနည်းကိုကျလာပါတော့တယ်။
သမီးကြီးက ကျမပခုံးကိုလာကိုင်ပြီး” စာကို မိသားစုအားလုံး ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးကြပါပြီ။ သားငယ် အသက်ရှင်ဖို့ အရေးကြီးတယ်၊ သွားခေါ်ပြီး ဟိုရောက်မှ အခြေအနေကြည့်ရမှာ။ ကိုယ်လဲမြင်ရတာမဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲက အဖြစ်အပျက်တွေဟာ အမှန်တွေဆို ကျောင်းသားအချင်းချင်း ပြဿနာတက်ကြတာဖြစ်မယ်၊ မိဘတွေလိုက်သွားရင် ကလေးတွေဘဲ မရိုင်းလောက်ပါဘူး။ ခုက သွားဘို့လည်း ပြင်နေပြီ၊ ။ အမ ကအိမ်မှာ ညီမလေးတွေနဲ့ လာနေပေးရင်ဖြစ်မလားလို့ ။အဲဒါပြောမလို့၊ ညီမလည်း ရှိနေမှာပါ။”ဖြစ်ပုံက ဆရာမ သမီးအငယ်တယောက်က ခွဲစိတ်ခန်းဝင်စရာရှိပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းပြီးသား၊ ဆရာမ နောက်ဆံမတင်းအောင် အိမ်မှာလူအင်အားဖြည့်တာပါ။ သမီးကြီးကလည်း သူ့အိမ်ထောင်နှင့်တခြားမှာ နေနေပေမယ့် ဒီရက်ပိုင်းမှာ သူရော သူ့အမျိုးသားပါ လာနေပါတယ်။
“အန်ကယ်က ဘာလို့လိုက်မသွားတာလဲ” ဆရာမ လိုက်သွားမှာကို သိလိုက်ရသည့်အတွက် ကျမ မေးလိုက်မိပါတယ်။
“သမီး အန်ကယ်နဲ့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘုန်းကြီးစာချသွားလုပ်နေရင် သူ့ပါ ဖမ်းချုပ်ထားလိမ့်မယ်” ဟု ဆရာမက ပြောရာ အန်ကယ်က “ အန်ကယ်က စကားများများ မပြောပါဘူး။ တခွန်းပဲပြောမှာ၊ “ဘာပြောမှာလဲ” မေးတော့ “ ဟ အန်ကယ့်ကို သွားခိုင်းလေ ။ အဲဒီတော့ ဘာပြောမလဲသိရမှာပေါ့” တဲ့၊
အမှန်ကတော့ သွားခေါ်မယ့် ကျောင်းသားမိဘအချင်းချင်း ချိတ်ဆက်မိကြပြီးပြီ။ အလားတူစာမျိုး ရန်ကုန်ရှိ ကျောင်းမိဘတချို့နဲ့ မန္တလေး၊ သာယာဝတီ စသဖြင့် စာများရောက်လာကြပြီးပြီ။ အများအားဖြင့် အမေများသာလိုက်ကြပါတယ်။တချို့လည်းအဖေလိုက်ကြပါတယ်။ကျမထင်တာက ယောင်္ကျားချင်းဆိုတော့ ပြောမှား ဆိုမှား စကားများကြရင် အသက်အန္တရယ်ရှိလို့ ထင်ပါတယ်။
တစ်ခုပဲရှိတယ်။ ကျမ အမှတ်မမှားပါက ဝန်ထမ်းဆို၍ ဆရာမတစ်ယောက်သာ ပါပါတယ်။။ ကျန်သူများက အငြိမ်းစားနှင့် ကုန်သည်များသာ၊ ဆရာမသည် မြို့နယ်၊ တိုင်း အဆင့်ဆင့်မှသည် ပညာရေးဝန်ကြီးဌာနအထိ စာတင်ရပါတယ်။ သားအသက်ရှင်ရေးအတွက် သွားရောက်ခေါ်ခွင့်ပြုပါရန် အသနားခံစာတင်ရပါတယ်။သွားရောက်မယ့် အဖွဲ့က ဆရာမသွားခွင့်ကျအောင် စောင့်ပေးကြပါတယ်။ တကယ့်ကို မိသားစုစိတ်ဓါတ် အပြည့်ရှိသူများပင်။ နောင်တချိန်တွင် ထိုမိသားစုများသည် ယခုနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် ချစ်ခင်စည်းလုံးလျက် နေကြပါတယ်၊ သာရေးနာရေး ဖိတ်စရာမလို အလိုလိုသွေးစည်းကြတဲ့ သွေးသောက်မိသားစုများ ဖြစ်လာပါတယ်။
ဆရာမကို တစ်လအတွင်း ပြန်လာရန် ခံဝန်ချက်ပေးပြီး လိုက်ခေါ်ဖို့ ခွင့်ပြုလိုက်ပါတယ်၊ ကျမ ဆရာမအတွက် တော်တော်စိတ်ပူမိပါတယ်။ ဒါပေမယ့် စိတ်ဆောင်လို့လား မပြောတတ်ပါဘူး ဆရာမဟာ သွက်လက်နေပြီးသူ့ကိုယ်သူကျန်းမာအောင်နေပါတယ်။ငါအသက်ရှင်မှ ဖြစ်မယ်လို့ တွေးကောင်းတွေးနေလိမ့်မယ် ထင်ပါတယ်။တကယ်တန်းမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ဆရာမဟာတစ်လကျော်ကျော်လောက်နေမှ ပြန်ရောက်လာသလို သားငယ်လည်းပါမလာပါ။ ဒါပေမယ့် ဆရာမဟာ သားကို မျက်မြင်အသက်ရှင်ရက် တွေ့ခဲ့ရလို့ထင်ပါတယ်၊ သိပ်စိတ်မလှုပ်ရှားပဲ ဖြစ်ကြောင်းကုန်စင် ပြောပြပါတယ်။ရောက်ရောက်ချင်း ချက်ချင်းပေးမတွေ့ပါဘူးတဲ့၊ တော်တော်ကြာမှ တွေ့ရတဲ့အပြင် တွေ့တဲ့အခါ အပြောအဆို ဆင်ခြင်ရပါတယ်တဲ့၊ သူတို့ကို အချုပ်ခန်းကခေါ်ထုတ်ပြီး ပေးတွေ့ပါတယ်။
အားလုံးက သတိနဲ့နေနေရတာပါတဲ့၊ ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ခံခဲ့ကြတာတွေ မိဘတွေကို ပြောပြပါသတဲ့။ ဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေပါပဲ။ အဲဒီအတိုင်းပါပဲ၊ မိဘတွေနဲ့ပြန်ထဲ့ပေးမယ် ပြောပြီး ဘယ်လိုက ဘယ်လို စိတ်ပြောင်းသွားလည်း မသိပါတဲ့။ ပြန်လွှတ်ပေးဖို့ ဘာတစ်ခုမှမပြောတော့ပါဘူးတဲ့။ အဲဒီမှာ စောင့်ရင်းစောင့်ရင်း ရက်တွေကြာလာတာပါ။
နောက်ဆုံးတော့ မိဘတွေရဲ့တောင်းပန်မှုကြောင့် မသတ်ပါဘူးဆိုတဲ့ ကတိရလို့ ပြန်လာခဲ့ပါတယ်တဲ့။ ဆရာမကပိုဆိုးတာကတလအတွင်းပြန်ရမယ့်ခံဝန်ချက်ကလည်းရှိနေတော့ နောက်ကြောင်းမအေးပဲ ဖြစ်ရပါတယ်တဲ့။
ဆရာမလိုဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာသားဇောကြောင့်KIAကချင်လွတ်မြောက်ရေးတပ်မတော်ကို ဖြတ်ပြီး ကျောင်းသားတပ်မတော်စခန်းကို ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ လမ်းပန်းအခက်အခဲတွေကြားက ရောက်အောင်သွားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။
ဆရာမဟာ မိသားစုကိုရော သမီးတမျှရင်းနှီးတဲ့ကျမကိုရော ခုချိန်ထိ လျှို့ဝှက်ထားတယ်လို့ ကျမ ထင်ထားတာ တခုရှိပါတယ်။ ကျမဘယ်တော့မှ မေးမှာမဟုတ်သလို သမီးကြီးကလည်း သူလည်းဘယ်တော့မှမမေးပါဘူးတဲ့။အဲဒါကတော့အချုပ်ခန်းကနေထွက်ပြေးမှလွတ်တော့မယ်ဆိုတာကိုပါ။
(၇)
ကျောင်းသားတွေကို ထောက်လှမ်းရေးတွေပါလို့ စပြီးဖမ်းစဉ်က စစ်ဆေးရေးအဖွဲ့မှာ သားငယ်ပါပါတယ်။ သားငယ်ဟာ ဒီကျောင်းသားတွေက သူနဲ့အတူတွဲပြီးလုပ်လာတာ သူသိပါတယ်။ ဘယ်လိုမှ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာသိနေတော့ မေးတာမြန်းတာ ပျော့ပြောင်းပါတယ်။ နဂိုထဲကလည်းစိတ်သဘောထားပျော့ပြောင်းတဲ့အတွက်ကတကြောင်း၊ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာ သိနေတာတွေကလည်း တကြောင်းကြောင့် သူ့ရဲ့ ညှာတာမေးထားတဲ့ အချက်တွေကို သဘောမကျရာက သားငယ်ကို စစ်ထောက်လှမ်းရေးပဲ။ မင်းလည်းသူတို့နဲ့ တစ်ဖွဲ့ထဲပဲ စွပ်စွဲပြီး ဖမ်းချုပ်တာပါပဲတဲ့။
သားငယ်ကို စစ်တဲ့အခါမှာ တစ်ရက်မှာတော့ ခေါင်းကို ဒုတ်ကနဲရိုက်ခွဲလိုက်တာ သွေးအိုင်ထဲ ပုံရက်သား ကျသွားပါသတဲ့။ သေပြီလို့ အားလုံးက ထင်လိုက်ကြပေမယ့် မသေခဲ့ပါဘူး။ ဒဏ်ရာကို ပက်သဒင်းတွေ အတိုင်းအဆမရှိပေးပြီး ချုပ်ပါသတဲ့။
သားငယ်နာမည်ကို အော်ခေါ်ပြီး ခြံထဲကိုဝင်လာတဲ့ ချာတိတ်ကို တွေ့လိုက်ရတော့ အိမ်ထဲမှာရှိတဲ့ မိသားစုတွေ ကြောင်ငေးပြီး ကြည့်နေမိပါတယ်။ သူ့ကို သားငယ်တို့နဲ့အတူ မြောက်ပိုင်းမှာ စွပ်စွဲဖမ်းခံထားရတယ်လို့သိထားသူပါ၊တိုက်တိုက်ဆိုင်ဆိုင်ကျမကလည်းဆရာမဆီ ကျောင်းကိစ္စတစ်ခုနဲ့ ရောက်အလာ ဆရာမ စက်ချုပ်ဆိုင်သွားနေတာနဲ့ စောင့်နေခြင်းပါ။ ဆရာမရောက်လာတော့ ထုံးစံအတိုင်း တအံ့တသြ။
နောက်မှသိရတာက မိဘတစ်ယောက်က နောက်တခေါက် သူ့အစီအစဉ်နဲ့သူပြန်သွားပြီး အဲဒီတုန်းက ငယ်ရွယ်သေးတဲ့ သူ့သားနဲ့အတူ ဒီချာတိတ်အပါအဝင် တချို့ကို အာမခံ ခေါ်ထုတ်လာတာပါ။ တဆက်ထဲ သားငယ်တို့က မကြာခင် အချုပ်ကနေထွက်ပြေးလာမှာ သိထားတဲ့အတွက် လမ်းခရီးမှာ ချိတ်ဆက်တွေ ထားပေးခဲ့ပါတယ်တဲ့။အစိုးရဘက်ရောက်ရင်မဖမ်းမဆီးအောင်ဒုက္ခတွေ့နေတဲ့ ကျောင်းသားတွေ ရောက်လာရင် ကူညီအောင် စီစဉ်ပေးခြဲ့ပါတယ်တဲ့၊ ခုဆို သားငယ်တို့လည်း ရောက်လောက်ပြီဆိုပြီး လာခဲ့တာပါတဲ့။
ဆရာမလည်း တော်တော်စိတ်ပူသွားချေပြီ။ ပြန်အဖမ်းခံရရင်တော့ သတ်မှာကျိန်းသေနေလေပြီ၊ ထိုချာတိတ်က အာမခံပတယ်။ သားငယ်တို့က ဒီတောလမ်းခရီးကို ကောင်းကောင်းကျွမ်းတယ်။ မျက်စေ့မလည်နိုင်၊ ဖြစ်နိုင်တာကမြို့ပေါ်ရောက်မှမျက်စေ့လည်ပြီးတနေရာရောက်တာဖြစ်မယ်။ တောထဲကတော့ ကျိန်းသေလမ်းမပျောက်ပါဟု ဆိုပါတယ်။
ထိုအချိန် အန်ကယ်က နယ်ရောက်နေသည့်အတွက် ဖုန်းဆက်ခေါ်ပတယ်။ အန်ကယ့်မှာ နယ်မိတ်ဆွေများစွာရှိပါတယ်။ နယ်လှည့်စာရင်းစစ်နေရသဖြင့် မရောက်ဖူးသည့်နယ်မရှိ အဆင်ပြေပါတယ်။ ကချင်ပြည်နယ်ရှိ နယ်ရုံးခွဲများကို သံကြိုးရိုက်၍ တဖုံ ၊ ဖုန်းဆက်၍တနည်း အကြောင်းကြားထားရာ မကြာမီ ဗန်းမော်မျာ အဖမ်းခံထားရတယ်လို့ မိတ်ဆွေတစ်ယောက်က သံကြိုးရိုက်ပါတယ်။ကံတရားကား ဆန်းကျယ်လှပါတယ်။ အန်ကယ့်ထံမှ သိရတဲ့အချိန်မှာ ထိုလူနဲ့ သားငယ်တို့ ရုံးထုတ်စစ်တာနဲ့ ကြုံရခြင်းပါ။ တောခိုကျောင်းသားများ ဖမ်းမိတယ်လို့ သိရလို့ အန်ကယ့်သားလား မေးရာမှ “ မင်းအဖေ စိတ်ပူနေတယ် ဦးလေး လှမ်းအကြောင်းကြားပေးမယ်” ဆိုကာ ဝမ်းသာအားရ လှမ်းပြောခြင်းပါ။
အထက်အဆင့်ဆင့် စာတင်ရင်း မိဘများ၏ တင်ပြမှုများကြောင့် နောက်ဆုံးတွင်တော့ မိဘရပ်ထံ ပြန်ရောက်ခဲ့ရချေပြီ။ ဆရာမ၏ နှလုံးသားတို့သည်လည်း ငြိမ်းချမ်းရချေပြီ။ သို့သော် စစ်အစိုးရလက်အောက်တွင် ယုံကြည်ချက်ပြင်းထန်သော ကျောင်းသားသည် အဘယ်မှာ အေးအေးနေရပါမည်နည်း။
၁၉၉၈ တခုသောရက်မှာ မေးစရာရှိ၍ ခဏဆိုကာ ခေါ်သွားရာ ဘယ်မှာမှ မေးမရတော့ဘဲ လအတော်ကြာမှ ထောင်ဝင်စာတွေ့သည့် လူတယောက်ကို အကူအညီတောင်းပြီး ပြောခိုင်းလိုက်သဖြင့် မန္တလေးထောင်တွင် ရောက်နေတာ သိရတော့ပါတယ်။ နိုင်ငံရေးအမှုတွဲတစ်ခုဖြင့် ထောင် ၇ နှစ် ကျပါတော့တယ်။ ဆရာမလည်း တောတွင်းအချုပ်ထောင်ကနေ မန္တလေးထောင်ကို သွားရပြန်ပါတယ်။
တလတခါသွားတွေ့ရင်း ၂ နှစ်အကြာ ပခုက္ကူထောင်ပြောင်းလိုက်တဲ့အတွက် ပိုပြီးဝေးလံစွာ သွားတွေ့ရပြန်ပါတယ်။ ၂၀၀၄ မှာတော့ သားငယ်ထောင်ကလွတ်မြောက်လာခဲ့ပါပြီ၊ သားငယ်အသက်လည်း ၄၀နား နီးလာချေပြီ။ ၂ နှစ်ခန့်အကြာမှာတော့ သူ့ကို ၁၈ နှစ်နီးပါး သစ္စာရှိစွာ စောင့်လာတဲ့ မိန်းကလေး အဲဒီအချိန်မှာတော့ အမျိုးသမီးကြီးနဲ့ လက်ထပ်လိုက်ပါတယ်။
ဆရာမတစ်ယောက် အဖေတူသားလို့ မကြာခဏပြောတတ်တဲ့ သားငယ်အတွက် စိတ်အေးချမ်းနေတာကို ကြားသိနေရပါတယ်။
ကျမနဲ့ ဆရာမတို့လည်း လုပ်ငန်းတာဝန် မိသားစုတာဝန်တွေကြောင့် တနယ်ကျေးစီ ကွဲကွာနေခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ဆောင်းပါးကိုဖတ် လိုက်ရတဲ့အခါမှာ ကျမရင်ထဲ ကျမချစ်တဲ့ဆရာမရဲ့ သားအပေါ်ထားတဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် သတိရမိပါတယ်။
အကြောင်းအရာတွေဟာ ကိုယ်သိပြီးသားတွေဖြစ်ပါရက်နဲ့ နှလုံးသားတဆတ်ဆတ်တုန်အောင် ခံစားရပါတယ်၊ ဆရာမရော ဘယ်လိုနေပါလိမ့်။ သားငယ်နဲ့နီးနီးကပ်ကပ် မခွဲမခွာရှိနေပြီဖြစ်တဲ့အတွက် နှလုံးသားတွေ ငြိမ်သက်နေပြီလား၊ အသက်အရွယ်၊ အတွေ့အကြုံတွေကြောင့် ခံနိုင်ရည်ရှိပြီး အကြောင်းအရာတွေကို ဆုံးခန်းတိုင်အောင် ဖတ်နိုင်ပြီလား။
ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်(၂၀)။ အေးခဲနေတဲ့ ကချင်ပြည်နယ်ရဲ့ အအေးဒဏ်ကို အံတုရင်း ကျောင်းသားတပ်မတော်စခန်းဆီက ငရဲခန်းအဖြစ်အပျက်တွေကို သတိရနေလေမလား၊ ခေါင်မိုးပေါ်က တစက်စက်စီးလာတဲ့ နှင်းရည်တွေဟာ မြေပေါ်မကျခင် တံစက်မြိတ်မှာ ခဲသွားပြီး အချောင်းလိုက်လေး တွဲကျနေတဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရနေလေမလား၊ ညဘက်အပေါ့အပါးထသွားချင်တဲ့အခါ ခေါင်းဖြတ်ခံထားရတဲ့ ကျောင်းသူလေးက ခေါင်းပြတ်ကြီးနဲ့ ချောက်တတ်တယ်ပြောကြလို့ ဟိုလူ့လိုက်နှိုး ဒီလူ့လိုက်နှိုဲးပြီး သွားခဲ့ရတာတွေ သတိရနေလေမလား။ရက်စက်လှတဲ့ လူမဆန်လှတဲ့ အဖြစ်တွေကို နှလုံးပျက်လုမတတ် ကြားခဲ့ရလို့ သိခဲ့ရလို့ ပြန်တောင်မတွေးချင်တော့ပါဘူး ဆိုတာတွေကို အဟောင်းတွေ အသစ်ဖြစ်ပြီး ဆရာမနှလုံးသားတွေ နာကျင်စွာခံစားနေလေမလား။
ဘယ်လိုပဲဖြစ်ဖြစ်သမိုင်းတစ်ပတ်လည်ပြီး ဖျောက်မရစွာအမှန်တရားတွေ ဖော်ထုတ်နေပါပြီ။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ဆောင်းပါးလေးက သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်လိုပဲ သမိုင်းတွင်ပြီး၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တွေဆိုတာကိုတော့ ဆရာမသိပြီး ကျေနပ်နေမယ်ဆိုတာ ဆရာမနှလုံးသားကို မှန်းဆအဖြေရှာ သိနေပါတယ်။
ရွှေစင်ဦး
source: http://maukkha.org/index.php/book-store/essay-maukkha/1778-maukkha-student-killings-in-nothern-burma-absdf
မေးခွန်းထုတ်ခံနေရတဲ့ အပြောင်းအလဲ
မကြာသေးမီ လများအတွင်း ပေါ်ပေါက်လာတဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေကို နိုင်ငံတကာမှာ ကြိုဆိုနေကြပြီး၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန် အပါအ၀င် နိုင်ငံတကာက ထိပ်တန်းပုဂ္ဂိုလ် အများအပြား မြန်မာနိုင်ငံထဲကို ဆက်တိုက် သွားရောက် နေကြပါတယ်။
နိုင်ငံတကာ ခေါင်းဆောင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိလ်တွေနဲ့ တွေ့ပြီး ရင်းနှီးမြှုပ်နှံရေး၊ ကူညီထောက်ပံ့ရေး စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးနေကြပါတယ်။မြန်မာပြည် အပြောင်းအလဲတွေကို အားရ ကျေနပ်တယ်လို့ ပြောတဲ့ နော်ဝေအစိုးရက စီးပွားရေး ပိတ်ဆို့မှုကို မကြာသေးမီကပဲ လျှော့ချလိုက်ပြီး၊ ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုရုပ်သိမ်းရေး၊ ဆက်လက်ထားရှိရေးကို ရှေ့လထဲမှာ ဆုံးဖြတ်ဖွယ် ရှိတယ်လို့ သိရပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိအားအပေးခဲ့ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ကတော့ စီးပွားရေး ပိတ်ဆို့မှု မကြာခင် လျှော့ချမယ့် အရိပ်အယောင်တွေ ပြနေပြီး၊ အနှစ် ၂၀ ကြာ လျှော့ချခဲ့တဲ့ သံတမန် ဆက်သွယ်ရေးကို သံအမတ် အဆင့်အထိ ပြန်လည် တိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်။
နိုင်ငံတကာက ဒီလို ကြိုဆိုနေကြပေမယ့် ပြည်ပရောက် မြန်မာ အတိုက်အခံ အများစုကတော့ မြန်မာပြည်တွင်း ပြောင်းလဲမှု အခြေအနေကို အားမရသေးဘူးလို့ ဆိုကြပါတယ်။
“ဒီမိုကရေစီ အပြည့် အ၀ မရမချင်း ပြန်ဖို့ အစီအစဉ် မရှိပါဘူး၊ ကျနော် မပြန်လည်း ဘာမှ မဖြစ်ပါဘူး၊ ပြည်ပမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်” လို့ အဝေးရောက် ညွန့်ပေါင်း အစိုးရ (NCGUB ) ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြည်ထဲရေး ၀န်ကြီးက ဒေါက်တာစိန်ဝင်း၊ ဦးမိုးသီးဇွန် အပါအ၀င် မည်သူမဆို မြန်မာပြည်အတွင်း ပြစ်မှု ကျူးလွန်ခဲ့ခြင်း မရှိရင် အချိန်မရွေး ပြန်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။နေပြည်တော် ခေါင်းဆောင်တွေဟာ ဒီလို ပြောနေကြတာထက်တရားဝင်ထုတ်ပြန် ကြေညာပြီးအားလုံးကိုဖိတ်ခေါ်ဖို့လိုတယ်လို့ ဒေါက်တာစိန်ဝင်းက ဧရာဝတီကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးမှု အပါအ၀င်အပြောင်းအလဲတချို့လုပ်ဆောင်နေတာတွေကို အသိအမှတ် ပြုပေမယ့် ဒါတွေဟာ အရင်က လုပ်ထားတဲ့ အမှားတွေကို ပြန်လည် ပြုပြင်နေတဲ့ အဆင့်ပဲ ရှိသေးတယ် လို့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ ဒေါက်တာနိုင်အောင်က ဆိုပါတယ်။
“ထောင်ထဲမှာ သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်၊ ညီအစ်ကို မောင်နှမတွေက စစ်တိုက်နေကြတဲ့ အချိန်မှာ ကျနော် တယောက်တည်း အထဲပြန်ရေးအတွက် အသုံးချရင် ဘယ်တရားပါ့မလဲ” လို့ ဆက်ပြောပါတယ်။
ဒေါက်တာနိုင်အောင်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတဲ့ အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းမြန်မာနယ်စပ်မှာ မကြာခင်က တွေ့ဆုံခဲ့သူပါ။“ပြည်သူတွေ အကြောက်တရား မရှိဘဲ လုံလုံခြုံခြုံ နေရမယ့် အခြေ အနေ အခုအထိ မတွေ့ရသေးဘူး” လို့လည်း သူက ထောက်ပြပါတယ်။ နိုင်ငံရပ်ခြား နဲ့ နယ်စပ်ဒေသကို ရောက်နေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ပြည်တော်ပြန်ဖို့ အချိန် တန်ပြီလား ဆိုပြီး ပြောဆို ဆွေးနွေးနေကြတာကတော့ လအနည်းငယ် ကြာခဲ့ပါပြီ။
သမ္မတဦးသိန်းစိန်ကလွန်ခဲ့တဲ့၅လက ပြောကြားခဲ့တဲ့မိန့်ခွန်းတခုမှာ ပြည်ပ ရောက်နေသူတွေကို ပြန်လာကြဖို့ ထည့်သွင်း ပြောကြားလိုက်ပြီး “ပြစ်မှု တခုခု ကျူးလွန်ထားသည့်တိုင်အဲဒီပြစ်မှုကို ပြန်လည်ကျခံပြီး နိုင်ငံရဲ့ လုပ်ငန်းစဉ်တွေမှာပါဝင်နိုင်တယ်” လို့ ဆိုခဲ့ပါတယ်။“အဆိုးဘက်ကို ပြန်မရောက်သွားဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး၊ ကျနော်ကတော့ ပြန်ဖို့ ကိစ္စ မစဉ်းစားသေးဘူး၊ အတော်စောပါသေးတယ်” လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
အစိုးရခေါင်းဆောင်များရဲ့ ပြည်တော်ပြန်ရေးဖိတ်ခေါ်ချက်အလုပ်မဖြစ်သေးတာဟာ နိုင်ငံရေး ပြောင်းလဲမှု နှေးကွေးနေတဲ့အချက် တခုတည်းတော့မဟုတ်ပါဘူး။ ပြည်ပရောက်နေတာ နှစ်၂၀ ကျော်လာချိန်မှာမိသားစုဘ၀နဲ့ ဖြစ်နေတဲ့အတွက် မြန်မာပြည်ပြန်ဖို့ ဆန္ဒကို အကောင်အထည်ဖော်ရေးမှာ ပြင်ဆင်စရာတွေ များနေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“အခြေအနေပေးတာနဲ့ ပြန်မယ်၊ ဒီအတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာက အစ ပြင်ဆင်နေရသေးတယ်၊ ပြန်ရင် ဘာလုပ်ရမလဲ ဆိုတာမျိုးက အရေးကြီးပါတယ်” လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။
ဒီအတောအတွင်း လက်ချိုးရေတွက်လို့ရတဲ့ ပမာဏပဲ ရှိသေးတဲ့ ပြည်တော်ပြန်သူတွေထဲမှာ ဦးအောင်သူငြိမ်းတို့ရဲ့ ဗဟုအဖွဲ့ဝင်တချို့လည်း ပါဝင်ပါတယ်။ထောင်ချီတဲ့ အတိုက်အခံတွေ၊ တတ်သိ ပညာရှင်တွေ ပြည်တော်ဝင်လိုကြသလို အရေအတွက် တသိန်းကျော်ရှိတဲ့ ထိုင်းမြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်တွေထဲက အများအပြားကလည်း နေရပ်ရင်းပြန်လိုတဲ့အတွက် ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားမယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်။
ပြည်ပရောက် စာနယ်ဇင်းသမားများကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ မြန်မာနိုင်ငံ လက်ရှိ အခြေအနေတွေကိုသွားရောက် လေ့လာလိုကြတယ်လို့ဧရာဝတီသတင်းဌာနအယ်ဒီတာ အောင်ဇော်က ပြောပါတယ်။ စာနယ်ဇင်းသမား တယောက် အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ ရမယ် ဆိုရင် အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး အင်အားစုတွေ၊ သာမန် ပြည်သူတွေနဲ့ တွေ့ဆုံ လိုတယ်လို့ သူက ဆိုပါတယ်။
ဧရာဝတီသတင်းဌာန မြန်မာ ပြည်တွင်းမှာ လုပ်ကိုင်ခွင့် ရရေး အတွက် ပြည်တွင်း မီဒီယာတွေရဲ့ အခြေအနေကို အနီးကပ် လေ့လာချင်တယ်လို့ သူက ဆက်ပြောပါတယ်။
“မြန်မာပြည်ရဲ့ မီဒီယာပိုင်းက လက်ရှိမှာ အတော် အားရစရာကောင်းနေတယ်၊ အရင်ထက် မျှော်လင့်ချက်တွေ အများကြီး ရှိလာတယ်၊ ဒီအခြေအနေ နောက်ပြန် မဆုတ်သွားဖို့၊ ဂငယ်ကွေ့ မကွေ့ပါစေနဲ့ လို့ပဲ ဆုတောင်းရမှာပါ” လို့ ဧရာဝတီ အယ်ဒီတာက ဆိုပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးအခြေအနေတွေဟာ ပြည်သူတွေ မျှော်မှန်းတဲ့ အဆင့်အထိ ရောက်ရှိဖို့ အတွက်တော့ အချိန်ကာလ တခုအထိ စောင့်ရဦးမယ် လို့ သူက သုံးသပ်တယ်။
အင်္ဂါနေ့မှာတော့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးသမား မစ်ခ်ျမက်ကောနဲလ်က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့နောက် မြန်မာပြည်မှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
မစ်ခ်ျမက်ကောနဲလ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို ဦးဆောင် ထောက်ခံတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဖြစ်တာကြောင့် သူ့ရဲ့ မှတ်ချက်ကို အများက စိတ်ဝင်စားနေကြပါပြီ။
တနင်္လာနေ့မှာလည်းထိုင်းအခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ငယ်တချို့ကဘန်ကောက်မြို့ မြန်မာသံရုံးကို သွားရောက်ပြီးဦးသိန်းစိန်ရဲ့အပြောင်းအလဲ ဖော်ဆောင်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ရေးသားထားတဲ့ စာတစောင် ပေးအပ်ခဲ့ပါတယ်။စာနယ်ဇင်းအပေါ်တင်းကျပ်မှု လျှော့ချပေးတာ၊ နိုင်ငံရေး ခေါင်းဆောင်အများအပြားကို ပြန်လွှတ်ပေးတာတွေဟာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ် လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ သူကပဲ မြန်မာပြည်ကို ပြန်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပြတယ်။
“ဒါပေမယ့် အစိုးရ က တရားဝင်ခေါ်ရင်တော့ တမျိုးပေါ့” လို့ သူက ဆိုပါတယ်။ပြည်ပမှာ နေထိုင်နေတဲ့ ကာလအတွင်း မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်စရာတွေ ရှိပါသေးတယ် လို့ သူက ဧရာဝတီကို ပြောပြပါတယ်။ပြည်ပရောက် ဒုက္ခသည်တွေ၊ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ စိတ်ချလက်ချ ပြန်တော်ပြန်နိုင်ကြဖို့ အစိုးရက လက်တွေ့ ဘယ်လို စီစဉ်မလဲ၊ ဒီလို အစီအစဉ်တွေ ဖြစ်ပေါ်ဖို့ အချိန် ဘယ်လောက် ကြာမလဲ ဆိုတာကတော့ လူအများအပြား မေးနေကြတဲ့၊ အစိုးရကိုယ်တိုင်လည်း အဖြေမပေးနိုင်သေးတဲ့ မေးခွန်းတွေပဲ ဖြစ်နေပါတော့တယ်။
source: http://burma.irrawaddy.org/archives/5113
သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဘယ်လိုလုပ်မှာလဲ
သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ဘယ်လိုလုပ်မှာလဲ
(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်အစီအစဉ်မှ ကောက်နှုတ်ချက်)
သမ္မတဦးသိန်းစိန် ပြောခဲ့တဲ့ မိန့်ခွန်းတွေမှာ ကောင်းမွန်တဲ့ အစိုးရနဲ့
သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင်လုပ်ဖို့ ပြောခဲ့သလို လာဘ်ပေးလာဘ်ယူကိစ္စ
ကင်းရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ ဦးသိန်းစိန် မှန်းသလို အမှန်တကယ်
သန့်ရှင်းတဲ့ အစိုးရမျိုး ဖြစ်နိုင်သလားဆိုတာ ခုလို သုံးသပ်ထားပါတယ်။
သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မကြာခင်က တက်လာတဲ့ အစိုးရသစ်ကို အစိုးရကောင်းတရပ် ဖြစ်စေချင်တဲ့ လက္ခဏာရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ အစိုးရကောင်းတရပ် ဖြစ်ဖို့အတွက် စီမံခန့်ခွဲမှု ကောင်းဖို့လိုတယ်၊ အုပ်ချုပ်မှု ကောင်းဖို့လိုတယ်၊ လူထုအပေါ် စေတနာထားရမယ်လို့ ပြောခဲ့သလို အုပ်ချုပ်မှုကောင်းမွန်တဲ့ Good Governance အစိုးရကောင်းတရပ် ဖြစ်ရမယ်၊ သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးလည်း ဖြစ်ရမယ် ဆိုတာကို သူ့မိန့်ခွန်းမှာ ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် ဖြစ်စေချင်တဲ့ အစိုးရမျိုးသာ လက်တွေ့ဖြစ်လာရင် အမေရိကန်အစိုးရ ဗြိတိသျှအစိုးရတို့ထက် ကောင်းတဲ့ အစိုးရမျိုးတောင် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာနိုင်တာမို့ ပြည်သူတွေဘက်ကလည်း လက်ခံကြမှာ အမှန်ဖြစ်ပါတယ်။
ဒါပေမယ့် အဲသလို စိတ်ကူးထဲက အစိုးရမျိုးဖြစ်ဖို့အတွက် အမှန်တကယ် အလုပ်လုပ်ရမယ့်သူတွေက ညွှန်ချုပ်က စပြီး အောင်ခြေ၀န်ထမ်းတွေသာ ဖြစ်တယ်။ ၀န်ကြီး၊ ဒု-၀န်ကြီးဆိုတာ ၅ နှစ် တကြိမ် ခေါင်းပြောင်းနေသူတွေဖြစ်တယ်။ ဒါကြောင့် ညွှန်ချုပ်က စပြီး အောက်ခြေ၀န်ထမ်းတွေ အရည်အချင်းပြည့်မှ ၀န်ကြီးဌာနအလုပ်တွေ သွက်လက်မြန်ဆန်လာမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထောက်ပြပါတယ်။
ဒီနေရာမှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှုးတို့ဆိုတာ အရပ်ဘက် ၀န်ထမ်းအဖွဲ့အစည်းမှာ အဆင့်အမြင့်ဆုံး အရာရှိတွေ ဖြစ်တဲ့အတွက် ဦးသိန်းစိန်စကားနဲ့ ပြောရရင် ဒီအရာရှိကြီးတွေဟာ အုပ်ချုပ်မှုကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။
ဝန်ကြီးဌာနအသီးသီးရဲ့ ညွှန်ချုပ်တို့၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ဆိုတာလဲ အရည်အချင်းရှိတဲ့ အရပ်သားမျိုးက အနည်းစုဖြစ်ပြီး စစ်ဗိုလ်လူထွက်တွေကသာ အများစု ဖြစ်နေပါတယ်။
သမတ ဦးသိန်းစိန် မျှော်မှန်းတဲ့ သန့်ရှင်းတဲ့ Clean Government အစိုးရဖြစ်ဘို့ တာဝန်အရှိဆုံးဆိုတဲ့ ညွှန်ချုပ်တွေဟာ ကနေ တဦးနဲ့တဦး အိမ်ဘယ်နှစ်လုံးရှိတယ်ဆိုတာသာ ပြိုင်နေသူတွေဖြစ်တယ်လို့ နေပြည်တော် အရာရှိတဦးက ပြောပြပါတယ်။
လက်တွေ့အခြေအနေ ပြန်ကြည့်ရင်လည်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဦးဌာန ညွှန်ချုပ်လည်းဖြစ်၊ စစ်တက္ကသိုလ် DSA 15 ဆင်းလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဆိုရင် လုံးချင်းအိမ်ချည်း ၁၂ လုံး ပိုင်တယ်လို့ စုံစမ်းသိရပါတယ်။
အဂတိလိုက်စားမှုတွေ မတရားမှုတွေကို စုံးစမ်းစစ်ဆေး ဖော်ထုတ်ရတဲ့ နာမည်ကျော် စသုံးလုံးအဖွဲ့ ညွှန်ချုပ် ဦးအောင်စောဝင်းကလည်း ခေသူမဟုတ်ဘူးလို့ သိရပါတယ်။ သူလည်းပဲ အိမ်လုံးချင်း အလုံး ၂၀ တောင် ပိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
အထူးသဖြင့် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း လက်ထက်မှာ လက်အောက်ခံ ညွှန်ချုပ် အများစုဟာ တချိန်က ၀န်ကြီး ဦင်္းအောင်သောင်း လာဘ်စားသလို လိုက်လုပ်ရင်း အဆမတန် ချမ်းသာလာသူတွေ များတယ်လို့ စက်မှု (၁) အရာရှိတွေကလည်း ပြောပါတယ်။
ဥပမာ - မကြာခင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှာ မလှိုင်က ၀င်အရွေးခံရင်း အနိုင်ရသွားတဲ့ ကြံ့ဖွံ့ပါတီက အမတ် ဦးအေးမောက်ဆိုရင် ရွေးကောက်ပွဲနိုင်ဖို့ ကျပ်ငွေ သိန်း ၄ ထောင်ကျော်ထိ သုံးစွဲနိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒီလောက် ငွေသုံးပြီး ဒု-၀န်ကြီးနေရာလောက် မရလို့တောင် ၀န်ကြီး ဦးအောင်သောင်းကို ဦးအေးမောက် မကျေမနပ် ဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ်။
တကယ်တော့ အဲဒီ ကြံ့ဖွံ့အမတ် ဦးအေးမောက်ဆိုတာ တချိန်က ၀န်ကြီးဟောင်း ဦးအောင်သောင်း လက်အောက်မှာ ညွှန်ချုပ်လုပ်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဖြစ်ပါတယ်။ ကိုယ့်အိတ်ထဲက သိန်း ၄ ထောင် အကုန်ခံပြီး ရွေးကောက်ပွဲသုံးနိုင်အောင် ညွှန်ချုပ်ဘ၀က ဘယ်လောက် အဂတိလိုက်စားခဲ့သလဲဆိုတာ တွက်နိုင်တယ်လို့ စက်မှု (၁) အရာရှိတွေက ပြောပါတယ် (မှတ်ချက် ။ ။ ကြံ့ဖွံအရာရှိတဦးရဲ့ ပြောဆိုချက်အရ ၀န်ကြီး ဦးအောင်သောင်းက ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် သူ့လက်အောက် ညွှန်ချုပ်တွေကို ကြံ့ဖွံ့ရန်ပုံငွေကနေ တဦး ကျပ်သိန်း ၃၀၀၀ ထုတ်ပေးခဲ့တယ်လို့လည်း နောက်ဆက်တွဲ စုံစမ်းသိရပါတယ်)။
ဒီနေရာမှာ စက်မှု (၁) ၀န်ကြီးဌာန ကြွေထည် မြေထည်လုပ်ငန်းက ပင်စင်ယူသွားတဲ့ စစ်ဗိုလ်လူထွက် ညွှန်ချုပ်ဟောင်း ဦးစိုးရီ ဆိုရင် တပြည်လုံးမှာ အိမ်အလုံး ၁၁ လုံးတောင် ပိုင်တယ်လို့ စက်မှု (၁) အရာရှိတွေက ပြောပါတယ်။ ဒါတောင် ညွှန်ချုပ်ဟောင်း ဦးစိုးရီ ပိုင်တဲ့ ငါးခြံတို့၊ ရေသန့်စက်ရုံတို့၊ ၀ပ်ရှော့တို့ ... စတဲ့ လုပ်ငန်းတွေ ထည့်မတွက်သေးပါဘူး။
ခြုံကြည့်ရင် ကနေ့ခေတ် ညွှန်ချုပ်အများစုက တလုံး ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ တန်တဲ့ အိမ်မျိုး ၁၀ လုံးအထက် ပိုင်သူတွေက များနေတာမို့ သမ္မတ ဦးသိန်းစိန် မျှော်မှန်းတဲ့ စိတ်ကူးယဉ် သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ နေပြည်တော်အရာရှိတဦးက ထောက်ပြပါတယ်။
အထူးသဖြင့် အစိုးရသစ်လက်ထက်မှာ ဗဟိုကနေ ချုပ်ကိုင်တဲ့စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန်ခံတဲ့ စနစ်မျိုးကို သွားမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့မိန်ခွန်းမှာ ပြောသွားပါတယ်။
ဘယ်လိုပုံစံ တာဝန်ခံရမလဲ ရှင်းရှင်းလင်းလင်း မရှိပေမယ့် လက်ရှိ ၀န်ကြီးဌာနအသီးသီးက ညွှန်ချုပ်တွေဟာ ဦးသိန်းစိန် စကားအရ ၀န်ကြီးအဖွဲ့ကို တာဝန်ခံရမယ့်သူတွေအဖြစ် လုပ်ပိုင်ခွင့်တွေ ပိုပြီး ကြီးမားလာမယ့်ပုံ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ပိုင်ခွင့်တွေ ကြီးမားလေ အဂတိလိုက်စားမှု ပိုပြီး ကြီးထွားလေဖြစ်ပြီး ညွှန်ချုပ်တွေ ပိုင်တဲ့ အိမ်လုံးရေတွေ များလာလေ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အိမ် ၁၀ လုံးအထက် ပိုင်တဲ့ ညွှန်ချုပ်အမျိုးအစားတွေနဲ့ သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: http://drlunswe.blogspot.com/2012/01/blog-post_6144.html
by Kyaw Swar on Monday, January 9, 2012 at 9:25am
စိတ်ပျက်မိပါတယ်
။ တော်တော်လေးကို စိတ်ပျက်မိပါတယ် လို့ပဲ ပြောချင်ပါတော့တယ် ။ ခုတလော
ကြားနေရတာတွေပါ ။ ကြားဖြတ်ရွေးကောက်ပွဲဝင်လို့ မကျေနပ်သူက မကျေနပ် ၊
ကြံ့ခိုင်ရေးနဲ့ ညီအစ်မပါတီလို့ စွပ်ဆွဲသူက စွပ်ဆွဲ ၊ အပုတ်ချ လုပ်ကြံဖို့
သတင်းသမားတွေ စောင့်ကြည့်ခိုင်းသူက စောင့်ကြည့် ၊ နိုင်ငံရေးအကျဉ်းသားတွေ
လွပ်မလာတာ အန်တီ့တစ်ယောက်ထည်း တာဝန်ရှိသလို ။ ဟိုလူကျတော့တွေ့ ငါတို့ကိုကျ
မတွေ့ဘူးလို့ ပြောလို့ပြော ။ အား..........စုံနေတာပါပဲ ။
ကဲ........ခင်ဗျားတို့ကို ကျနော် မေးချင်တယ် ။ ခင်ဗျားတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်စေချင်ကြတာလည်း ။ ဘာတွေပြော စေချင် နေကြတာလဲလို့ပဲ မေးချင်တော့တယ် ။ ၉၀ ခုနှစ်ကလို ရဲရဲတောက် မိန့်ခွန်းမျိုးတွေကိုပဲ ကြားချင်နေသေးတာလား ။ ၉၀ ခု နိုင်ငံရေး အခင်းအကျင်းနဲ့ ၂၀၁၁ နဲ့ က အများကြီးကွာခြားသွားပြီးဗျ ။ ၂၀၁၁ မှာ ပါတီဆက်လက်ရပ်တည်ရေးက ဘယ်လောက်ထိခက်ခဲနေလဲဆိုတာ ခင်ဗျားတို့ မမြင်ဘူးလားဗျ ။ စည်းရုံးရေးအတွက် ပါတီတွင်း ဆွေးနွေးဟောပြောခွင့်များနှင့် ဒီမိုကရေစီ အမြင်များ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံရေး လုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခြင်းသာ NLD အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ ပါတီးတွင်း ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြတာပါ ။ အစိုးရနဲ့ ပူးပေါင်းနေတာ မဟုတ်ပါဘူး ။ လိုအပ်တဲ့ အချိန်မှာ ပါတီအင်အားကို ထုတ်ဖော်နိုင်ဖို့ လူအင်အားစုစည်းပြီး စနစ်တကျပြင်ဆင်နေတယ်လို့ပဲ ယူဆကြပါ ။ သူ့နေရာကိုလည်း ကိုယ်ချင်းစာပြီး နည်းနည်းဝင်ကြည့် ကြပါဦးဗျာ ။ ဒီရေ ဒီလှေ ဒီလူနဲ့ လှော်ခတ်နေရတာ ခင်ဗျားတို့မို့ အားမနာ လျှာမကျိုး ပုတ်ခတ်နေရဲသေးတယ် ။ ပါတီတွင်းက ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင် သစ္စာဖောက် အမြတ်ထုတ်ခြင်းခံခဲ့ရလို့ ရွေးကောက်ပွဲအပေါ် သူ့ကြေငြာချက်တွေ သဲထဲရေသွန်ဖြစ်လို့ဖြစ် ၊ ပါတီဖျက်သိမ်းရေးအတွက် ကြံ့ဖွံ့အစိုးရရဲ့ အမြစ်ဖြုတ် တိုက်ခိုက်ရေး လမ်းစဉ်တွေကို အကာအကွယ်မရှိ အလူးအလဲ တွန်းလှန်ရင်ဆိုင် နေရတာဗျ ။ ခင်ဗျားတို့လို တတိယနိုင်ငံတွေမှာ Donate စားပြီး သက်တောင့်သက်သာ အခန့်သား ပြောချင်ရာ ပြောနေရတာမဟုတ်ဘူးဗျ ။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်နေတဲ့ နေရာမှာ နှစ်မျိုးနှစ်စားထဲပဲရှိပါတယ် ။ (၁) အချက်က ကြံ့ဖွံ့အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီပါတီကို လုထုယုံကြည်ကိုးစားမှု့ လျှော့နည်းစေချင်လို့ ဒီမိုဘက်တော်သား အချို့ကို သွေးဆောင်ဖျားယောင်းပြီး မီဒီယာအားကိုးနဲ့ တိုက်ခိုက်တဲ့ ခေါက်ရိုးကျိုးပုံစံ ၊ (၂) အချက်ကတော့ ကိုယ်တိုင်ကိုက လူရာမ၀င်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အမြတ်ထုတ်ပြီး ပေါ်ပြူလာလုပ် နေရာဝင်ယူချင် နေသူများသာ ဖြစ်ပါတယ်လို့ စွပ်ဆွဲလိုက်ပါတယ် ။
လက်ရှိအချိန်မှာ ကြံ့ဖွံ့အစိုးရ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကိုပြောပါဆို ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှု့ လျှော့နည်းစေချင်တယ်လို့ တစ်ပြိုင်တည်း ပြောကြမှာပဲ ။ သူတို့ကို ခင်ဗျားတို့ ဘယ်လောက်ဝေဖန် ဝေဖန် လုံးဝဂရုမစိုက်ဘူး ။ သူတို့မကောင်းတာ သူတို့လည်းသိတယ် ။ တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရော သိတယ် ။ သူတို့အတွက် သိပ်ထူးထူးထွေထွေ မရှိတော့ဘူး ။ သူတို့သေလောက်အောင် ကြောက်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒီထက် ပိုပြီး အင်အားကောင်းလာမှာကိုပဲ ။ အမတ်နေရာ ၆၀၀ကျော်ရှိတဲ့ လွှတ်တော်ထဲမှာ လက်ကျန် ၄၈ နေရာကိုပဲ NLD ကို ခွဲပေးလိုက်ရမှာ သူတို့အတွက် အကြီးမားဆုံး အကြောက်တရားပါ ။ လူထုထောက်ခံမှု့ အပြည့်အ၀နဲ့ NLD ပါတီ လွှတ်တော်ထဲ ရောက်လာပြီး တပ်မတော် အပေါ်မှာ သြဇာညောင်းသွားမှာကို အင်မတန် စိုးရိမ်ပူပန်နေကြပါတယ် ။ သူတို့တွေ စည်းရုံးသိမ်းသွင်းထားတဲ့ မဟာမိတ်တွေဆိုတာရော သူတို့အတွက် ဘယ်လောက် အာမခံချက်ပေးနိုင်မှာလဲ ။ အင်အားကောင်းလာရင် တားဆီးလို့ မရနိုင်တော့ပါဘူး ။ လွှတ်တော်တွင်း ပြောင်းလဲမှု့များ ဖြစ်ပေါ်လာပြီး လက်ရှိမတရားတဲ့ အခြေခံဥပဒေတွေကို ပြန်လည်ပြင်ဆင် မွမ်းမံသွားနိုင်ကြရင် သူတို့အတွက် ငယ်ထိပ်ကို မြွေတက်ပေါက်တာထက် ပိုဆိုးသွားနိုင်တယ် တွက်ချက်ထားပုံရပါတယ် ။ ဒါကြောင့်လည်း လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လှည့်တိုက်ဖို့ အတွက် အစွမ်းကုန် ကျိုးစားနေကြတာ ရှင်းနေတာပဲ ။
တစ်ကမ္ဘာလုံးတောင်းဆိုနေကြတဲ့ သုံးဘက်မြင် ထင်သာမြင်သာရှိတဲ့ တရားဝင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရှောင်လွှဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကိုယ်ကြားပဲ တွေ့ဆုံခဲ့တဲ့ ဦးသိန်းစိန်ရဲ့ လမ်းစဉ်ဟာ ရိုးသားမှု့လုံးဝမရှိပါဘူး ။ အချိန်တန်ရင် ချောက်ချဖို့ ကြိုတင်စီမံထားတဲ့ ထောင်ချောက်တစ်ခုဆိုတာ အခုပီပီပြင်ပြင်ကြီး မြင်နေရပါပြီ ။ လူထုစိန်ဝင်းက ပြည်သူကို သြဇာညောင်းတယ်ဆိုပြီး ညီအစ်မပါတီလို့ စွပ်ဆွဲပုတ်ခတ်အပြီး လွပ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ကျဉ်းတွေ ချန်လှပ်ပြီး ပြန်လွှတ်ခဲ့တာ စတာတွေဟာ သူတို့ချင်းလက်ဝါးချင်းရိုက်ပြီး လူထုနဲ့ဒေါ်စုကို ရန်တိုက်ပေးလိုက် သလိုပါပဲ ။ နိုင်ကျဉ်းကိစ္စကို လူထုကို အကြိမ်ကြိမ်ဂတိပေးခဲ့တဲ့ ဒေါ်အောင်းဆန်းစုကြည်ရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်ခြင်းပါ ။ ကဲ မင်းတို့ ခေါင်းဆောင် ဘာအသုံးကျလဲလို့ ပြောလိုက် သလိုဖြစ်နေတယ် ။ သူတို့ဖြစ်စေချင်တဲ့လမ်းကြောင်းတိုင်းလိုက်ပြီး ယောင်းဝါးဝါး ပြောဆိုပုတ်ခတ်နေမယ်ဆိုရင်တော့ အစိုးရမကောင်းကြောင်း ပြောတဲ့ အစိုးရလူလို့ပဲ သတ်မှတ်ရပါလိမ့်မယ် ။
ဒေါ်အောင်ဆန်းစုကြည် ၉၀ ခုနှစ်ထည်းက အမြဲပြောတဲ့ စကားက " လူထုဆန္ဒမပါရင် ဘာမှ မအောင်မြင်ပါဘူး " ဆိုတာပဲ ၊ ဒီနေ့ အထိလည်း ပြောနေတုန်းပါပဲ ။ " ပြည်းတွင်းစစ် ရပ်ဆဲရေးအတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကူညီကြပါလို့" ပြောသွားတာ ခင်ဗျားတို့ကို လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြပါလို့ မပြောရုံတမယ် ကျန်တော့တယ် ။ နိုင်ကျဉ်းလွပ်မြောက်ရေးအတွက် သူမကိုယ်တိုင်လည်း အဓိကထား တောင်းဆိုနေတာပဲ ။ သူမအနေနဲ့ မပြောသင့်တဲ့စကားတွေ အများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်နားလည်းကြဗျာ ။ ကိုယ်တိုင်တွေးတောပြီး ကိုယ်နေရာကနေ ကိုယ့်အစွမ်းရှိသလောက် တောင်းဆိုတိုက်ပွဲဝင်ကြရင် နေရာတိုင်းမှာ ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီ အသီးအပွင့်တွေ ပွင့်ဖူးလာကြမှာပဲ ။ အစစ အရာရာ အားကိုးမနေကြနဲ့ ။ ဟိုဟာလည်း အန်တီ ဒီဟာလည်း အန်တီ နေရာတကာ လိုက်လုပ်ပေးနေရမှာလား ။ တိတ်ကြပါတော့ ခင်ဗျားတို့ ပါးစပ်တွေကို တိတ်လိုက်ကြစမ်းပါဗျာ ။ ခင်ဗျားတို့ ပြောနေတာနဲ့ ကြောက်လန့်ပြီး နောက်ကွယ်မှာပုန်းနေတဲ့ ငနဲကြီးက ကြိတ်ပျော်နေပြီဗျ ။
ခင်ဗျားတို့ကို ပြောနေရတာ မဝေဖန်ပါနဲ့လို့ ပြောနေတာမဟုတ်ပါဘူး ။ ဒါက ခင်ဗျားတို့ရဲ့ လွပ်လပ်ခွင့်ပဲ ။ ဒါပေမယ့် အပုတ်ချပြီး စွပ်ဆွဲ တိုက်ခိုက်တာကြတော့ ဒီမိုကရေစီ မှော်လင့်ချက်တွေအတွက် အကောင်းမြင်တဲ့ ဝေဖန်မှု့ မဟုတ်တော့ဘူးဗျ ။ ချော်လည်းရောထိုင် ဖျာဝင်ခင်း လူထုအင်အားကို ဖြိုဖျက်ပြီး ဒီမိုကရေစီ သွေဖယ်ရေး စစ်အုပ်စုရဲ့ လမ်းစဉ်တွေ ဖြစ်နေတယ် ။ ကဲ ဒီမိုကရေစီဆိုတာ ပုဂိုလ်ရေးမဟုတ်ဘူးဆိုတဲ့လူတွေ ခင်ဗျားတို့မှာ လူထုယုံကြည်မှု့ ဘယ်လောက်ရှိလဲ ၊ အစိုးရကို ဖိအားပေးနိုင်တဲ့ အရည်အချင်းဘယ်လောက်ရှိနေလဲ ၊ နိုင်ငံတကာ ထောက်ခံမှု့ဘယ်လောက်ရှိနေလဲ ။ ဒီလိုမေးလိုက်လို့ အနာပေါ် ဒုတ်ကျပြီး မခံမရပ်နိုင် ဖြစ်သွားကြလား ။ အမှန်ကို လက်ခံပါဗျာ ။ ကိုယ်တိုင် ဘာမှ မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်တဲ့ လူကို ၀န်းရံပြီး ဒီမိုကရေစီလမ်းကြောင်းကို ဘာလို့ မချီတက်ချင်ကြသေးတာလဲ ။ ဒီစာရေးနေတာကလည်း ခင်ဗျားတို့က စစ်အုပ်ချုပ်ရေး ဆန့်ကျင်ပြီး ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးသူများ ဖြစ်တယ်လို့ ယုံကြည်ပေးနေသေးလို့ပဲ ။
Source: Kyaw Swar facebook မှကူးယူဖေါ်ပြပါသည်။
ဇန်နဝါရီ မနက်ခင်းဟာ မြူနှင်းတွေကြားမှာ ချောင်းကြည့်နေတယ်။ ရေဒီယိုက သတင်း ကြေညာသံတွေက ကျမကို စိတ်ခံစားမှုတွေ အများကြီးပေးပြီး မြန်မာပြည်တွင်းကို ခေါ်ဆောင် သွားတယ်။
နှစ်သစ်မှာ ဘဝသစ်တွေစဖို့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဖို့ သူတို့ရဲ့မိသားစုနဲ့ သူတို့ကို ချစ်ခင်သူတချို့ဟာ အကျဉ်းထောင်တွေရှေ့မှာ စုရုံးရောက်ရှိနေကြတယ်။ ၂၀၁၀ မှာ မြန်မာပြည်ရဲ့အပြောင်းအလဲဟာ ရုတ်တရက် အမြန်ရထား တစင်းရဲ့ အရှိန်မျိုးနဲ့ ပြောင်းလဲသွားတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ နှစ်သုတ် ခွဲလွှတ်မယ်လို့ အစိုးရ တာဝန်ရှိသူ မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာတွေမှာ အတိအလင်း ပြောဆိုခဲ့တာကိုး။
အကျဉ်းထောင် အသီးသီးရှေ့က လူတွေအားလုံး စိတ်အားထက်သန်မှုနဲ့ ထောင်ဗူးဝရှေ့ကို အာရုံစူးစိုက်ထားကြတယ်။ သူတို့အားလုံးဟာ သမ္မတ ဦးသိန်းစိန်အစိုးရသစ် ဆိုတဲ့ ခေတ်စနစ်ထဲကို အတင်းတွန်းပို့ခြင်း ခံထားရသူတွေပါ။ ဗူးတံခါးကနေ ထွက်ပေါ်လာမယ့် သူတွေကို မျှော်လင့်နေကြတဲ့ အကျဉ်းကျ မိသားစုတွေရဲ့ ခံစားမှုမျိုးစုံပါတဲ့ ဓာတ်ပုံတွေကို ရုပ်သံသတင်းတွေမှာ၊ အင်တာနက် သတင်းတွေမှာ ကြားဖြတ်သတင်းအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။
ဒီဓာတ်ပုံတွေထဲမှာ သံဆူးကြိုးနဲ့ သစ်သားဘောင်ကို ကျော်ပြီး အကျဉ်းထောင်ဗူးဝကို ကြည့် နေတဲ့ အမေအိုတယောက်ရဲ့ ဓာတ်ပုံကိုကြည့်ပြီး ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ခဲ့ရပါတယ်။
အမေအိုရဲ့ မျက်လုံးမှာ မျှော်လင့်ချက်အပြည့်နဲ့ပါ။ ဆံစတွေက နေလောင်ပြီး ဦးခေါင်းမှာ ဆီနဲ့ကင်းကွာနေတာ နှစ်ပေါင်းကြာနေပုံရတယ်။ ပါးရေတွေတွန့်ပြီး ဇရာရဲ့အရေးအကြောင်းတွေ ပြည့်နေတဲ့ အမေအိုဟာ ခေတ်စနစ်သာ ကောင်းခဲ့ရင် တရားဓမ္မအားထုတ်ပြီး ကျောင်းသင်္ခန်းထဲ နေရမယ့်အရွယ်ပါ။ ခုတော့ အကျဉ်းထောင်ရှေ့မှာ ရောက်ရှိနေပြီး သူ့ခင်ပွန်း၊ သူ့သား၊ သူ့မြေး တယောက်ယောက်ကို မျှော်လင့်နေပုံရတယ်။
အမေအိုရဲ့ မျက်လုံးထောင့်စွန်းမှာ မျက်ရည်စတွေ သီသီဝေ့နေတယ်။ အမေအိုရဲ့မျက်နှာ အမူအယာဟာ ခေတ်စနစ်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေသိရှိလိုက်ရလို့ အတော်ပင်ပန်းနွမ်းနယ်နေပုံ ရပါတယ်။ ဒါပေမယ့် သူ ပြန်မသွားဘူး။ နေညိုချိန်၊ ထောင်ဗူးဝပိတ်ချိန်ထိ ဒီနေရာကနေ ရပ် စောင့်နေမယ်လို့ ကျမခံစားမိတာနဲ့အတူ အမေအို ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းမိပါသေးတယ်။ အမေအိုရဲ့ မျှော်လင့်ချက်ဟာ အမေအိုနဲ့ ထပ်တူရှိပါစေ။ အဲဒီမျှော်လင့်ချက်က အမေအိုအတွက် အဓိကကျစေတဲ့ ခွန်အားဖြစ်နေလို့ပါပဲ။
လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်မှာ အဲဒီအမေအိုလိုမျိုး ကျမအဘွား ဒေါ်သန်းရွှေ ဟင်္သာတ အကျဉ်းထောင်ရှေ့သွားပြီး သူ့သားကြီး (ကျမဦးကြီး)အတွက် ထောင်ဝင်စာ တွေ့ခဲ့ဖူးတယ်။ သူ့သားကြီး လွတ်လာမယ် ထင်လို့ ထောင်ဗူးဝရှေ့မှာ သွားစောင့်ခဲ့ဖူးတယ်။
ကျမအဘွားက ဟင်္သာတအကျဉ်းထောင်မှာ နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ သားကြီး အတွက် ထောင်ဝင်စာပို့နိုင်ဖို့ အင်္ဂပူခရိုင်၊ ထူးကြီးကျေးရွာလေးကနေ မီးရထားစီးပြီး သွားရပါတယ်။ သူ့သားကြီး ကြိုက်တတ်တဲ့ ထန်းလျက်နဲ့ ပေါက်ပေါက်ဆုပ်၊ သနပ်ဖက် ဆေးပေါ့လိပ်၊ ငါးသလဲထိုး ကြော်၊ ကြက်သားကြော်လေးတွေကို ကြိုတင်စုဆောင်းပြီး ထောင်ဝင်စာတွေ့ရတာပါ။ ဒီအတွက် ကျမအဘွားက မုန့်ပျားသလက် လုပ်ရောင်းရတာပါ။
သူ့သားငယ် ကျမဖေဖေက အဲဒီအချိန်မှာ ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အကျဉ်းကျ ခံနေရချိန်ပါ။ ဖေဖေ့ကို လူပျောက်ရှာခဲ့ရတာ ဘွားဘွားနဲ့မေမေ ၃ နှစ်ကြာခဲ့ပါတယ်။ ကိုကိုးကျွန်း ကနေ ဖေဖေ ခြောက်လ တကြိမ်ပို့တဲ့ ဗလာစာမျက်နှာတရွက် အပြည့်ရေးထားတဲ့ စာလုံး သေးသေးလေးတွေကနေ “အမ ခင်ဗျား ကျန်းမာအောင်နေပါ၊ ကျနော် အမကို လက်အုပ်ချီ ကန်တော့ပါတယ်” ဆိုတဲ့စာကြောင်းလေးကို ခဲတံကို တံတွေးဆွတ်ပြီးဘွားဘွားက ထင်ရှားအောင် လုပ်ထားပါတယ်။ ဖေဖေ့ကို ဘွားဘွားက သတိရတိုင်း သူ့ချွေးခံအင်္ကျံအိတ်ထဲက စာလေးကို အမြဲ ထုတ်ကြည့်တတ်ပါတယ်။
သားကြီးကိုသာ ထောင်ဝင်စာမှာ လူကိုယ်တိုင်တွေ့နိုင်ပြီး သားငယ်ကို လူကိုယ်တိုင်တွေ့ခွင့် မရတဲ့အခါ ဘွားဘွားက ဖေဖေ့ကိုယ်စား ကျမကို မြေးတွေထဲမှာ ပိုပြီးဂရုဏာသက်ခဲ့ပုံရပါတယ်။ သားကြီးနဲ့ သားငယ်ကို တလှည့်စီ ပူပန်နေရတဲ့ ကျမအဘွားဟာ အမြဲတမ်း ငေးငိုင်နေခဲ့ပါတယ်။ သူ့ရဲ့ဆင်းရဲမှုကို သူရင်ဆိုင်နိုင်ခဲ့တာ သူ့သားတွေ ထောင်က ပြန်လွတ်လာမယ့်နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
တနေ့မှာ ကျမအဘွားက ခံတောင်းထဲ သားကြီးအကြိုက် စားစရာတွေထည့်၊ ရထားစီးပြီး ဟင်္သာတထောင်ကို သွားပါတယ်။ ထောင်ဗူးဝမှာ စာရင်းပေးပြီး အကျဉ်းဦးစီးဝန်ထမ်းတွေ နာမည်ခေါ်ချိန်ကို စောင့်နေရပါတယ်။ ညနေသာ စောင်းသွားရော အဘွားနာမည်ခေါ်တာ မကြားခဲ့ရဘူးတဲ့။ ဝန်ထမ်းတွေကတော့ “ခေါ်တယ်.. အမေကြီး မကြားတာ” လို့ လွယ်လင့်တကူပဲ ဖြေကြပါတယ်။ ဒါပေမယ့် ထောင်ဝင်စာကတော့ ပိတ်သွားပါပြီ။
ဒီတော့ အဘွားက အကျဉ်းဦးစီးဝန်ထမ်းတွေကို တောင်းပန်ပါတယ်။ “လူလေးတို့ရယ် အမေကြီးကို တွေ့ခွင့်ပေးပါ” တဲ့။ ဝန်ထမ်းတွေဆီမှာ နူးညံ့တဲ့၊ လူသားဆန်တဲ့ အသဲနှလုံး ရှိပုံမရဘူး။ အဘွား ထောင်ဝင်စာ မတွေ့ခဲ့ရပါဘူး။ အဘွားရဲ့မိခင်စိတ်ကိုတော့ အကျဉ်းဦးစီးဝန်ထမ်းတွေ တားဆီးလို့မရခဲ့ပါဘူး။
ကျေးတောသူ ကျမအဘွား သားအတွက် ထောင်ဝင်စာထည့်လာတဲ့ ခံတောင်းကိုရွက် ဟင်္သာတ အကျဉ်းထောင်အုတ်ရိုးကိုပတ်ပြီး သူ့သားကြီးကြားလိမ့်နိုးနဲ့ “သူငယ်ရေ သူငယ့်ဆီ အမ လာခဲ့တယ်။ သူငယ်သိအောင် အမပြောတာ” လို့ အော်ခဲ့ပါတယ်တဲ့။ အဘွားရဲ့နှလုံးသားကို ချေမွခံပြီးမှ ထွက်လာတဲ့ဒီအသံဟာ ခုချိန်ထိ ကျမတို့ဆီ ပဲ့တင်ပြန်နေတုန်းပါ။
ခေတ်ရိုင်းစနစ်ရိုင်းက အဘွားကို ကြင်နာနူးညံ့မှု၊ သိမ်မွေ့မှုတွေ မပေးခဲ့ပါဘူး။ မိသားစု အသိုက်အမြုံ၊ မိခင်ရင်ခွင်ထဲက သားနှစ်ယောက်ကို ဆွဲထုတ်ပြီး ခွဲခွာခြင်းနဲ့ စောင့်မျှော်ရခြင်းဆိုတဲ့ ခါးသီးမှုကိုပဲ ပေးခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ပြီးမှ လွတ်မြောက်လာတဲ့ သားငယ်ကိုလည်း အဘွား တွေ့မသွားခဲ့ရပါဘူး။ မုဆိုးမ ကျမအဘွား လည်ချောင်းကင်ဆာရောဂါနဲ့ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ရပါတယ်။
ကျမဖေဖေကတော့ သူ့မိခင် အသက်ရှင်နေသေးတယ်အထင်နဲ့ “အမ ခင်ဗျာ” လို့ အစချီပြီး ၆ လတကြိမ် ကိုကိုးကျွန်းကနေ စာပို့ခဲ့ပါတယ်။
ဖေဖေ အကျဉ်းထောင်က လွတ်မြောက်လာတဲ့အခါ ဘွားဘွားနောက်ဆုံးထွက်သက်မှာ ဝတ်ခဲ့တဲ့ ပဒုမ္မာ ရှန်သားအင်္ကျီလေးနဲ့ ဖေဖေ့လက်ရေးနဲ့ ရေးထားတဲ့စာတွေကို သိမ်းထားတဲ့ ချွေးခံ အင်္ကျံလေး၊ သရက်ထည် ပွင့်ရိုက် အညိုလေးကိုပဲ အလွမ်းပြေ တွေ့ရပါတော့တယ်။
အဘွားလက်ထက်ကနေ သူ့မြေး ကျမခေတ်အထိ ထောင်ဝင်စာတွေ့ခဲ့ရတာဟာ ကံတရားကြောင့်၊ ဝဋ်ကြွေးကြောင့် မဟုတ်ပါဘူး။ တည်ဆဲ လူနေမှုစနစ်ကြောင့်ပါ။
ဘဝတူ အကျဉ်းကျ မိသားစုတွေထဲက အမေအိုတွေကို ကျမကူညီခဲ့ဖူးပါတယ်။ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကိုစောဝင်း မိခင်၊ ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံ ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်း မိခင်၊ ပူတာအို အကျဉ်းထောင်မှာ အကျဉ်းကျခံရင်း ကျဆုံးသွားတဲ့ ကိုခင်မောင်လွင် မိခင်။ သူတို့တွေရဲ့သားအပေါ်ထားတဲ့ မိခင်မေတ္တာ၊ သံယောဇဉ်တွေက အင်မတန်မှ ကြီးမားလှပါတယ်။
ကိုစောဝင်း မိခင်ကြီး ဒေါ်မြရီဟာ အသက် ၈၀ ကျော်အထိ သားကို ထောင်ဝင်စာတွေ့ခဲ့ ရတာပါ။ မဟာမြိုင်၊ ယာကြီးလမ်း၊ ဂန့်ဂေါလမ်း ဆိုတဲ့ တောတောင်အထပ်ထပ်ကို ကျော်ပြီး သားရှိရာ ကလေးမြို့ အကျဉ်းထောင်အထိ ထောင်ဝင်စာ လစဉ်တွေ့ခဲ့သူ။
တောတောင်ထဲက၊ ကျေးလက်လမ်းအို၊ တောလမ်းအိုကြီးတွေကို ဖြတ်ရတဲ့အခါ ဆယ်ဘီးကား ဘီးရာ နက်နက်ကြီးထဲမှာ ကားမောင်းတော့ ဒေါ်မြရီ မျက်စိစုံမှိတ်လို့ ဘုရားစာ ရွတ်နေရတယ်။ အရိုးအဆစ်တွေ လှုပ်ခါယိမ်းထိုးအောင် ကားလမ်းကြမ်းတာမို့ လမ်းခုလတ်မှာ အမေကြီး တခုခုဖြစ်သွားရင် ဆိုတဲ့အတွေးက ကားသမားနဲ့ ခရီးသည်ရော ကျမတို့ပါ စိုးရိမ်ပူပန်ခဲ့ရတာ။
ဝန်နဲ့မမျှ ရုန်းနေရတဲ့ကားရဲ့ စူးစူးဝါးဝါး မြည်သံဟာ အမေကြီးရဲ့ သားအပေါ်မှာထားတဲ့ စိုးရိမ်ပူပန်မှုစိတ်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ နေရဉ္စရာမြစ်နဲ့ ချင်းတောင်တန်းတွေ ဝန်းရံထားတဲ့ ကလေးမြို့အကျဉ်းထောင် အုတ်ရိုးကို မြင်ရရင်ပဲ လမ်းခရီး ၃ ရက်ကြာ ပင်ပန်းခဲ့တဲ့ အမေအိုရဲ့ ခန္ဓာကိုယ် လန်းဆန်းသွားခဲ့တာ။ ထောင်ဗူးဝကို လျှောက်သွားနေတဲ့ အမေကြီးရဲ့ ခြေလှမ်းတွေကို တောင်ဝှေးက ကူပံ့ပေးခဲ့သလို သံယောဇဉ်ကြိုးကလည်း ကူပံ့ပေးခဲ့ပါတယ်။
ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းကျခံရင်း ကျဆုံးသွားတဲ့ လသာမြို့နယ် အဖွဲ့ချုပ်လူငယ် ကိုခင်မောင်မြင့်ရဲ့ မိခင်ကြီး ထောင်ဝင်စာလာတွေ့ရင် လူတွဲနဲ့လာရသူပါ။ သားရဲ့ဈာပန တည်းခိုရာ အိမ်ရှေ့ ရတနာပုံအိမ်ကြီးကအဖြတ် ကတ္တရာလမ်းပေါ် လူတွဲမပါဘဲ သားဇောနဲ့ပြေးထွက်လာပြီး “သားငယ် အမေ့ကိုပါ သားနဲ့တခါထဲ ခေါ်သွားပါသားရယ်” ဆိုတဲ့အသံ ကလေးမြို့ မြို့လူထုကိုတင် ရင်ဆို့စေတာမဟုတ်ဘဲ ကမ္ဘာမြေကြီးပါ ရင်ဆို့သွားရတယ်။ အဲဒီနေ့ ကိုခင်မောင်မြင့် ဈာပနချရာ သင်္ချိုင်းမြေမှာ မိုးရေတွေနဲ့ ရွှဲရွှဲစိုသွားတယ်။
ကလေးမြို့အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ်နဲ့ ၁၉၉၈ ခုနှစ်ထဲက အခုချိန်ထိ အကျဉ်းကျခံနေရတဲ့ ကျောင်းသားလူငယ် ကိုအေးအောင်ရဲ့ဖခင် ဦးသောင်းစိန်ရဲ့ မှတ်တမ်းစာအုပ်မှာ သားငယ်မှာလိုက်တဲ့ စကားနဲ့ သားအတွက်စားစရာ စာရင်းတွေ ပြည့်နေသလို သောကတွေလည်း ပြည့်နေပါလိမ့်မယ်။ အသက် ၆၀ ကျော်ကနေ ယနေ့အချိန်ထိ ထောင်ဝင်စာတွေ့နေရတဲ့ ဖခင်အိုရဲ့ မေတ္တာဟာ သားငယ်အတွက် စိတ်ခွန်အားပါပဲ။
“ဖေဖေ ဒီတခေါက်လာရင် သားအတွက် လေ့လာစရာ စာအုပ်တွေ ယူခဲ့ပေးပါ။ သားအတွက် လေ့လာစရာတွေ နောက်ကျနေပြီ” ဆိုတဲ့ သားငယ်စကားကို ပြန်ပြောပြပြီး ထောင်ဝင်စာကအပြန် လေးဘီးကားပေါ်မှာ ကိုအေးအောင် ဖခင် ဦးသောင်းစိန် ငိုကြွေးခဲ့ပါတယ်။
ကျမ နှလုံးသားထဲမှာ အဲဒီအသံတွေ ခုချိန်ထိကြားယောင်နေတုန်းပါ။
ယနေ့အချိန်ထိ အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုတွေကို တွေ့နေရခြင်းက တည်ဆဲလူနေမှုစနစ်ရဲ့ မရိုးသားမှု၊ ရက်စက်မှုဆိုရင် မှားမယ်မထင်ပါဘူး။
နိုင်ငံရေးအကျဉ်းကျ မိသားစုတွေရဲ့ သံယောဇဉ်ကတော့ မြန်မာပြည်အကျဉ်းထောင်အနှံ့မှာ စီးဆင်းနေဆဲပါပဲ..........။
မကြာမီနာရီပိုင်းအတွင်းတွင် ၂၀၁၂ နှစ်သစ်ကိုရောက်တော့မည်။ ၂၀၁၂ ကိုမရောက်မှီ ၂၀၁၁ တွင်ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာတလွှားတွင် အဘယ်အရာတို့ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာ့အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ အပြောင်းအလဲတို့ ချိတ်ဆက်နေသော်လည်း ကမ္ဘာတခုလုံးနှင့်ပတ်သတ်၍ စဉ်းစားရန် ဥာဏ်မမှီဟုပင် ၀န်ခံရ ပေမည်။
တက္ကသိုလ်ကျောင်းသား၊ တော်လှန်ရေးသမား၊ သတင်းစာဆရာ၊ ကျောင်းဆရာ စသည့်ဘ၀အချိုးအကွေ့ များကို ကျော်ဖြတ်လာလိုက်သည်မှာ နှစ်မနည်းတော့။ ဒီဇင်္ဘာ ၂ နှစ်ရက်နေ့တွင် အသက် ၄၀ တင်းတင်းပြည့်ခဲ့ပြီ။ လောကဓံ လှိုင်းဂယက်ထဲတွင် ဆက်လက်စီးမျောနေဆဲ။ ကျောင်းဆရာတဦးအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စား သည်မှာ မဆန်းပေ။ အထူးသဖြင့်မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုစိတ်ဝင်စားသည်။ မြန်မာ့ နိုင်ငံရေးစနစ် ပြောင်းလဲမှုသည် သန်း (၆၀) နီးပါးသော မြန်မာလူထုအတွက် အရေးအကြီးဆုံးသော အရာမဟုတ်ပါလော။
၂၀၁၁ နှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည်ဟု အချို့သော နိုင်ငံရေးသမား၊ ၀ါရင့်သတင်းစာ ဆရာများက ရေးသားသည်ကို ဖတ်ရသည်။ ရှုထောင့်ပေါင်းစုံမှ တင်ပြကြသည်ကို ဖတ်ကြည့်သည်။ လေ့လာကြည့်သည်။ လက်လှမ်းမှီသလောက် တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ ပညာရေးတွင် ဦးဆောင်ဦးရွက်ပြုသူများနှင့် ဖုန်းဖြင့်တမျိုး၊ အီးမေးလ်ဖြင့်တဖုံ၊ စကားဝိုင်းဖွဲ့ကာတမျိုး ပြောဖြစ်ကြသည်။
အချို့သော ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေး အရွေ့ဟု ပြောဆို ကြသည်။ မှန်သင့်သလောက် မှန်သည်ဟု ကောက်ချက်ချမိသည်။ သို့ရာတွင် အရွယ်ရောက်လာစဉ်ကတည်းက ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး အောက်တွင်ကြီးပြင်းခဲ့ရသော၊ တသက်လုံး အစိုးရဆန့်ကျင်ရေး လုပ်လာခဲ့သူ တဦးအနေဖြင့် လက်ရှိအစိုးရ၏ မြှုပ်ကွက် ရွှေ့ကွက်ကို စိတ်ပျက်မိသည်။
ဒီမိုကရေစီ အဓိက ၀ါဒီများ အဖို့ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အစိတ်အပိုင်းဖြစ်သည်။ သို့ရာတွင် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာသူများအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် ဒီမိုကရေစီသည် အစိတ်အပိုင်း တရပ်သာဖြစ်ပြီး၊ တိုင်းရင်းသားတို့၏အရေးသည် ပို၍အရေးပါသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်တို့အနေဖြင့် တိုင်းရင်းသားအရေးကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။ လွန်ခဲ့သော ၁၉၉၀ ကျော်ခုနှစ်များအတွင်းက ဖြေရှင်းခဲ့သော ဖြေရှင်းနည်းအတိုင်းသာ ဖြေရှင်းပါက နောက်ထပ် မြန်မာနိုင်ငံ နယ်စပ် တလျှောက်တွင် စစ်ဘုရင်များ အမြောက်အများ ပေါ်ပေါက်လာပေဦးမည်။
၁၉၉၀ ကျော် ခုနှစ်များအတွင်း KIO၊ UWSA၊ SSA-N၊ NDAK၊ MNSP စသည့်တိုင်းရင်းသား လက်နက်ကိုင်တို့ နှင့်အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ အစိုးရသတင်းစာများတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်ဟု ဖေါ်ပြထားသည်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက် စစ်ခေါင်းဆောင်များမှ တိုင်းရင်းသားများကို မျက်နှာချို သွေးကာ တရားဝင်သော စီးပွားရေးလုပ်ငန်းနှင့် တရားမ၀င်သော စီးပွားရေုးလုပ်ငန်းမျာကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။
တိုင်းရင်းသားတို့ ထိမ်းချုပ်ရာနေရာသို့ စစ်တပ်အရာရှိများ သွားလိုပါက ပါလာသော လက်နက်များကို အပ်ပြီးမှ ၀င်ခွင့်ရသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို စီးပွားရေးလုပ်ငန်းများ ထိုးအပ်ပြီး တော်လှန်ရေးကို ဖျက်ဆီးပစ်မည့် မဟာဗျူဟာ ကိုချမှတ် အကောင်အထည် ဖေါ်ခဲ့သည်။ အောင်မြင်သင့်သလောက် အောင်မြင်သည်ဟု ဆိုရပေမည်။
သို့ရာတွင် နှစ် ၂၀ နီးပါးကြာသောအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ ချိနဲ့မသွားဘဲ လူသူလက်နက် အင်အား ပိုမိုတောင်းတင်း လာသည် ကိုတွေ့ရသည်။ စစ်ဘုရင်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ စစ်ဘုရင်အုပ်စု နှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရသည်။ လက်ရှိအုပ်ချုပ်နေသာ စစ်အစိုးရ၏ တိုင်းမှူး၊ တပ်မမှူး စစ်ဘုရင်များနှင့် တိုင်းရင်းသား စစ်ဘုရင်များ ဖြစ်သည်။
ကမ္ဘာ့သမိုင်း ဖြစ်စဉ်တလျှောက်တွင် စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို မည်သည့်အခါမျှ တည်ဆောက်နိုင် ခြင်း မရှိသည်ကို တွေ့ရသည်။ စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို တည်ဆောက်ရိုးထုံးစံမရှိ။ တရုတ်နိုင်ငံ စစ်ဘုရင် အုပ်ချုပ်သော ခေတ်ကိုကြည့်ပါ။ ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်ဘုရင်တို့ အကြောက်ဆုံးသော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသော နယ်မြေတွင် စစ်ဘုရင်များ ပေါ်ပေါက်ခြင်း သမိုင်းတွင် မရှိခဲ့။
မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် တိုင်းရင်းသား ပြည်သူတို့၏ ဘ၀ပျက်စီးရသည်။ အထူးသဖြင့် လူမမယ် ကလေးငယ်များနှင့် အမျိုးသမီးတို့၏ ဘ၀ထိခိုက် ပျက်စီးကြရသည်။ စစ်ကြောင့် ထွက်ပြေးနေရသော ကလေးငယ်များ တိုင်းတပါးတွင် မျက်နှာငယ်လေးနှင့် နေထိုင်ကြရသည်။ အနာဂတ်ပျောက်နေရသည်။ တိုင်းရင်းသူများမှာ စစ်ကြောင့်ဘ၀ပျက်ကြရသည်။ မိသားစုဘ၀ ပျက်ခဲ့ရသည့် သားသည်မိခင်တို့ကား နယ်စပ်တစ်လျှောက်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မရေမတွက်နိုင်။
မျိုးမစစ်သော ငြိမ်းချမ်းရေး ယခုတဖန် ပေါ်ပေါက်လာပြန်သည်။ ဗမာစစ်ဘုရင်များက တိုင်းရင်းသား စစ်ဘုရင်များကို နယ်မြေများအပိုင်စားပေးကာ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြသည်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို နေ့စဉ်ရက်ဆက် ကြားနေရသည်။ တိုင်းရင်းသားစစ်ဘုရင် တို့ကလည်း တိုင်းရင်းသူတို့၏ ဘ၀လုံခြုံမှု အတွက် အာမခံချက်မရှိမှီ လက်နက်ကို စွန့်လွှတ်မည် မဟုတ်။
နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့် ဗိုလ်ကျမှုများကို ကိုယ်တွေ့ခံစားခဲ့ရသော တိုင်းရင်းသား စစ်ဘုရင်များ ဘက်မှလည်း ငြိမ်းချမ်းရေးကို အရင်းတည်ကာ လူသူလက်နက်တပ်ဆင်မည်။ ဗမာစစ်ဘုရင်များဘက်မှလည်း အပစ်အခတ်ရပ်စဲရေးကို အခြေခံကာ လျှိုသတ်၊ ခွဲသတ် လုပ်ဦးမည်။
ယခုအခါ ငြိမ်းချမ်းရေးစကား၊ အပစ်အခတ်ရပ်စဲရေး စကားကို ဗမာစစ်ဘုရင်နှင့် တိုင်းရင်းသားစစ်ဘုရင်များ အကြား ကြားခံပွဲစားများကလည်း ဝေစုခွဲရန် နှစ်ဦးနှစ်ဘက် မျက်နှာချိုသွေးကာ ရွှေလမ်းငွေလမ်း ဖေါက်နေ သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှာကား ၊ မိဘ ဆွေမျိုး၊ အသိုင်းအ၀ိုင်းကင်းမဲ့သော မိန်းမပျိုလေးတဦး တရားဥပဒေနှင့် လူ့ကျင့်ဝတ် မရှိသည်နေရာတွင် စော်ကားမော်ကားပြုကျင့်ခံနေရသည်နှင့်တူပေသည်။
မြန်မာ့ သယံဇာတများကို ဝေစုခွဲစားသောက်နေသူများတွင် ဗမာစစ်ဘုရင်များ ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊လွှတ်တော်အမတ်များ၊ တရုတ်၊ ကုလား စီးပွားရေး ကုမ္ပဏီများနှင့် တိုင်းရင်းသား စစ်ဘုရင်များပါဝင်ကြသည်။
မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် သေနတ်သံများ အခိုက်အတန့် တိတ်ဆိတ်နေခြင်းသာဖြစ်သည်။ ပြည်တွင်းစစ်ဒဏ်တွင် အဓိကခံစားရသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်သည်။ ကမ္ဘာ တ၀ှမ်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကလေးငယ်များ ပညာရေးနှင့် ဝေးနေကြရသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ကမ္ဘာတ၀ှမ်း ကလေးငယ်ပေါင်း ၂၈ သန်းသည် ကျောင်းပြင်ပရောက် နေကြရသည်ဟု UNESCO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ အသက်အိုးအိမ် မည်မျှ ဆုံးရှုံးခဲ့သည်ကို စာရင်းဇယား တိတိကျကျ စာရင်းကောက်ယူထားခြင်း မရှိပေ။
ယခုအချိန်တွင်ပင် စစ်ဒဏ်ကြောင့် ထွက်ပြေးနေရသည့် ကလေးငယ်များအရေအတွက် မည်မျှရှိသည်ကို အတိအကျ စာရင်းဇယား မရှိ။ စစ်ကြောင့် ပြည်တွင်း၌ အိုးအိမ်ပစ်ကာ ထွက်ပြေးနေရသူ ပေါင်း ၄၀၀၀၀၀ လေးသိန်းခန့် ရှိမည်ဟု Displacement continues in context of armed conflict အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းကိုးခုတွင် မြန်မာနိုင်ငံသားဒုက္ခသည် (၁၅၀၀၀၀) တသိန်းခွဲရှိနေဆဲ။
မြန်မာ့ ဓနဥစ္စာကို ဝေစုခွဲယူနေကြသူများအနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ အာဂတိ လိုက်စားမှု အများဆုံးနိုင်ငံ၊ ပညာရေးအနိမ့်ဆုံးနိုင်ငံ၊ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံးနိုင်ငံ၊ အာရှတွင် ဒုက္ခသည် ထုတ်လုပ်သော နိုင်ငံ၊ အာရှတွင် စစ်တပ်အင်အား အကြီးဆုံးနိုင်ငံဖြစ်နေသည်ကို စဉ်းစားစေချင်သည်။
စစ်တပ်အင်အား ငါးသိန်းခန့်၊ တိုင်းရင်းသားလက်နက်ကိုင်အရေ အတွက် (၇၀၀၀၀-၁၀၀၀၀၀) ခုနှစ်သောင်းနှင့် တသိန်း၊ သာသနာ့ဝန်ထမ်း အရေအတွက်က (၅၀၀၀၀၀) ငါးသိန်းနီးပါး စုစုပေါင်း (စစ်၊ တိုင်းစစ်၊ သာသန ) တသန်းနီးပါး၏ ၀န်ကို သန်းငါးဆယ်ကျော်သော မြန်မာပြည်သူများက တာဝန်ယူနေကြရသည်။ စစ်တပ်အင်အားစုစုပေါင်း ( စစ်တပ်၊ တိုင်းရင်းသား) ခြောက်သိန်း၊ သာသန၀န်ထမ်း ငါးသိန်းတို့၏ ၀န်ကို ထမ်းဆောင်နေရသော အမိမြန်မာပြည်သူများမှာ ခါးကျိုးကာ အိပ်ရာထဲ လဲနေသည့် လူမမာနှယ်။
အမိမြန်မာနိုင်ငံကြီး၏ ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။ ဒီမိုကရေစီသည် အမိမြန်မာနိုင်ငံအတွက် တခုတည်းသော အဖြေမဟုတ်။ တိုင်းရင်းသားပေါင်းစုံ ယှဉ်တွဲနေထိုင် နိုင်သည့် စနစ်သည်သာလျင် အဖြေဖြစ်ပေမည်။
လာမည့် ၂၀၁၂ နှစ်သစ်ကို မြန်မာပြည်သူတို့၏ မင်္ဂလာအပေါင်းနှင့် ခညောင်းသောနှစ်အဖြစ် မည်ကဲ့သို့ဖော်ဆောင်ကြမည်ကို ၀ိုင်းဝန်းကြိုးစား အကောင်အထည် ဖော်ရပေဦးမည်။
လှရွှေ
ှSource: http://maukkha.org/index.php/feature-article/1686-maukkha-2012-and-myanmar-future
သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မကြာခင်က တက်လာတဲ့ အစိုးရသစ်ကို အစိုးရကောင်းတရပ် ဖြစ်စေချင်တဲ့ လက္ခဏာရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ အစိုးရကောင်းတရပ် ဖြစ်ဖို့အတွက် စီမံခန့်ခွဲမှု ကောင်းဖို့လိုတယ်၊ အုပ်ချုပ်မှု ကောင်းဖို့လိုတယ်၊ လူထုအပေါ် စေတနာထားရမယ်လို့ ပြောခဲ့သလို အုပ်ချုပ်မှုကောင်းမွန်တဲ့ Good Governance အစိုးရကောင်းတရပ် ဖြစ်ရမယ်၊ သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးလည်း ဖြစ်ရမယ် ဆိုတာကို သူ့မိန့်ခွန်းမှာ ထပ်တလဲလဲ တိုက်တွန်းခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် ဖြစ်စေချင်တဲ့ အစိုးရမျိုးသာ လက်တွေ့ဖြစ်လာရင် အမေရိကန်အစိုးရ ဗြိတိသျှအစိုးရတို့ထက် ကောင်းတဲ့ အစိုးရမျိုးတောင် မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာနိုင်တာမို့ ပြည်သူတွေဘက်ကလည်း လက်ခံကြမှာ အမှန်ဖြစ်ပါတယ်။
ဒါပေမယ့် အဲသလို စိတ်ကူးထဲက အစိုးရမျိုးဖြစ်ဖို့အတွက် အမှန်တကယ် အလုပ်လုပ်ရမယ့်သူတွေက ညွှန်ချုပ်က စပြီး အောင်ခြေ၀န်ထမ်းတွေသာ ဖြစ်တယ်။ ၀န်ကြီး၊ ဒု-၀န်ကြီးဆိုတာ ၅ နှစ် တကြိမ် ခေါင်းပြောင်းနေသူတွေဖြစ်တယ်။ ဒါကြောင့် ညွှန်ချုပ်က စပြီး အောက်ခြေ၀န်ထမ်းတွေ အရည်အချင်းပြည့်မှ ၀န်ကြီးဌာနအလုပ်တွေ သွက်လက်မြန်ဆန်လာမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထောက်ပြပါတယ်။
ဒီနေရာမှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှုးတို့ဆိုတာ အရပ်ဘက် ၀န်ထမ်းအဖွဲ့အစည်းမှာ အဆင့်အမြင့်ဆုံး အရာရှိတွေ ဖြစ်တဲ့အတွက် ဦးသိန်းစိန်စကားနဲ့ ပြောရရင် ဒီအရာရှိကြီးတွေဟာ အုပ်ချုပ်မှုကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။
ဝန်ကြီးဌာနအသီးသီးရဲ့ ညွှန်ချုပ်တို့၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ဆိုတာလဲ အရည်အချင်းရှိတဲ့ အရပ်သားမျိုးက အနည်းစုဖြစ်ပြီး စစ်ဗိုလ်လူထွက်တွေကသာ အများစု ဖြစ်နေပါတယ်။
သမတ ဦးသိန်းစိန် မျှော်မှန်းတဲ့ သန့်ရှင်းတဲ့ Clean Government အစိုးရဖြစ်ဘို့ တာဝန်အရှိဆုံးဆိုတဲ့ ညွှန်ချုပ်တွေဟာ ကနေ တဦးနဲ့တဦး အိမ်ဘယ်နှစ်လုံးရှိတယ်ဆိုတာသာ ပြိုင်နေသူတွေဖြစ်တယ်လို့ နေပြည်တော် အရာရှိတဦးက ပြောပြပါတယ်။
လက်တွေ့အခြေအနေ ပြန်ကြည့်ရင်လည်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဦးဌာန ညွှန်ချုပ်လည်းဖြစ်၊ စစ်တက္ကသိုလ် DSA 15 ဆင်းလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဆိုရင် လုံးချင်းအိမ်ချည်း ၁၂ လုံး ပိုင်တယ်လို့ စုံစမ်းသိရပါတယ်။
အကျဉ်းဦးစီး ညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်ဝင်း
အဂတိလိုက်စားမှုတွေ မတရားမှုတွေကို စုံးစမ်းစစ်ဆေး ဖော်ထုတ်ရတဲ့ နာမည်ကျော် စသုံးလုံးအဖွဲ့ ညွှန်ချုပ် ဦးအောင်စောဝင်းကလည်း ခေသူမဟုတ်ဘူးလို့ သိရပါတယ်။ သူလည်းပဲ အိမ်လုံးချင်း အလုံး ၂၀ တောင် ပိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
အထူးသဖြင့် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း လက်ထက်မှာ လက်အောက်ခံ ညွှန်ချုပ် အများစုဟာ တချိန်က ၀န်ကြီး ဦင်္းအောင်သောင်း လာဘ်စားသလို လိုက်လုပ်ရင်း အဆမတန် ချမ်းသာလာသူတွေ များတယ်လို့ စက်မှု (၁) အရာရှိတွေကလည်း ပြောပါတယ်။
ဥပမာ - မကြာခင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှာ မလှိုင်က ၀င်အရွေးခံရင်း အနိုင်ရသွားတဲ့ ကြံ့ဖွံ့ပါတီက အမတ် ဦးအေးမောက်ဆိုရင် ရွေးကောက်ပွဲနိုင်ဖို့ ကျပ်ငွေ သိန်း ၄ ထောင်ကျော်ထိ သုံးစွဲနိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒီလောက် ငွေသုံးပြီး ဒု-၀န်ကြီးနေရာလောက် မရလို့တောင် ၀န်ကြီး ဦးအောင်သောင်းကို ဦးအေးမောက် မကျေမနပ် ဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ်။
တကယ်တော့ အဲဒီ ကြံ့ဖွံ့အမတ် ဦးအေးမောက်ဆိုတာ တချိန်က ၀န်ကြီးဟောင်း ဦးအောင်သောင်း လက်အောက်မှာ ညွှန်ချုပ်လုပ်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဖြစ်ပါတယ်။ ကိုယ့်အိတ်ထဲက သိန်း ၄ ထောင် အကုန်ခံပြီး ရွေးကောက်ပွဲသုံးနိုင်အောင် ညွှန်ချုပ်ဘ၀က ဘယ်လောက် အဂတိလိုက်စားခဲ့သလဲဆိုတာ တွက်နိုင်တယ်လို့ စက်မှု (၁) အရာရှိတွေက ပြောပါတယ် (မှတ်ချက် ။ ။ ကြံ့ဖွံအရာရှိတဦးရဲ့ ပြောဆိုချက်အရ ၀န်ကြီး ဦးအောင်သောင်းက ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် သူ့လက်အောက် ညွှန်ချုပ်တွေကို ကြံ့ဖွံ့ရန်ပုံငွေကနေ တဦး ကျပ်သိန်း ၃၀၀၀ ထုတ်ပေးခဲ့တယ်လို့လည်း နောက်ဆက်တွဲ စုံစမ်းသိရပါတယ်)။
ဒီနေရာမှာ စက်မှု (၁) ၀န်ကြီးဌာန ကြွေထည် မြေထည်လုပ်ငန်းက ပင်စင်ယူသွားတဲ့ စစ်ဗိုလ်လူထွက် ညွှန်ချုပ်ဟောင်း ဦးစိုးရီ ဆိုရင် တပြည်လုံးမှာ အိမ်အလုံး ၁၁ လုံးတောင် ပိုင်တယ်လို့ စက်မှု (၁) အရာရှိတွေက ပြောပါတယ်။ ဒါတောင် ညွှန်ချုပ်ဟောင်း ဦးစိုးရီ ပိုင်တဲ့ ငါးခြံတို့၊ ရေသန့်စက်ရုံတို့၊ ၀ပ်ရှော့တို့ ... စတဲ့ လုပ်ငန်းတွေ ထည့်မတွက်သေးပါဘူး။
ခြုံကြည့်ရင် ကနေ့ခေတ် ညွှန်ချုပ်အများစုက တလုံး ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ တန်တဲ့ အိမ်မျိုး ၁၀ လုံးအထက် ပိုင်သူတွေက များနေတာမို့ သမ္မတ ဦးသိန်းစိန် မျှော်မှန်းတဲ့ စိတ်ကူးယဉ် သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ နေပြည်တော်အရာရှိတဦးက ထောက်ပြပါတယ်။
အထူးသဖြင့် အစိုးရသစ်လက်ထက်မှာ ဗဟိုကနေ ချုပ်ကိုင်တဲ့စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန်ခံတဲ့ စနစ်မျိုးကို သွားမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့မိန်ခွန်းမှာ ပြောသွားပါတယ်။
ဘယ်လိုပုံစံ တာဝန်ခံရမလဲ ရှင်းရှင်းလင်းလင်း မရှိပေမယ့် လက်ရှိ ၀န်ကြီးဌာနအသီးသီးက ညွှန်ချုပ်တွေဟာ ဦးသိန်းစိန် စကားအရ ၀န်ကြီးအဖွဲ့ကို တာဝန်ခံရမယ့်သူတွေအဖြစ် လုပ်ပိုင်ခွင့်တွေ ပိုပြီး ကြီးမားလာမယ့်ပုံ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ပိုင်ခွင့်တွေ ကြီးမားလေ အဂတိလိုက်စားမှု ပိုပြီး ကြီးထွားလေဖြစ်ပြီး ညွှန်ချုပ်တွေ ပိုင်တဲ့ အိမ်လုံးရေတွေ များလာလေ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အိမ် ၁၀ လုံးအထက် ပိုင်တဲ့ ညွှန်ချုပ်အမျိုးအစားတွေနဲ့ သန့်ရှင်းတဲ့ Clean Government အစိုးရမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: http://drlunswe.blogspot.com/2012/01/blog-post_6144.html
ဒီရေ ဒီလှေ ဒီလူနဲ့ လှော်ခတ်နေရတာ ခင်ဗျားတို့မို့ အားမနာ လျှာမကျိုး ပုတ်ခတ်နေရဲသေး
by Kyaw Swar on Monday, January 9, 2012 at 9:25am
ကဲ........ခင်ဗျားတို့ကို ကျနော် မေးချင်တယ် ။ ခင်ဗျားတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်စေချင်ကြတာလည်း ။ ဘာတွေပြော စေချင် နေကြတာလဲလို့ပဲ မေးချင်တော့တယ် ။ ၉၀ ခုနှစ်ကလို ရဲရဲတောက် မိန့်ခွန်းမျိုးတွေကိုပဲ ကြားချင်နေသေးတာလား ။ ၉၀ ခု နိုင်ငံရေး အခင်းအကျင်းနဲ့ ၂၀၁၁ နဲ့ က အများကြီးကွာခြားသွားပြီးဗျ ။ ၂၀၁၁ မှာ ပါတီဆက်လက်ရပ်တည်ရေးက ဘယ်လောက်ထိခက်ခဲနေလဲဆိုတာ ခင်ဗျားတို့ မမြင်ဘူးလားဗျ ။ စည်းရုံးရေးအတွက် ပါတီတွင်း ဆွေးနွေးဟောပြောခွင့်များနှင့် ဒီမိုကရေစီ အမြင်များ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံရေး လုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခြင်းသာ NLD အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ ပါတီးတွင်း ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြတာပါ ။ အစိုးရနဲ့ ပူးပေါင်းနေတာ မဟုတ်ပါဘူး ။ လိုအပ်တဲ့ အချိန်မှာ ပါတီအင်အားကို ထုတ်ဖော်နိုင်ဖို့ လူအင်အားစုစည်းပြီး စနစ်တကျပြင်ဆင်နေတယ်လို့ပဲ ယူဆကြပါ ။ သူ့နေရာကိုလည်း ကိုယ်ချင်းစာပြီး နည်းနည်းဝင်ကြည့် ကြပါဦးဗျာ ။ ဒီရေ ဒီလှေ ဒီလူနဲ့ လှော်ခတ်နေရတာ ခင်ဗျားတို့မို့ အားမနာ လျှာမကျိုး ပုတ်ခတ်နေရဲသေးတယ် ။ ပါတီတွင်းက ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင် သစ္စာဖောက် အမြတ်ထုတ်ခြင်းခံခဲ့ရလို့ ရွေးကောက်ပွဲအပေါ် သူ့ကြေငြာချက်တွေ သဲထဲရေသွန်ဖြစ်လို့ဖြစ် ၊ ပါတီဖျက်သိမ်းရေးအတွက် ကြံ့ဖွံ့အစိုးရရဲ့ အမြစ်ဖြုတ် တိုက်ခိုက်ရေး လမ်းစဉ်တွေကို အကာအကွယ်မရှိ အလူးအလဲ တွန်းလှန်ရင်ဆိုင် နေရတာဗျ ။ ခင်ဗျားတို့လို တတိယနိုင်ငံတွေမှာ Donate စားပြီး သက်တောင့်သက်သာ အခန့်သား ပြောချင်ရာ ပြောနေရတာမဟုတ်ဘူးဗျ ။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်နေတဲ့ နေရာမှာ နှစ်မျိုးနှစ်စားထဲပဲရှိပါတယ် ။ (၁) အချက်က ကြံ့ဖွံ့အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီပါတီကို လုထုယုံကြည်ကိုးစားမှု့ လျှော့နည်းစေချင်လို့ ဒီမိုဘက်တော်သား အချို့ကို သွေးဆောင်ဖျားယောင်းပြီး မီဒီယာအားကိုးနဲ့ တိုက်ခိုက်တဲ့ ခေါက်ရိုးကျိုးပုံစံ ၊ (၂) အချက်ကတော့ ကိုယ်တိုင်ကိုက လူရာမ၀င်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အမြတ်ထုတ်ပြီး ပေါ်ပြူလာလုပ် နေရာဝင်ယူချင် နေသူများသာ ဖြစ်ပါတယ်လို့ စွပ်ဆွဲလိုက်ပါတယ် ။
လက်ရှိအချိန်မှာ ကြံ့ဖွံ့အစိုးရ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကိုပြောပါဆို ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှု့ လျှော့နည်းစေချင်တယ်လို့ တစ်ပြိုင်တည်း ပြောကြမှာပဲ ။ သူတို့ကို ခင်ဗျားတို့ ဘယ်လောက်ဝေဖန် ဝေဖန် လုံးဝဂရုမစိုက်ဘူး ။ သူတို့မကောင်းတာ သူတို့လည်းသိတယ် ။ တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရော သိတယ် ။ သူတို့အတွက် သိပ်ထူးထူးထွေထွေ မရှိတော့ဘူး ။ သူတို့သေလောက်အောင် ကြောက်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒီထက် ပိုပြီး အင်အားကောင်းလာမှာကိုပဲ ။ အမတ်နေရာ ၆၀၀ကျော်ရှိတဲ့ လွှတ်တော်ထဲမှာ လက်ကျန် ၄၈ နေရာကိုပဲ NLD ကို ခွဲပေးလိုက်ရမှာ သူတို့အတွက် အကြီးမားဆုံး အကြောက်တရားပါ ။ လူထုထောက်ခံမှု့ အပြည့်အ၀နဲ့ NLD ပါတီ လွှတ်တော်ထဲ ရောက်လာပြီး တပ်မတော် အပေါ်မှာ သြဇာညောင်းသွားမှာကို အင်မတန် စိုးရိမ်ပူပန်နေကြပါတယ် ။ သူတို့တွေ စည်းရုံးသိမ်းသွင်းထားတဲ့ မဟာမိတ်တွေဆိုတာရော သူတို့အတွက် ဘယ်လောက် အာမခံချက်ပေးနိုင်မှာလဲ ။ အင်အားကောင်းလာရင် တားဆီးလို့ မရနိုင်တော့ပါဘူး ။ လွှတ်တော်တွင်း ပြောင်းလဲမှု့များ ဖြစ်ပေါ်လာပြီး လက်ရှိမတရားတဲ့ အခြေခံဥပဒေတွေကို ပြန်လည်ပြင်ဆင် မွမ်းမံသွားနိုင်ကြရင် သူတို့အတွက် ငယ်ထိပ်ကို မြွေတက်ပေါက်တာထက် ပိုဆိုးသွားနိုင်တယ် တွက်ချက်ထားပုံရပါတယ် ။ ဒါကြောင့်လည်း လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လှည့်တိုက်ဖို့ အတွက် အစွမ်းကုန် ကျိုးစားနေကြတာ ရှင်းနေတာပဲ ။
တစ်ကမ္ဘာလုံးတောင်းဆိုနေကြတဲ့ သုံးဘက်မြင် ထင်သာမြင်သာရှိတဲ့ တရားဝင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ရှောင်လွှဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကိုယ်ကြားပဲ တွေ့ဆုံခဲ့တဲ့ ဦးသိန်းစိန်ရဲ့ လမ်းစဉ်ဟာ ရိုးသားမှု့လုံးဝမရှိပါဘူး ။ အချိန်တန်ရင် ချောက်ချဖို့ ကြိုတင်စီမံထားတဲ့ ထောင်ချောက်တစ်ခုဆိုတာ အခုပီပီပြင်ပြင်ကြီး မြင်နေရပါပြီ ။ လူထုစိန်ဝင်းက ပြည်သူကို သြဇာညောင်းတယ်ဆိုပြီး ညီအစ်မပါတီလို့ စွပ်ဆွဲပုတ်ခတ်အပြီး လွပ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ကျဉ်းတွေ ချန်လှပ်ပြီး ပြန်လွှတ်ခဲ့တာ စတာတွေဟာ သူတို့ချင်းလက်ဝါးချင်းရိုက်ပြီး လူထုနဲ့ဒေါ်စုကို ရန်တိုက်ပေးလိုက် သလိုပါပဲ ။ နိုင်ကျဉ်းကိစ္စကို လူထုကို အကြိမ်ကြိမ်ဂတိပေးခဲ့တဲ့ ဒေါ်အောင်းဆန်းစုကြည်ရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်ခြင်းပါ ။ ကဲ မင်းတို့ ခေါင်းဆောင် ဘာအသုံးကျလဲလို့ ပြောလိုက် သလိုဖြစ်နေတယ် ။ သူတို့ဖြစ်စေချင်တဲ့လမ်းကြောင်းတိုင်းလိုက်ပြီး ယောင်းဝါးဝါး ပြောဆိုပုတ်ခတ်နေမယ်ဆိုရင်တော့ အစိုးရမကောင်းကြောင်း ပြောတဲ့ အစိုးရလူလို့ပဲ သတ်မှတ်ရပါလိမ့်မယ် ။
ဒေါ်အောင်ဆန်းစုကြည် ၉၀ ခုနှစ်ထည်းက အမြဲပြောတဲ့ စကားက " လူထုဆန္ဒမပါရင် ဘာမှ မအောင်မြင်ပါဘူး " ဆိုတာပဲ ၊ ဒီနေ့ အထိလည်း ပြောနေတုန်းပါပဲ ။ " ပြည်းတွင်းစစ် ရပ်ဆဲရေးအတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကူညီကြပါလို့" ပြောသွားတာ ခင်ဗျားတို့ကို လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြပါလို့ မပြောရုံတမယ် ကျန်တော့တယ် ။ နိုင်ကျဉ်းလွပ်မြောက်ရေးအတွက် သူမကိုယ်တိုင်လည်း အဓိကထား တောင်းဆိုနေတာပဲ ။ သူမအနေနဲ့ မပြောသင့်တဲ့စကားတွေ အများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်နားလည်းကြဗျာ ။ ကိုယ်တိုင်တွေးတောပြီး ကိုယ်နေရာကနေ ကိုယ့်အစွမ်းရှိသလောက် တောင်းဆိုတိုက်ပွဲဝင်ကြရင် နေရာတိုင်းမှာ ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီ အသီးအပွင့်တွေ ပွင့်ဖူးလာကြမှာပဲ ။ အစစ အရာရာ အားကိုးမနေကြနဲ့ ။ ဟိုဟာလည်း အန်တီ ဒီဟာလည်း အန်တီ နေရာတကာ လိုက်လုပ်ပေးနေရမှာလား ။ တိတ်ကြပါတော့ ခင်ဗျားတို့ ပါးစပ်တွေကို တိတ်လိုက်ကြစမ်းပါဗျာ ။ ခင်ဗျားတို့ ပြောနေတာနဲ့ ကြောက်လန့်ပြီး နောက်ကွယ်မှာပုန်းနေတဲ့ ငနဲကြီးက ကြိတ်ပျော်နေပြီဗျ ။
ခင်ဗျားတို့ကို ပြောနေရတာ မဝေဖန်ပါနဲ့လို့ ပြောနေတာမဟုတ်ပါဘူး ။ ဒါက ခင်ဗျားတို့ရဲ့ လွပ်လပ်ခွင့်ပဲ ။ ဒါပေမယ့် အပုတ်ချပြီး စွပ်ဆွဲ တိုက်ခိုက်တာကြတော့ ဒီမိုကရေစီ မှော်လင့်ချက်တွေအတွက် အကောင်းမြင်တဲ့ ဝေဖန်မှု့ မဟုတ်တော့ဘူးဗျ ။ ချော်လည်းရောထိုင် ဖျာဝင်ခင်း လူထုအင်အားကို ဖြိုဖျက်ပြီး ဒီမိုကရေစီ သွေဖယ်ရေး စစ်အုပ်စုရဲ့ လမ်းစဉ်တွေ ဖြစ်နေတယ် ။ ကဲ ဒီမိုကရေစီဆိုတာ ပုဂိုလ်ရေးမဟုတ်ဘူးဆိုတဲ့လူတွေ ခင်ဗျားတို့မှာ လူထုယုံကြည်မှု့ ဘယ်လောက်ရှိလဲ ၊ အစိုးရကို ဖိအားပေးနိုင်တဲ့ အရည်အချင်းဘယ်လောက်ရှိနေလဲ ၊ နိုင်ငံတကာ ထောက်ခံမှု့ဘယ်လောက်ရှိနေလဲ ။ ဒီလိုမေးလိုက်လို့ အနာပေါ် ဒုတ်ကျပြီး မခံမရပ်နိုင် ဖြစ်သွားကြလား ။ အမှန်ကို လက်ခံပါဗျာ ။ ကိုယ်တိုင် ဘာမှ မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်တဲ့ လူကို ၀န်းရံပြီး ဒီမိုကရေစီလမ်းကြောင်းကို ဘာလို့ မချီတက်ချင်ကြသေးတာလဲ ။ ဒီစာရေးနေတာကလည်း ခင်ဗျားတို့က စစ်အုပ်ချုပ်ရေး ဆန့်ကျင်ပြီး ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးသူများ ဖြစ်တယ်လို့ ယုံကြည်ပေးနေသေးလို့ပဲ ။
Source: Kyaw Swar facebook မှကူးယူဖေါ်ပြပါသည်။
ကလေးဘ၀ကစခဲ့တဲ့ မေးခွန်းများ
- Category: ဆောင်းပါး
- Published on Tuesday, 27 December 2011 06:14
- Written by ညီဇံလှ
- Hits: 921
ချော်လဲဖူးပါသလား
မေးလျှင် တော်တော် အူကြောင်ကြောင်နိုင်လိုက်လေခြင်းဟု ထင်ကောင်းထင်ကြမည်။
ဖူးသစ်စ မနက်ခင်းတစ်ခုနှင့် ကစားဖူးပါသလား သို့ မဟုတ် အရွယ်ရောက်လာပြီးမှ
အကြိမ်ကြိမ်ချော်လဲဖူးပါသလား။ အကယ်၍ သင်သည် အရွယ်ရောက်မှ
ချော်လဲလေ့ရှိတတ်ခဲ့လျှင် သင်၏ကလေးဘ၀၌ လွဲချော်မှု အတော်အတန်
ရှိခဲ့ပေလိမ့်မည် ဖြစ်သည်။သေချာတာကတော့ ကျွန်တော်တို သည် ကလေးဘ၀၌ ဒဏ်ရာများတော့
ရခဲ့ဖူးပါလိမ့်မည်။ အဖေးတက်လာသော အနာလေးများ ယားယံခြင်း၌ သာယာတတ်မည်ဆိုပါက
သင်သည်အောက်ပါစာများ ဖတ်ရန် မည်သို့မျှ မသင့်လျှော်ပါ။
ကလေးချစ်သူ
တော်တော်များများ ကျွန်တော်တွေ့ ဖူးသည်။ သို့သော် ကလေးကိုချစ်ခြင်းထက်
ကလေးကြောင့်ရသော မိမိတို့၏ ပျော်ရွှင်မှုကို ပိုမို၍ ချစ်ခင်နေကြခြင်းကို
တွေ့နေရသည်။ ကလေးတို့မည်သည် လူနုနယ်ခြင်း ထက်ပို၍ စိတ်လည်း
အလွန်နုနယ်တတ်သည်ကို သတိထားမိရန်လိုအပ်သည်။
ကလေးငယ်ဘ၀မှ
ကလေးဘ၀သို့  ရောက်ရန် အရိုးများဆက်ပေးရလေသည်။ ထိုသို
့အရိုးဆက်နေချိန်အတွင်း ဦးနှောက်မှာလည်း သိသိသာသာ ဖွံ့ ဖြိုးလာစေပြီး
မိမိဘေးနားမှာ ရှိသူများ ပြောသည့်အတိုင်း တစ်လုံးစ နှစ်လုံးစ
လိုက်ပြောတတ်လာမည်။ အမြင်အကြားစသော အာရုံများ ပွင့်လာမည်။ စကားပြောတတ်ခြင်း
အခြေအနေသို့ရောက်မည်။
ထိုအခါ
သူတို့၏ပတ်ဝန်းကျင် အသစ်စက်စက်အကြောင်း သိချင်လာကြမည်ဖြစ်လေရာ သူတို
့တတ်သမျှ စကားတို့နှင့် မေးမြန်းကြပေလိမ့်မည်။ အကယ်၍ သင်သည် ကလေးချစ်သူ
တစ်ဦးဆိုပါစို့။ ကလေးဘယ်နှစ်ယောက်၏ မေးခွန်းတွေကို လစ်လျူရှုခဲ့ပြီးပြီလဲ။
ဘယ်နှစ်ကြိမ် ပေါ့ပေါ့တန်တန် ဖြေဆိုပြီးခဲ့ပြီလဲ။ ဘယ်နှစ်ခါ
ရယ်မောဖြစ်ခဲ့ပြီလဲ။ သင့်ကြောင့် ကလေး ဘယ်နှစ်ယောက် စိတ်ဒဏ်ရာ ရခဲ့ပြီလဲ။
မေးခွန်းတို့
သဘောသဘာဝအရ နှစ်မျိုးနှစ်စားသာ ရှိပါသည်။ ကိုယ်က သူတစ်ပါးကိုမေးသော
မေးခွန်းနှင့် သူတစ်ပါးက ကိုယ့်ကို မေးသော မေးခွန်းများပင်
ဖြစ်သည်။(ကျွန်တော် ဆိုလိုသည့် သူတစ်ပါးဆိုသော နာမ်စားမှာ သက်ရှိရော
သက်မဲ့ပါ ပါဝင်သည်) သူစိမ်းတွေနှင့်ဆက်ဆံရာ၌ ကျွန်တော်တို့သည်
မေးခွန်းတော်တော်များကို မေးမြန်းခဲ့သလို ဖြေဆိုခဲ့ပြီးလည်း ဖြစ်ခဲ့သည်။
မေးခွန်းများ၏ အဖြူစင်ဆုံး အချိန်မှာ စကားပြောတတ်ခါစ ကလေးဘ၀ ပင်။ သူတို့သည်
အစပင်ဖြစ်သည်။ သူတို့ကို သူတို့  လူဟုပင် မသိကြ၊ သူတို့သိသည်မှာ မိဘ
နှစ်ပါးနှင့် မြင်နေကျ လူအနည်းငယ်သာ။
၁၉၉၀
ခန့်  ရခိုင်ပြည်နယ် သံတွဲမြို့  ဂျိတ္တောကျေးရွာလေးမှာ ကျွန်တော်
ပထမတန်း၊ဒုတိယတန်း အရွယ်တုန်းက ဖြစ်သည်။ ကျွန်တော့်တွင် သူငယ်ချင်းဟူ၍
များများစားစား မရှိလှပါ။ ဘာရယ်မဟုတ် ကျောင်းပိတ်ရက် ကလေးတို့ သဘာဝ
ဆော့ကစားနေသောတစ်နေ့။ ကျွန်တော်က ရှေ့ကတိုင်သည်။ ကျွန်တော့်သူငယ်ချင်းတွေက
နောက်မှ လိုက်အော်၏။
" ဒီမိုကရေစီ ရရှိရေး၊ ဒို့ အရေး.. ၊ ဒို့ အရေး.. "
ဒီမိုကရေစီ
ဟူသော ဝေါဟာရအား ကျွန်တော်မသိခဲ့။ ကျွန်တော့် သူငယ်ချင်းများလည်း မသိခဲ့။
နားစွဲနေသော စကားလုံးကို တွေ့ရာ အော်ကြခြင်းဖြစ်သည်။ ထိုသို့ အော်ရင်းဖြင့်
ဆက်သွယ်ရေး အရာရှိတစ်ဦးအိမ်ရှေ့သို့ရောက်သောအခါ ထိုသူက အိမ်ပေါ်မှ
ပြေးဆင်းလာပြီး ကျွန်တော်တို့အား ထိုသို့မအော်ရန်တားသည်။ ကျွန်တော့်နောက်မှ
လိုက်အော် နေကြသူများထဲတွင် သူ၏သားဖြစ်သူလည်း ပါသည်။
ထိုလူကြီးက သူ့ သားကို ဆွဲထုတ်ကာ ကျွန်တော်တို့ရှေ့ တွင် ပြင်းပြင်းထန်ထန် ရိုက်သည်။ ထို့နောက်
ကျွန်တော်တို့ မိဘတွေကိုလည်း တိုင်သည်။ အိမ်ပြန်ရောက်တော့
ကျွန်တော့်အမေကလည်း ကျွန်တော့်ကို ရိုက်သည်။ ဘာလို့  ရိုက်တာလဲဟု
ကျွန်တော်မေးသည့်အခါ ဘာမှ ပြန်မဖြေ။ ကျွန်တော်လည်း မငိုပါ။
ဒီမိုကရေစီကြောင့် အရိုက်ခံရသည်။ ဘာလဲ ဒီမိုကရေစီ…။ လူတွေ
အုပ်လိုက်ကြီးဖြတ်သွားရင်း အားလုံးဝိုင်းအော်နေကြသည်ကိုမြင်ဖူးသည်။
သူတို့လည်း အရိုက်မခံရဘူးလား…။
နောက်တစ်နေ
့ အမေရိုက်သော ဒဏ်ရာကြောင့် ကျွန်တော် ကျောင်းမတက်နိုင်ခဲ့။
နောက်ရက်တွေမှာ သူငယ်ချင်းတွေကို မေးကြည့်သည်။ ဒီမိုကရေစီဆိုတာဘာလဲ..။
သူတို့လည်းမသိ။ ကျွန်တော် အပါအ၀င် အကုန်လုံးနားလည်သွားကြသည်မှာ ဒီမိုကရေစီ
ဟုအော်လျှင် အရိုက်ခံရမည်ဟုပင်။
ကျွန်တော်တို့ကို
မြန်မာစာသင်သော ဆရာကို မေးကြည့်ပြန်သည်။ ဆရာက အဲဒါ သရဲတွေ
မကောင်းဆိုးဝါးတွေ ခေါ်တဲ့ဂါထာ၊ အဲဒါရွတ်ရင် သူတို့လာပြီး မင်းကို
ကုပ်ချိုးသတ်လိမ့်မယ် ဟုပြန်ပြောသည်။ ကျွန်တော် တကယ်ထင်ခဲ့သည်။
ကလေးဘ၀သည်
အလွန်ဖြူစင်သည်ဟု သူများတွေ ပြောတာရေးတာရော သီချင်းထဲမှာပါ
ကျွန်တော်ကြားခဲ့ရသည်။ မေးခွန်းတွေအတွက် သူတို့မှာ အဖြေမရှိ။ ထို့ကြောင့်
လူကြီးတွေအတွက် အသက်ရှိသော ကစားစရာ အရုပ်ဖြစ်ခဲ့သည်။ လူကြီးတွေသည်
သူတို့ကိုယ်တိုင် မဖြေနိုင်သော မေးခွန်းတစ်ချို့ ဖြင့် ကလေးများကို စ
ကြသည်။ ဥပမာ " သား ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ " ။
ကလေးငယ်အတွက်
တကယ့်ကို ပြဿနာပင်။ မိဘနှစ်ပါးရှိလျှင် ပိုဆိုးသည်။ ထိုအခါ လက်ဖ၀ါး
အချင်းချင်းပွတ်၍ သော်လည်းကောင်း၊ ခေါင်းငုံ့ ၍သော်လည်းကောင်း၊
မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍သော်လည်းကောင်း သူတို့၏ အနေရခက်မှု၊
ဖြေရှင်းရခက်မှုကို လူကြီးများသိအောင်ပြကြသည်။ ထိုအရာကို လူကြီးများက
ရယ်စရာဟု သဘောထားကြသည်။ ဤသည်မှာ ကလေးငယ်အတွက် အနှုတ်လက္ခဏာ သို့မဟုတ်
ဒဏ်ရာပင်ဖြစ်သည်။
တချို့ က ကလေးဝတ်ထားသော အကျီကို အကြောင်းပြု၍ စကြသည်။
"မင်းအင်္ကျီက အစုတ်ကြီး အသစ်မ၀တ်ဖူးလား"
ထိုသို
့ အစခံလိုက်ရသော ကလေးသည် ပြည့်ပြည့်စုံစုံထဲက ဆိုလျှင်အကြောင်းမရှိ။
ဆင်းရဲနွမ်းပါးသော မိသားစုမှ ဆင်းသက်လာခဲ့လျှင် ကလေးရော သူ့မိသားစုပါ
အကျိုးယုတ်လှသည်။ သူသည် သူ့ အကျှီင်္အကြောင်း သူ့မိဘကို ပြောမည်။
အသစ်မဆင်နိုင်သော မိဘသည် ကလေးငယ်ကို ဆူမည်။ တစ်ချို့က ရိုက်နှုက်မည်။
ကြီးစွာသောသိမ်ငယ်ခြင်းတို့ဖြင့် ငိုကြွေးနေသော ကလေးငယ်သည် အလွန်
အန္တာရယ်များလှသည်။ အကျီအစုတ်လေးနှင့်အတူ လမ်မှားပေါင်းများစွာကို ၀တ်ဆင်ရန်
သူဝန်လေးတော့မည်မဟုတ်ပါ။
ကလေးတို့မည်သည်
အသစ်အဆန်းကို သဘောကျကြသည်။ ကလေးကစားစရာများကို သူတို့စိတ်ထဲ၌ လက်တွေ့ဘ၀ဟု
မှတ်ယူသည်။ ကားရုပ်တစ်ခုဆိုပါစို့။ သူတို့ မောင်းသည်။ သူတို့ စိတ်ထဲ၌
အပြင်မှာ မောင်းနေသလို ။ သေနတ် တစ်လက်ဆိုပါစို့။ သူတို့ကိုယ်သူတို့
ကြီးမားသည့်တိုက်ပွဲတစ်ခု ရင်ဆိုင်နေရသလို။ စင်စစ်
သူတို့ကစားနေကြခြင်းမဟုတ်။ သူတို့သွားနေကြခြင်း ဖြစ်သည်။ သူတို့
ရွေးခြယ်နေကြခြင်းဖြစ်သည်။
ထိုအချက်ကို
သူတို့နှင့်နီးကပ်စွာရှိနေသော မိဘ နှစ်ပါး သို့မဟုတ် အုပ်ထိန်းသူတို့က
လေးလေးနက်နက် သတိပြုရန်လိုသည်။ သူတို့၏ မျှော်လင့်ချက်၊ သူတို
့ဖွင့်အန်လာသော တောင့်တမှု (တနည်း) မေးခွန်းတို့အား အလွယ်တကူ
မရှောင်တိမ်းသင့်။
ကျွန်တော့်အဖေသည်
ကျွန်တော့်ကို ပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့သည်။ ငယ်ငယ်လေးကတည်းက
ကျွန်တော့်ပညာရေး၌ သူကိုယ်တိုင် ကြပ်မတ်သည်။ ကျွန်တော်သည် အဖေ့ကျေးဇူးဖြင့်
သူငယ်တန်း မှ တတိယတန်းအထိ ပထမချည်း စွဲခဲ့သည်။
မှတ်မှတ်ရရ
လေးတန်းကျောင်းသားအရွယ်။ စာမေးပွဲနီးစဉ်ကာလ ဖြစ်သည်။ ကျွန်တော့်အိမ်ဘေးမှာ
ကျွန်တော့်သူငယ်ချင်းများ ဆော့နေသည်ကို ကျွန်တော် မြင်နေကြားနေရသည်။
ကျွန်တော့်လက်ထဲမှာ သင်္ချာစာအုပ်နှင့် ကျွန်တော့်ဘေးမှာ ပုစ္ဆာများကို
တစ်ခုပြီးတစ်ခုရွေးနေသော ကျွန်တော့်အဖေ။ ကျွန်တော့်အာရုံသည် သူ့ထံမှာ မရှိ။
ရယ်မောသံ ကစားသံတို့အကြား ရောက်နေသည်။
အဖေသည်
ကျွန်တော်တွက်ရန် ပုစ္ဆာများရွေးပြီးသည်နှင့် ကျွန်တော့်ကို
တွက်ခိုင်းတော့သည်။ ကျွန်တော် မတွက်ခင် သူ့ကို မရဲတရဲ တောင်းဆိုကြည့်သည်။
အလွန်ရိုးသားသော မေးခွန်း ဖြစ်သည်။ သား တွက်ပြီးရင် ဆော့လို့ရမလား ဖေဖေ ဟူ၍။ သူက ပြုံး၍ ကျွန်တော့်စကားကို လက်ခံသဘောတူသည်။ ကျွန်တော်လည်း တွက်သည်။
ကစားနေသော
သူငယ်ချင်းများ၏ရယ်သံက ကျွန်တော့်ကို စိတ်လှုပ်ရှားနေစေသည်။
သူပေးသောပုစ္ဆာများ တွက်ပြီး ကျွန်တော် ဆင်းကစားရန်ပြင်သောအခါ သူ တားသည်။
နေပူနေသောကြောင့် ပေးမကစားနိုင်ပါ ဟူ၍။ ကျွန်တော် ငိုတော့သည်။သူ ချော့သည်။
မရ။ ကြာတော့ ကျွန်တော် အရိုက်ခံလိုက်ရသည်။ ကစား ခွင့်မရခဲ့ပါ။
ထိုကဲ့သို့သော
အဖြစ်အပျက်များ ကျွန်တော်နှင့် ကျွန်တော့်မိဘ အသိုင်းအ၀ိုင်းကြားမှာ
ငယ်စဉ်ဘ၀ထဲက မကြာခဏဆိုသလို ဖြစ်ပျက်ခဲ့သည်။ မျှော်လင့်ထားသည်များ
ဖြစ်မလာပေ။ မေးခွန်းများသည် ဖြေသူမရှိ။ ဖြေသူရှိလည်း ကျေနပ်မှုမရခဲ့ပါ။
လေးတန်းစာမေးပွဲဖြေပြီး
အောင်စာရင်းထွက်တော့ ကျွန်တော် ဆုတစ်ခုမှ မချိတ်။ ကျွန်တော်
စာလုပ်ချိန်တွင် ကစားနေသော ကျွန်တော့်သူငယ်ချင်းဖြစ်သူ နေ၀င်းက ပထမ
ရခဲ့သည်။ ထို့နောက်ပိုင်းလည်း စာမေးပွဲ မကျဖူးတာကလွဲပြီး ကျွန်တော် ဘာဆုမှ
မရခဲ့။ ထူးထူးခြားခြား သင်္ချာ စပါယ်ရှယ် ညံ့ခဲ့သည်။ သင်္ချာသင်လျှင် ကျွန်တော်
စိတ်မ၀င်စားတော့ပါ။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ခဲ့သည့်တိုင်
သခ်ျာလေးဆယ်နှင့် ဖြစ်သည်။
ကျွန်တော်
မိဘကို အပြစ်ပြန်တင်နေခြင်း မဟုတ်ပါ။ မေးခွန်းများ၏ စွန့်ပစ်မှုကို
ခံခဲ့ရသောဒဏ်ရာတော်တော်များများကို ပြန်သတိရနေခြင်း သက်သက်ဖြစ်သည်။
မေးခွန်းများသည် ငယ်စဉ်မှ ယခု အချိန်အထိ ကျွန်တော်တို့ကို စွန့်ပစ်နေဆဲ။
လူသည်
အသက်ကြီးလာလေလေ မေးခွန်းတွေများလာလေလေ ဖြစ်သည်။ လောကကြီးသည်
သူစိမ်းဖြစ်သည်။ မေးခွန်းထုတ်စက်လည်း ဖြစ်သည်။ အနာသိပြီးဆေးမရှိသော
ကျွန်တော်တို့နိုင်ငံသည် အလွန်ထူးခြားလှပါသည်။ မေးခွန်း တွေရှိပြီး
အဖြေမရှိရာ၌လည်း အလွန်ထင်ရှားကျော်ကြားလှပါသည်။
ကလေးဘ၀၌
မေးခွန်းတစ်ချို့၏ စွန့်ပစ်ခြင်းခံခဲ့ရသူ တော်တော်များများအတွက် လောကဓံသည်
ကြောက်စရာ အကောင်းဆုံး သူစိမ်းမေးခွန်းထုတ်စက် ပင်ဖြစ်သည်။
ညီဇံလှ
Source: http://maukkha.org/index.php/feature-article/1677-maukkha-questons-from-childhood
တည်ငြိမ်မှု မရှိသော တည်ဆဲ ဥပဒေများနှင့် စီးနေသော သံယောဇဉ်များ
ဇန်နဝါရီ မနက်ခင်းဟာ မြူနှင်းတွေကြားမှာ ချောင်းကြည့်နေတယ်။ ရေဒီယိုက သတင်း ကြေညာသံတွေက ကျမကို စိတ်ခံစားမှုတွေ အများကြီးပေးပြီး မြန်မာပြည်တွင်းကို ခေါ်ဆောင် သွားတယ်။
နှစ်သစ်မှာ ဘဝသစ်တွေစဖို့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဖို့ သူတို့ရဲ့မိသားစုနဲ့ သူတို့ကို ချစ်ခင်သူတချို့ဟာ အကျဉ်းထောင်တွေရှေ့မှာ စုရုံးရောက်ရှိနေကြတယ်။ ၂၀၁၀ မှာ မြန်မာပြည်ရဲ့အပြောင်းအလဲဟာ ရုတ်တရက် အမြန်ရထား တစင်းရဲ့ အရှိန်မျိုးနဲ့ ပြောင်းလဲသွားတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ နှစ်သုတ် ခွဲလွှတ်မယ်လို့ အစိုးရ တာဝန်ရှိသူ မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာတွေမှာ အတိအလင်း ပြောဆိုခဲ့တာကိုး။
အကျဉ်းထောင် အသီးသီးရှေ့က လူတွေအားလုံး စိတ်အားထက်သန်မှုနဲ့ ထောင်ဗူးဝရှေ့ကို အာရုံစူးစိုက်ထားကြတယ်။ သူတို့အားလုံးဟာ သမ္မတ ဦးသိန်းစိန်အစိုးရသစ် ဆိုတဲ့ ခေတ်စနစ်ထဲကို အတင်းတွန်းပို့ခြင်း ခံထားရသူတွေပါ။ ဗူးတံခါးကနေ ထွက်ပေါ်လာမယ့် သူတွေကို မျှော်လင့်နေကြတဲ့ အကျဉ်းကျ မိသားစုတွေရဲ့ ခံစားမှုမျိုးစုံပါတဲ့ ဓာတ်ပုံတွေကို ရုပ်သံသတင်းတွေမှာ၊ အင်တာနက် သတင်းတွေမှာ ကြားဖြတ်သတင်းအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။
ဒီဓာတ်ပုံတွေထဲမှာ သံဆူးကြိုးနဲ့ သစ်သားဘောင်ကို ကျော်ပြီး အကျဉ်းထောင်ဗူးဝကို ကြည့် နေတဲ့ အမေအိုတယောက်ရဲ့ ဓာတ်ပုံကိုကြည့်ပြီး ကျမရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ခဲ့ရပါတယ်။
အမေအိုရဲ့ မျက်လုံးမှာ မျှော်လင့်ချက်အပြည့်နဲ့ပါ။ ဆံစတွေက နေလောင်ပြီး ဦးခေါင်းမှာ ဆီနဲ့ကင်းကွာနေတာ နှစ်ပေါင်းကြာနေပုံရတယ်။ ပါးရေတွေတွန့်ပြီး ဇရာရဲ့အရေးအကြောင်းတွေ ပြည့်နေတဲ့ အမေအိုဟာ ခေတ်စနစ်သာ ကောင်းခဲ့ရင် တရားဓမ္မအားထုတ်ပြီး ကျောင်းသင်္ခန်းထဲ နေရမယ့်အရွယ်ပါ။ ခုတော့ အကျဉ်းထောင်ရှေ့မှာ ရောက်ရှိနေပြီး သူ့ခင်ပွန်း၊ သူ့သား၊ သူ့မြေး တယောက်ယောက်ကို မျှော်လင့်နေပုံရတယ်။
အမေအိုရဲ့ မျက်လုံးထောင့်စွန်းမှာ မျက်ရည်စတွေ သီသီဝေ့နေတယ်။ အမေအိုရဲ့မျက်နှာ အမူအယာဟာ ခေတ်စနစ်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေသိရှိလိုက်ရလို့ အတော်ပင်ပန်းနွမ်းနယ်နေပုံ ရပါတယ်။ ဒါပေမယ့် သူ ပြန်မသွားဘူး။ နေညိုချိန်၊ ထောင်ဗူးဝပိတ်ချိန်ထိ ဒီနေရာကနေ ရပ် စောင့်နေမယ်လို့ ကျမခံစားမိတာနဲ့အတူ အမေအို ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းမိပါသေးတယ်။ အမေအိုရဲ့ မျှော်လင့်ချက်ဟာ အမေအိုနဲ့ ထပ်တူရှိပါစေ။ အဲဒီမျှော်လင့်ချက်က အမေအိုအတွက် အဓိကကျစေတဲ့ ခွန်အားဖြစ်နေလို့ပါပဲ။
လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်မှာ အဲဒီအမေအိုလိုမျိုး ကျမအဘွား ဒေါ်သန်းရွှေ ဟင်္သာတ အကျဉ်းထောင်ရှေ့သွားပြီး သူ့သားကြီး (ကျမဦးကြီး)အတွက် ထောင်ဝင်စာ တွေ့ခဲ့ဖူးတယ်။ သူ့သားကြီး လွတ်လာမယ် ထင်လို့ ထောင်ဗူးဝရှေ့မှာ သွားစောင့်ခဲ့ဖူးတယ်။
ကျမအဘွားက ဟင်္သာတအကျဉ်းထောင်မှာ နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ သားကြီး အတွက် ထောင်ဝင်စာပို့နိုင်ဖို့ အင်္ဂပူခရိုင်၊ ထူးကြီးကျေးရွာလေးကနေ မီးရထားစီးပြီး သွားရပါတယ်။ သူ့သားကြီး ကြိုက်တတ်တဲ့ ထန်းလျက်နဲ့ ပေါက်ပေါက်ဆုပ်၊ သနပ်ဖက် ဆေးပေါ့လိပ်၊ ငါးသလဲထိုး ကြော်၊ ကြက်သားကြော်လေးတွေကို ကြိုတင်စုဆောင်းပြီး ထောင်ဝင်စာတွေ့ရတာပါ။ ဒီအတွက် ကျမအဘွားက မုန့်ပျားသလက် လုပ်ရောင်းရတာပါ။
သူ့သားငယ် ကျမဖေဖေက အဲဒီအချိန်မှာ ကိုကိုးကျွန်း အကျဉ်းစခန်းမှာ အကျဉ်းကျ ခံနေရချိန်ပါ။ ဖေဖေ့ကို လူပျောက်ရှာခဲ့ရတာ ဘွားဘွားနဲ့မေမေ ၃ နှစ်ကြာခဲ့ပါတယ်။ ကိုကိုးကျွန်း ကနေ ဖေဖေ ခြောက်လ တကြိမ်ပို့တဲ့ ဗလာစာမျက်နှာတရွက် အပြည့်ရေးထားတဲ့ စာလုံး သေးသေးလေးတွေကနေ “အမ ခင်ဗျား ကျန်းမာအောင်နေပါ၊ ကျနော် အမကို လက်အုပ်ချီ ကန်တော့ပါတယ်” ဆိုတဲ့စာကြောင်းလေးကို ခဲတံကို တံတွေးဆွတ်ပြီးဘွားဘွားက ထင်ရှားအောင် လုပ်ထားပါတယ်။ ဖေဖေ့ကို ဘွားဘွားက သတိရတိုင်း သူ့ချွေးခံအင်္ကျံအိတ်ထဲက စာလေးကို အမြဲ ထုတ်ကြည့်တတ်ပါတယ်။
သားကြီးကိုသာ ထောင်ဝင်စာမှာ လူကိုယ်တိုင်တွေ့နိုင်ပြီး သားငယ်ကို လူကိုယ်တိုင်တွေ့ခွင့် မရတဲ့အခါ ဘွားဘွားက ဖေဖေ့ကိုယ်စား ကျမကို မြေးတွေထဲမှာ ပိုပြီးဂရုဏာသက်ခဲ့ပုံရပါတယ်။ သားကြီးနဲ့ သားငယ်ကို တလှည့်စီ ပူပန်နေရတဲ့ ကျမအဘွားဟာ အမြဲတမ်း ငေးငိုင်နေခဲ့ပါတယ်။ သူ့ရဲ့ဆင်းရဲမှုကို သူရင်ဆိုင်နိုင်ခဲ့တာ သူ့သားတွေ ထောင်က ပြန်လွတ်လာမယ့်နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
တနေ့မှာ ကျမအဘွားက ခံတောင်းထဲ သားကြီးအကြိုက် စားစရာတွေထည့်၊ ရထားစီးပြီး ဟင်္သာတထောင်ကို သွားပါတယ်။ ထောင်ဗူးဝမှာ စာရင်းပေးပြီး အကျဉ်းဦးစီးဝန်ထမ်းတွေ နာမည်ခေါ်ချိန်ကို စောင့်နေရပါတယ်။ ညနေသာ စောင်းသွားရော အဘွားနာမည်ခေါ်တာ မကြားခဲ့ရဘူးတဲ့။ ဝန်ထမ်းတွေကတော့ “ခေါ်တယ်.. အမေကြီး မကြားတာ” လို့ လွယ်လင့်တကူပဲ ဖြေကြပါတယ်။ ဒါပေမယ့် ထောင်ဝင်စာကတော့ ပိတ်သွားပါပြီ။
ဒီတော့ အဘွားက အကျဉ်းဦးစီးဝန်ထမ်းတွေကို တောင်းပန်ပါတယ်။ “လူလေးတို့ရယ် အမေကြီးကို တွေ့ခွင့်ပေးပါ” တဲ့။ ဝန်ထမ်းတွေဆီမှာ နူးညံ့တဲ့၊ လူသားဆန်တဲ့ အသဲနှလုံး ရှိပုံမရဘူး။ အဘွား ထောင်ဝင်စာ မတွေ့ခဲ့ရပါဘူး။ အဘွားရဲ့မိခင်စိတ်ကိုတော့ အကျဉ်းဦးစီးဝန်ထမ်းတွေ တားဆီးလို့မရခဲ့ပါဘူး။
ကျေးတောသူ ကျမအဘွား သားအတွက် ထောင်ဝင်စာထည့်လာတဲ့ ခံတောင်းကိုရွက် ဟင်္သာတ အကျဉ်းထောင်အုတ်ရိုးကိုပတ်ပြီး သူ့သားကြီးကြားလိမ့်နိုးနဲ့ “သူငယ်ရေ သူငယ့်ဆီ အမ လာခဲ့တယ်။ သူငယ်သိအောင် အမပြောတာ” လို့ အော်ခဲ့ပါတယ်တဲ့။ အဘွားရဲ့နှလုံးသားကို ချေမွခံပြီးမှ ထွက်လာတဲ့ဒီအသံဟာ ခုချိန်ထိ ကျမတို့ဆီ ပဲ့တင်ပြန်နေတုန်းပါ။
ခေတ်ရိုင်းစနစ်ရိုင်းက အဘွားကို ကြင်နာနူးညံ့မှု၊ သိမ်မွေ့မှုတွေ မပေးခဲ့ပါဘူး။ မိသားစု အသိုက်အမြုံ၊ မိခင်ရင်ခွင်ထဲက သားနှစ်ယောက်ကို ဆွဲထုတ်ပြီး ခွဲခွာခြင်းနဲ့ စောင့်မျှော်ရခြင်းဆိုတဲ့ ခါးသီးမှုကိုပဲ ပေးခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ပြီးမှ လွတ်မြောက်လာတဲ့ သားငယ်ကိုလည်း အဘွား တွေ့မသွားခဲ့ရပါဘူး။ မုဆိုးမ ကျမအဘွား လည်ချောင်းကင်ဆာရောဂါနဲ့ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ရပါတယ်။
ကျမဖေဖေကတော့ သူ့မိခင် အသက်ရှင်နေသေးတယ်အထင်နဲ့ “အမ ခင်ဗျာ” လို့ အစချီပြီး ၆ လတကြိမ် ကိုကိုးကျွန်းကနေ စာပို့ခဲ့ပါတယ်။
ဖေဖေ အကျဉ်းထောင်က လွတ်မြောက်လာတဲ့အခါ ဘွားဘွားနောက်ဆုံးထွက်သက်မှာ ဝတ်ခဲ့တဲ့ ပဒုမ္မာ ရှန်သားအင်္ကျီလေးနဲ့ ဖေဖေ့လက်ရေးနဲ့ ရေးထားတဲ့စာတွေကို သိမ်းထားတဲ့ ချွေးခံ အင်္ကျံလေး၊ သရက်ထည် ပွင့်ရိုက် အညိုလေးကိုပဲ အလွမ်းပြေ တွေ့ရပါတော့တယ်။
အဘွားလက်ထက်ကနေ သူ့မြေး ကျမခေတ်အထိ ထောင်ဝင်စာတွေ့ခဲ့ရတာဟာ ကံတရားကြောင့်၊ ဝဋ်ကြွေးကြောင့် မဟုတ်ပါဘူး။ တည်ဆဲ လူနေမှုစနစ်ကြောင့်ပါ။
ဘဝတူ အကျဉ်းကျ မိသားစုတွေထဲက အမေအိုတွေကို ကျမကူညီခဲ့ဖူးပါတယ်။ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကိုစောဝင်း မိခင်၊ ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံ ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်း မိခင်၊ ပူတာအို အကျဉ်းထောင်မှာ အကျဉ်းကျခံရင်း ကျဆုံးသွားတဲ့ ကိုခင်မောင်လွင် မိခင်။ သူတို့တွေရဲ့သားအပေါ်ထားတဲ့ မိခင်မေတ္တာ၊ သံယောဇဉ်တွေက အင်မတန်မှ ကြီးမားလှပါတယ်။
ကိုစောဝင်း မိခင်ကြီး ဒေါ်မြရီဟာ အသက် ၈၀ ကျော်အထိ သားကို ထောင်ဝင်စာတွေ့ခဲ့ ရတာပါ။ မဟာမြိုင်၊ ယာကြီးလမ်း၊ ဂန့်ဂေါလမ်း ဆိုတဲ့ တောတောင်အထပ်ထပ်ကို ကျော်ပြီး သားရှိရာ ကလေးမြို့ အကျဉ်းထောင်အထိ ထောင်ဝင်စာ လစဉ်တွေ့ခဲ့သူ။
တောတောင်ထဲက၊ ကျေးလက်လမ်းအို၊ တောလမ်းအိုကြီးတွေကို ဖြတ်ရတဲ့အခါ ဆယ်ဘီးကား ဘီးရာ နက်နက်ကြီးထဲမှာ ကားမောင်းတော့ ဒေါ်မြရီ မျက်စိစုံမှိတ်လို့ ဘုရားစာ ရွတ်နေရတယ်။ အရိုးအဆစ်တွေ လှုပ်ခါယိမ်းထိုးအောင် ကားလမ်းကြမ်းတာမို့ လမ်းခုလတ်မှာ အမေကြီး တခုခုဖြစ်သွားရင် ဆိုတဲ့အတွေးက ကားသမားနဲ့ ခရီးသည်ရော ကျမတို့ပါ စိုးရိမ်ပူပန်ခဲ့ရတာ။
ဝန်နဲ့မမျှ ရုန်းနေရတဲ့ကားရဲ့ စူးစူးဝါးဝါး မြည်သံဟာ အမေကြီးရဲ့ သားအပေါ်မှာထားတဲ့ စိုးရိမ်ပူပန်မှုစိတ်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ နေရဉ္စရာမြစ်နဲ့ ချင်းတောင်တန်းတွေ ဝန်းရံထားတဲ့ ကလေးမြို့အကျဉ်းထောင် အုတ်ရိုးကို မြင်ရရင်ပဲ လမ်းခရီး ၃ ရက်ကြာ ပင်ပန်းခဲ့တဲ့ အမေအိုရဲ့ ခန္ဓာကိုယ် လန်းဆန်းသွားခဲ့တာ။ ထောင်ဗူးဝကို လျှောက်သွားနေတဲ့ အမေကြီးရဲ့ ခြေလှမ်းတွေကို တောင်ဝှေးက ကူပံ့ပေးခဲ့သလို သံယောဇဉ်ကြိုးကလည်း ကူပံ့ပေးခဲ့ပါတယ်။
ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းကျခံရင်း ကျဆုံးသွားတဲ့ လသာမြို့နယ် အဖွဲ့ချုပ်လူငယ် ကိုခင်မောင်မြင့်ရဲ့ မိခင်ကြီး ထောင်ဝင်စာလာတွေ့ရင် လူတွဲနဲ့လာရသူပါ။ သားရဲ့ဈာပန တည်းခိုရာ အိမ်ရှေ့ ရတနာပုံအိမ်ကြီးကအဖြတ် ကတ္တရာလမ်းပေါ် လူတွဲမပါဘဲ သားဇောနဲ့ပြေးထွက်လာပြီး “သားငယ် အမေ့ကိုပါ သားနဲ့တခါထဲ ခေါ်သွားပါသားရယ်” ဆိုတဲ့အသံ ကလေးမြို့ မြို့လူထုကိုတင် ရင်ဆို့စေတာမဟုတ်ဘဲ ကမ္ဘာမြေကြီးပါ ရင်ဆို့သွားရတယ်။ အဲဒီနေ့ ကိုခင်မောင်မြင့် ဈာပနချရာ သင်္ချိုင်းမြေမှာ မိုးရေတွေနဲ့ ရွှဲရွှဲစိုသွားတယ်။
ကလေးမြို့အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၅၉ နှစ်နဲ့ ၁၉၉၈ ခုနှစ်ထဲက အခုချိန်ထိ အကျဉ်းကျခံနေရတဲ့ ကျောင်းသားလူငယ် ကိုအေးအောင်ရဲ့ဖခင် ဦးသောင်းစိန်ရဲ့ မှတ်တမ်းစာအုပ်မှာ သားငယ်မှာလိုက်တဲ့ စကားနဲ့ သားအတွက်စားစရာ စာရင်းတွေ ပြည့်နေသလို သောကတွေလည်း ပြည့်နေပါလိမ့်မယ်။ အသက် ၆၀ ကျော်ကနေ ယနေ့အချိန်ထိ ထောင်ဝင်စာတွေ့နေရတဲ့ ဖခင်အိုရဲ့ မေတ္တာဟာ သားငယ်အတွက် စိတ်ခွန်အားပါပဲ။
“ဖေဖေ ဒီတခေါက်လာရင် သားအတွက် လေ့လာစရာ စာအုပ်တွေ ယူခဲ့ပေးပါ။ သားအတွက် လေ့လာစရာတွေ နောက်ကျနေပြီ” ဆိုတဲ့ သားငယ်စကားကို ပြန်ပြောပြပြီး ထောင်ဝင်စာကအပြန် လေးဘီးကားပေါ်မှာ ကိုအေးအောင် ဖခင် ဦးသောင်းစိန် ငိုကြွေးခဲ့ပါတယ်။
ကျမ နှလုံးသားထဲမှာ အဲဒီအသံတွေ ခုချိန်ထိကြားယောင်နေတုန်းပါ။
ယနေ့အချိန်ထိ အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုတွေကို တွေ့နေရခြင်းက တည်ဆဲလူနေမှုစနစ်ရဲ့ မရိုးသားမှု၊ ရက်စက်မှုဆိုရင် မှားမယ်မထင်ပါဘူး။
နိုင်ငံရေးအကျဉ်းကျ မိသားစုတွေရဲ့ သံယောဇဉ်ကတော့ မြန်မာပြည်အကျဉ်းထောင်အနှံ့မှာ စီးဆင်းနေဆဲပါပဲ..........။
Source: http://www.mizzimaburmese.com/edop/songpa/8852-2012-01-08-07-24-48.html
ငြိမ်းချမ်းရေးလား ၊ ဝေစုခွဲကြမှာလား ၂၀၁၂
- Category: ဆောင်းပါး
- Published on Saturday, 31 December 2011 00:38
- Written by လှရွှေ
- Hits: 1176
မကြာမီနာရီပိုင်းအတွင်းတွင် ၂၀၁၂ နှစ်သစ်ကိုရောက်တော့မည်။ ၂၀၁၂ ကိုမရောက်မှီ ၂၀၁၁ တွင်ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာတလွှားတွင် အဘယ်အရာတို့ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာ့အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ အပြောင်းအလဲတို့ ချိတ်ဆက်နေသော်လည်း ကမ္ဘာတခုလုံးနှင့်ပတ်သတ်၍ စဉ်းစားရန် ဥာဏ်မမှီဟုပင် ၀န်ခံရ ပေမည်။
တက္ကသိုလ်ကျောင်းသား၊ တော်လှန်ရေးသမား၊ သတင်းစာဆရာ၊ ကျောင်းဆရာ စသည့်ဘ၀အချိုးအကွေ့ များကို ကျော်ဖြတ်လာလိုက်သည်မှာ နှစ်မနည်းတော့။ ဒီဇင်္ဘာ ၂ နှစ်ရက်နေ့တွင် အသက် ၄၀ တင်းတင်းပြည့်ခဲ့ပြီ။ လောကဓံ လှိုင်းဂယက်ထဲတွင် ဆက်လက်စီးမျောနေဆဲ။ ကျောင်းဆရာတဦးအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စား သည်မှာ မဆန်းပေ။ အထူးသဖြင့်မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုစိတ်ဝင်စားသည်။ မြန်မာ့ နိုင်ငံရေးစနစ် ပြောင်းလဲမှုသည် သန်း (၆၀) နီးပါးသော မြန်မာလူထုအတွက် အရေးအကြီးဆုံးသော အရာမဟုတ်ပါလော။
၂၀၁၁ နှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည်ဟု အချို့သော နိုင်ငံရေးသမား၊ ၀ါရင့်သတင်းစာ ဆရာများက ရေးသားသည်ကို ဖတ်ရသည်။ ရှုထောင့်ပေါင်းစုံမှ တင်ပြကြသည်ကို ဖတ်ကြည့်သည်။ လေ့လာကြည့်သည်။ လက်လှမ်းမှီသလောက် တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ ပညာရေးတွင် ဦးဆောင်ဦးရွက်ပြုသူများနှင့် ဖုန်းဖြင့်တမျိုး၊ အီးမေးလ်ဖြင့်တဖုံ၊ စကားဝိုင်းဖွဲ့ကာတမျိုး ပြောဖြစ်ကြသည်။
အချို့သော ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေး အရွေ့ဟု ပြောဆို ကြသည်။ မှန်သင့်သလောက် မှန်သည်ဟု ကောက်ချက်ချမိသည်။ သို့ရာတွင် အရွယ်ရောက်လာစဉ်ကတည်းက ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး အောက်တွင်ကြီးပြင်းခဲ့ရသော၊ တသက်လုံး အစိုးရဆန့်ကျင်ရေး လုပ်လာခဲ့သူ တဦးအနေဖြင့် လက်ရှိအစိုးရ၏ မြှုပ်ကွက် ရွှေ့ကွက်ကို စိတ်ပျက်မိသည်။
ဒီမိုကရေစီ အဓိက ၀ါဒီများ အဖို့ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အစိတ်အပိုင်းဖြစ်သည်။ သို့ရာတွင် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာသူများအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် ဒီမိုကရေစီသည် အစိတ်အပိုင်း တရပ်သာဖြစ်ပြီး၊ တိုင်းရင်းသားတို့၏အရေးသည် ပို၍အရေးပါသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်တို့အနေဖြင့် တိုင်းရင်းသားအရေးကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။ လွန်ခဲ့သော ၁၉၉၀ ကျော်ခုနှစ်များအတွင်းက ဖြေရှင်းခဲ့သော ဖြေရှင်းနည်းအတိုင်းသာ ဖြေရှင်းပါက နောက်ထပ် မြန်မာနိုင်ငံ နယ်စပ် တလျှောက်တွင် စစ်ဘုရင်များ အမြောက်အများ ပေါ်ပေါက်လာပေဦးမည်။
၁၉၉၀ ကျော် ခုနှစ်များအတွင်း KIO၊ UWSA၊ SSA-N၊ NDAK၊ MNSP စသည့်တိုင်းရင်းသား လက်နက်ကိုင်တို့ နှင့်အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ အစိုးရသတင်းစာများတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်ဟု ဖေါ်ပြထားသည်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက် စစ်ခေါင်းဆောင်များမှ တိုင်းရင်းသားများကို မျက်နှာချို သွေးကာ တရားဝင်သော စီးပွားရေးလုပ်ငန်းနှင့် တရားမ၀င်သော စီးပွားရေုးလုပ်ငန်းမျာကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။
တိုင်းရင်းသားတို့ ထိမ်းချုပ်ရာနေရာသို့ စစ်တပ်အရာရှိများ သွားလိုပါက ပါလာသော လက်နက်များကို အပ်ပြီးမှ ၀င်ခွင့်ရသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို စီးပွားရေးလုပ်ငန်းများ ထိုးအပ်ပြီး တော်လှန်ရေးကို ဖျက်ဆီးပစ်မည့် မဟာဗျူဟာ ကိုချမှတ် အကောင်အထည် ဖေါ်ခဲ့သည်။ အောင်မြင်သင့်သလောက် အောင်မြင်သည်ဟု ဆိုရပေမည်။
သို့ရာတွင် နှစ် ၂၀ နီးပါးကြာသောအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ ချိနဲ့မသွားဘဲ လူသူလက်နက် အင်အား ပိုမိုတောင်းတင်း လာသည် ကိုတွေ့ရသည်။ စစ်ဘုရင်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ စစ်ဘုရင်အုပ်စု နှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရသည်။ လက်ရှိအုပ်ချုပ်နေသာ စစ်အစိုးရ၏ တိုင်းမှူး၊ တပ်မမှူး စစ်ဘုရင်များနှင့် တိုင်းရင်းသား စစ်ဘုရင်များ ဖြစ်သည်။
ကမ္ဘာ့သမိုင်း ဖြစ်စဉ်တလျှောက်တွင် စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို မည်သည့်အခါမျှ တည်ဆောက်နိုင် ခြင်း မရှိသည်ကို တွေ့ရသည်။ စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို တည်ဆောက်ရိုးထုံးစံမရှိ။ တရုတ်နိုင်ငံ စစ်ဘုရင် အုပ်ချုပ်သော ခေတ်ကိုကြည့်ပါ။ ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်ဘုရင်တို့ အကြောက်ဆုံးသော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသော နယ်မြေတွင် စစ်ဘုရင်များ ပေါ်ပေါက်ခြင်း သမိုင်းတွင် မရှိခဲ့။
မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် တိုင်းရင်းသား ပြည်သူတို့၏ ဘ၀ပျက်စီးရသည်။ အထူးသဖြင့် လူမမယ် ကလေးငယ်များနှင့် အမျိုးသမီးတို့၏ ဘ၀ထိခိုက် ပျက်စီးကြရသည်။ စစ်ကြောင့် ထွက်ပြေးနေရသော ကလေးငယ်များ တိုင်းတပါးတွင် မျက်နှာငယ်လေးနှင့် နေထိုင်ကြရသည်။ အနာဂတ်ပျောက်နေရသည်။ တိုင်းရင်းသူများမှာ စစ်ကြောင့်ဘ၀ပျက်ကြရသည်။ မိသားစုဘ၀ ပျက်ခဲ့ရသည့် သားသည်မိခင်တို့ကား နယ်စပ်တစ်လျှောက်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မရေမတွက်နိုင်။
မျိုးမစစ်သော ငြိမ်းချမ်းရေး ယခုတဖန် ပေါ်ပေါက်လာပြန်သည်။ ဗမာစစ်ဘုရင်များက တိုင်းရင်းသား စစ်ဘုရင်များကို နယ်မြေများအပိုင်စားပေးကာ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြသည်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို နေ့စဉ်ရက်ဆက် ကြားနေရသည်။ တိုင်းရင်းသားစစ်ဘုရင် တို့ကလည်း တိုင်းရင်းသူတို့၏ ဘ၀လုံခြုံမှု အတွက် အာမခံချက်မရှိမှီ လက်နက်ကို စွန့်လွှတ်မည် မဟုတ်။
နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့် ဗိုလ်ကျမှုများကို ကိုယ်တွေ့ခံစားခဲ့ရသော တိုင်းရင်းသား စစ်ဘုရင်များ ဘက်မှလည်း ငြိမ်းချမ်းရေးကို အရင်းတည်ကာ လူသူလက်နက်တပ်ဆင်မည်။ ဗမာစစ်ဘုရင်များဘက်မှလည်း အပစ်အခတ်ရပ်စဲရေးကို အခြေခံကာ လျှိုသတ်၊ ခွဲသတ် လုပ်ဦးမည်။
ယခုအခါ ငြိမ်းချမ်းရေးစကား၊ အပစ်အခတ်ရပ်စဲရေး စကားကို ဗမာစစ်ဘုရင်နှင့် တိုင်းရင်းသားစစ်ဘုရင်များ အကြား ကြားခံပွဲစားများကလည်း ဝေစုခွဲရန် နှစ်ဦးနှစ်ဘက် မျက်နှာချိုသွေးကာ ရွှေလမ်းငွေလမ်း ဖေါက်နေ သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှာကား ၊ မိဘ ဆွေမျိုး၊ အသိုင်းအ၀ိုင်းကင်းမဲ့သော မိန်းမပျိုလေးတဦး တရားဥပဒေနှင့် လူ့ကျင့်ဝတ် မရှိသည်နေရာတွင် စော်ကားမော်ကားပြုကျင့်ခံနေရသည်နှင့်တူပေသည်။
မြန်မာ့ သယံဇာတများကို ဝေစုခွဲစားသောက်နေသူများတွင် ဗမာစစ်ဘုရင်များ ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊လွှတ်တော်အမတ်များ၊ တရုတ်၊ ကုလား စီးပွားရေး ကုမ္ပဏီများနှင့် တိုင်းရင်းသား စစ်ဘုရင်များပါဝင်ကြသည်။
မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် သေနတ်သံများ အခိုက်အတန့် တိတ်ဆိတ်နေခြင်းသာဖြစ်သည်။ ပြည်တွင်းစစ်ဒဏ်တွင် အဓိကခံစားရသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်သည်။ ကမ္ဘာ တ၀ှမ်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကလေးငယ်များ ပညာရေးနှင့် ဝေးနေကြရသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ကမ္ဘာတ၀ှမ်း ကလေးငယ်ပေါင်း ၂၈ သန်းသည် ကျောင်းပြင်ပရောက် နေကြရသည်ဟု UNESCO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ အသက်အိုးအိမ် မည်မျှ ဆုံးရှုံးခဲ့သည်ကို စာရင်းဇယား တိတိကျကျ စာရင်းကောက်ယူထားခြင်း မရှိပေ။
ယခုအချိန်တွင်ပင် စစ်ဒဏ်ကြောင့် ထွက်ပြေးနေရသည့် ကလေးငယ်များအရေအတွက် မည်မျှရှိသည်ကို အတိအကျ စာရင်းဇယား မရှိ။ စစ်ကြောင့် ပြည်တွင်း၌ အိုးအိမ်ပစ်ကာ ထွက်ပြေးနေရသူ ပေါင်း ၄၀၀၀၀၀ လေးသိန်းခန့် ရှိမည်ဟု Displacement continues in context of armed conflict အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းကိုးခုတွင် မြန်မာနိုင်ငံသားဒုက္ခသည် (၁၅၀၀၀၀) တသိန်းခွဲရှိနေဆဲ။
မြန်မာ့ ဓနဥစ္စာကို ဝေစုခွဲယူနေကြသူများအနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ အာဂတိ လိုက်စားမှု အများဆုံးနိုင်ငံ၊ ပညာရေးအနိမ့်ဆုံးနိုင်ငံ၊ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံးနိုင်ငံ၊ အာရှတွင် ဒုက္ခသည် ထုတ်လုပ်သော နိုင်ငံ၊ အာရှတွင် စစ်တပ်အင်အား အကြီးဆုံးနိုင်ငံဖြစ်နေသည်ကို စဉ်းစားစေချင်သည်။
စစ်တပ်အင်အား ငါးသိန်းခန့်၊ တိုင်းရင်းသားလက်နက်ကိုင်အရေ အတွက် (၇၀၀၀၀-၁၀၀၀၀၀) ခုနှစ်သောင်းနှင့် တသိန်း၊ သာသနာ့ဝန်ထမ်း အရေအတွက်က (၅၀၀၀၀၀) ငါးသိန်းနီးပါး စုစုပေါင်း (စစ်၊ တိုင်းစစ်၊ သာသန ) တသန်းနီးပါး၏ ၀န်ကို သန်းငါးဆယ်ကျော်သော မြန်မာပြည်သူများက တာဝန်ယူနေကြရသည်။ စစ်တပ်အင်အားစုစုပေါင်း ( စစ်တပ်၊ တိုင်းရင်းသား) ခြောက်သိန်း၊ သာသန၀န်ထမ်း ငါးသိန်းတို့၏ ၀န်ကို ထမ်းဆောင်နေရသော အမိမြန်မာပြည်သူများမှာ ခါးကျိုးကာ အိပ်ရာထဲ လဲနေသည့် လူမမာနှယ်။
အမိမြန်မာနိုင်ငံကြီး၏ ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။ ဒီမိုကရေစီသည် အမိမြန်မာနိုင်ငံအတွက် တခုတည်းသော အဖြေမဟုတ်။ တိုင်းရင်းသားပေါင်းစုံ ယှဉ်တွဲနေထိုင် နိုင်သည့် စနစ်သည်သာလျင် အဖြေဖြစ်ပေမည်။
လာမည့် ၂၀၁၂ နှစ်သစ်ကို မြန်မာပြည်သူတို့၏ မင်္ဂလာအပေါင်းနှင့် ခညောင်းသောနှစ်အဖြစ် မည်ကဲ့သို့ဖော်ဆောင်ကြမည်ကို ၀ိုင်းဝန်းကြိုးစား အကောင်အထည် ဖော်ရပေဦးမည်။
လှရွှေ
ှSource: http://maukkha.org/index.php/feature-article/1686-maukkha-2012-and-myanmar-future
နိုင်ငံရေးသမားဖြစ်ချင်တယ်ဆိုရင် .. အောင်သာ(ပီသုံးလုံး)
Posted by admin on December 17, 2011 1 Commentဗုဒ္ဓဝါဒီစစ်စစစ် တဦးဟာ ၁။ သရဏဂုံသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်သူ ဖြစ်ရပါမယ်။ ၂။ သံသရာ အယူအဆ၊ သုံးဆယ့်တဘုံ ရှိတယ်ဆိုတဲ့ အယူအဆကို ယုံကြည်သူ ဖြစ်ရပါမယ်။ ၃။ ကမ္မဝါစရ ကုသိုလ်ကံဆိုတဲ့ ကံနဲ့ ကံရဲ့အကျိုး တရားကို ယုံကြည်သူ ဖြစ်ရပါမယ်လို့ ဆရာတော်၊ သံဃာတော်ကြီးများရဲ့ဆုံးမသွန်သင်မှုကို ကြားနာမှတ်သားခဲ့ရဖူးပါ တယ်။ မိမိ၏ ပစ္စက္ခဘဝ ဖြစ်တည်မှုများဟာ ကမ္မဝါစရ ကုသိုလ်ကံရဲ့အကျိုးဆက်နဲ့ စီမံခန့်ခွဲမှုအတိုင်း ဖြစ်တည်ခဲ့ရတာ ပဲလို့ ယုံကြည်လက်ခံပါရတော့မယ်။ သည်ဘဝ သည်မျှနဲ့ ကျေပါစေတော့လို့ ဆုတောင်းရပါတော့မယ်။ ဘာကြောင်းလဲ ဆိုတော့ ၁၉၅၃ ခုနှစ်၊ သတ္တမတန်းကျောင်းသား ဘဝကနေ အခု သည်စာလေး ရေးတဲ့အချိန်ထိ၊ လောကပါလတရား များ တည်တံ့ရှန်သန် ဖွံ့ဖြိုးစေရေးအတွက် ဖြစ်နိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုများ ပေးဆပ်ပြီး မြန်မာ့နိုင်ငံရေး ဘဝအတွက် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီလိုပါဝင် လှုပ်ရှားခဲ့တဲ့အတွက် မိမိဟာ မိမိလူ့ဘဝရဲ့ သုံးပုံတပုံ လောက်ရှိတဲ့အချိန်ကာလကို မြန်မာနိုင်ငံ အကျဉ်းထောင် စနစ်အတွင်းမှာ မြှုပ်နှံစတေးခဲ့ရပါတယ်။
ကြုံခဲ့ဆုံခဲ့ရသူတွေ
မိမိဟာ အကျဉ်းထောင်ထဲ ရောက်တိုင်း ရောက်တိုင်း အသက် ၂ဝ နဲ့ ၆ဝ အကြားက မြို့နေ ပညာတတ် သူငယ်များ၊ သက်လတ်တန်း လူငယ်များနဲ့ လူငယ်များနဲ့ မတွေ့ရ၊ မကြုံရ၊ မဆုံရတဲ့အခါ မရှိပါဘူး။ ၁၉၈၉ ခုနှစ် အတွေ့အကြုံအရ ဆိုရင် ပါလာတဲ့ ထောင်ကျလာတဲ့ လူငယ်ပိုင်း၊ လူလတ်ပိုင်းထဲမှာ အင်ဂျင်နီယာ၊ ဆရာဝန်၊ တက္ကသိုလ်ဆရာ၊ စာရေး ဆရာနဲ့ ကဗျာဆရာ၊ တပ်မတော်မှ ဗိုလ်ကြီး၊ ရဲအုပ်၊ တိုက်ခိုက်ရေး ရဲမှူး၊ ကျူရှင်ဆရာ၊ ရှေ့နေစတဲ့ အသက်မွေးဝမ်း ကျောင်း ပေါင်းစုံက ပညာတတ်အလွှာများ ပါဝင်ကြပါတယ်။ သူတို့အများစုဟာ အသင်းအပင်း အဖွဲ့အစည်းနဲ့ နေကျင့် ထိုင်ကျင့် မရှိကြဘူး။ လူထု လုပ်ငန်းများ မလုပ်ဖူးကြပါဘူး။ စီးပွားရေး ကျောင်းထောက်နောက်ခံလည်း မတူကြပါဘူး။ အိမ်ထောင်သည် နည်းပါတယ်။ ကျောင်းသားတွေဆိုရင်လည်း တယောက်တဖွဲ့လောက်ပါပဲ။ ဗကသ၊ မကသ၊ အခသ၊ ခရိုင်၊ ဗလသ၊ အထက်ဗ နဲ့ အောက်ဗ၊ သုံးရောင်ခြယ်၊ အေဘီ၊ မြောက်၊ အရှေ့၊ တောင်၊ အနကလ၊ ကိုကိုကြီး ဗကသ၊ သက်ထွန်း လူ့ဘောင်သစ်၊ ၈၈ မျိုးဆက်၊ ကိုးဆယ့်ခြောက် မျိုးဆက်။ သူတို့အားလုံးနဲ့ တွေ့တဲ့ဆုံရတဲ့ ထောင်အခြေအ နေအလိုက် နှစ်ဦး နှစ်ဖက်စိတ်ဝင်စားတဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး စကားစမြည် ပြေဖြစ်ကြပါတယ်။ သိချင်လို့ မေးကြတဲ့ အကြောင်းအရာများ၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ရှေ့ရေး၊ နောက်ရေးများ၊ လေ့လာရေး၊ ဘာစာအုပ်တွေ ဖတ်ရမလဲ။ ၄ဝ၁ (၁) တိုးမလား၊ မတိုးဘူးလား။ ကျနော်က ဘာမှဆက်လုပ်မှာ မဟုတ်ဘူး။ အချိန်ကုန်တယ်။ (ထိုး) ထွက်မယ်။ ကျနော် ဆက်လုပ်မယ်၊ ထောင်ထဲမှာ အချိန်ကုန်တယ်။ ၄ဝ၁ (ထိုးထွက်မယ်)။ အပြင်မှာကြိုက်တာလုပ်မယ် စတဲ့ လော ဂျစ်များ ရှိကြပါတယ်။ အကျဉ်းထောင်ထဲမှာ အထိမခံ ရွှေပန်းကန် အဖြစ်ဆုံးကတော့ စားရေး၊ အချင်းချင်း ဆက်ဆံရေး၊ အကျဉ်းထောင်နဲ့ ဆက်ဆံရေး ပြဿနာများပဲ ဖြစ်ပါတယ်။
အမေးခံရဆုံး မေးခွန်း
တွေ့ကြုံဆက်ဆံရသမျှ အကြောင်းအရာ အမျိုးမျိုးအနက် ဒီကနေ့ခေတ်ပည်ာတတ်လူငယ်များ အမေးအမြန်း အခံရဆုံး ပြဿနာနဲ့ မေးခွန်းက ၁။ အဘက၊ ဦးလေးက ထောင်တွေ ခဏခဏကျပြီး ဘယ်လိုအကြောင်းတွေကြောင့် ပြန်ပြန် လုပ်နေတာလည်းဆိုတဲ့ မေးခွန်းကို မေးကြပါတယ်။ ၂။ နောက်မေးခွန်းတခုကတော့ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ ဘယ်လို ပြုပြင်မှု၊ တည်ဆောက်မှုမျိုး လုပ်ရမဆိုတဲ့ မေးခွန်းပါပဲ။ (ပထမ) မေးခွန်းရဲ့အဖြေကတော့ ဒုတိယမေးခွန်းရဲ့ အဖြေပါပဲလို့ ဆိုချင်ပါတယ်။ သူတို့မေးတဲ့မေးခွန်းများကို ဖြေကြားတဲ့အခါ မိမိရဲ့ဘဝဖြစ်စဉ်နဲ့ ဖြတ်သန်းမှုများကို ကျော ထောက်နောက်ခံထားပြီး ဖြေကြာခဲ့ပါတယ်။
တန်းရှိတဲ့ နိုင်ငံရေးသမား
မိမိဖြတ်သန်းရတဲ့ ကိုယ်ပိုင်ဘဝ အတွေ့အကြုံများ၊ မိမိဖြတ်သန်းရတဲ့ မိမိတို့လူ့အဖွဲ့အစည်းရဲ့ လောကပါလတရား အ ခြေအနေများကို အကြောင်းပြုပြီး ဖြေကြားတဲ့အဖြေက (ခုလိုပါပဲ)။ တန်းရှိတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်ချင်တယ် ဆိုရင်…
၁။ မိမိရဲ့လူမှုဘဝ Social life and status က နိုင်ငံရေးကို တောင်းဆိုမှုရှိရပါမယ်။ လူ့ရဲ့ လူမှုရေးဘဝက သူ့လူမှုရေး အသိကို ပြဋ္ဌာန်းမြဲ ဓမ္မတာပါပဲ။ ထောင်တခါ ကျရုံနဲ့ နိုင်ငံရေးသမား မဖြစ်နိုင်ပါဘူး။ ဥဿုံပြည့်စုံနေတဲ့ ဘဝက နိုင်ငံရေး လုပ်ဖို့ မတောင်းဆိုပါဘူး။ ‘မခံချင်စိတ်’ က နိုင်ငံရေးယုံကြည်မှု မဟုတ်ပါဘူး။ လူဟာ တခုကောင်း နှစ်ခုကောင်း လုပ် နိုင်ပေမယ့် တသက်လုံးကောင်းအောင် မလုပ်နိုင်တာ အမှန်ပါပဲ။ စွန့်လွှတ်မှု အနစ်နာခံမှု ဆိုတာမှာ ‘ကိန်ဂဏန်း’ မရှိပါ ဘူး။ နိုင်ငံရေးမှာ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ရပါဘူး။ ပေါ်ပင်နိုင်ငံရေးသမား လုပ်ရတာ လွယ်ပေမယ့် ရာသက်ပန် နိုင်ငံရေးသမား လုပ်ရတာ မလွယ်လှပါဘူး။ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေက နိုင်ငံရေးသမား ဘဝ ကို လုံခြုံမှု မပေးတတ်ပါဘူး။ ကိုယ့်ဘဝရဲ့အသွေးအသားထဲမှာ ‘ယုံကြည်မှု’ ကို မြှုပ်နှံမထားနိုင်ဘူးဆိုရင် တကယ့် နိုင်ငံ ရေးသမား မဖြစ်နိုင်ပါဘူး။ (ဆရာမောင်ဝံသ- ကျနော်နဲ့ သဘောတူနိုင်ပါသလား)။ ဒါ ပထမ လိုအပ်ချက်ပါ။ (ဝ) ရှိမှ (ဝိ) လုပ်နိုင်မှာပါ။
(ဒုတိယ) လိုအပ်ချက်တော့ ခိုင်မာတဲ့ ယုံကြည်မှု ဒဿနတခု ရှိရပါမယ်။ နိုင်ငံရေးမျိုးဆက်ဆိုတာ သွေးသား တော်စပ် မှု မဟုတ်ပါဘူး။ သမိုင်းခေတ်က သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ ‘သမိုင်းတာဝန်’ ကို သယ်ဆောင်သူ ဖြစ်ရပါမယ်။ ပုဂ္ဂလ လူ၊ ဒဿနနဲ့ သမိုင်းခေတ်ဆိုတာ သံကြိုးကွင်းဆက် တမျိုးပါ။ ပစ္စက္ခခေတ်ကတော့ လစ်ဘရယ် စီမိုကရေစီ ခေတ်ပါပဲ။ နှစ်သက်ရင် ယုံကြည်ပါ။ ဒါပေမဲ့ ‘အစမ်းသပ်ခံရပါမယ်’ ။ ‘ပဲ့ပြားပင် ယုံကြည်မှု’ မဖြစ်နိုင်စေဖို့ ပါပဲ။
(တတိယ) ချက်ကတော့ ကိုယ့်ကိုယ်စားပြုတဲ့ ယုံကြည်မှု ဒဿနကို အကောင်အထည် ဖော်ပေးနိုင်တဲ့ နိုင်ငံရေးပါတီ တ ခုခုထဲမှာ ပါဝင်လှုပ်ရှားရပါမယ်။ ‘ဆိုလို’ (solo) တကိုယ်တော်နိုင်ငံရေးသမားဆိုတာ မရှိပါဘူး။ လူထု၊ လူတန်းစား၊ပါတီ၊ ခေါင်းဆောင်ဆိုတာဟာ သံကြိုးကွင်းဆက် တမျိုးပါပဲ။ သူခိုးဓားပြများမှာတောင် ဂိုဏ်းအုပ်စုရှိတတ်ပါတယ်။ ဘယ်လို ခေတ်ပြိုင် နိုင်ငံရေးမှာမဆို အဖွဲ့အစည်းရှိရပါမယ်။ အဖွဲ့အစည်းက သူ့အဖွဲ့ဝင်များကို လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။ လုပ်ငန်းလက်တွေထဲမှာ လေ့ကျင်ပျိုးထောင်ပေးရပါမယ်။
(စတုထ္ထ လိုအပ်ချက်) အရ နိုင်ငံရေးသမားဆိုတာ အဖွဲ့အစည်းရဲ့ လေ့ကျင့်ပျိုးထောင်မှုကို ရယူရမှာသာမက၊ မိမိကိုယ် ကိုလည်း လေ့ကျင့်ပျိုးထောင်ရပါမယ်။ အတွေးအခေါ်အရ နိုင်ငံရေး (လမ်းစဉ်) အရ၊ စည်းရုံးရေးအရ၊ လုပ်ဟန်အရ၊ မိမိကိုယ်ကို ဘက်စုံတည်ဆောက်ရပါမယ်။ ‘ဓား’ တချောင်းလိုပါပဲ။ (သုံးဖို့ ‘သ’ ရပါမယ်)။
(ပဉ္စမအချက်) ကတော့ သမိုင်းဗဟုသုတ ရှိရပါမယ်။ အထူးသဖြင့် ခေတ်ပြိုင်မြန်မာ့သမိုင်းရဲ့ (ကာလသုံးပါး) ကို သိရပါ မယ်။ ‘၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရတယ်’ ဆိုတဲ့ ဗဟုသုတလောက်နဲ့တော့ မဖြစ်ပါ။
(ဒါ အကျဉ်းချုပ်ပါ။ အကျယ်ရေးဖို့ ကြိုးစားကြည့်ပါမယ်)
အောင်သာ (ပီသုံးလုံး)
၁၄ ရက် နိုဝင်ဘာလ ၂၀၁၁
ပြည်သူခေတ် ဂျာနယ် အတွဲ ၂၊ အမှတ် ၇၀ မှ …
ှSource: http://www.naytthit.net/?p=2283
No comments:
Post a Comment