Sunday, January 29, 2012

ဒေါ်အောင်ဆန်းစုကြည့် ရဲ့နေ့ချင်းပြန် ထားဝယ်ခရီး

ဓာတ်ပုံ REUTERS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့နယ် ရေဖြူကျေးရွာမှာ မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၂)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ချင်းပြန်ခရီးနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အနီးတ၀ိုက်မှာရှိတဲ့ မြို့နယ်တွေကို စည်းရုံးရေးခရီး ထွက်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ ထောင်သောင်းချီတဲ့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဦးစံမိုးဝေက တင်ပြထားပါတယ်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းရင်းများ ဖြစ်ကြောင်းသိရ

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တိုင်ကြားခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များ အနက် အများစုမှာ မော်တော်ယာဉ်၊ မြေကွက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

မြေကွက်နှင့်ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် အကြောင်းရင်းတွင် အချို့မှာ ပိုင်ဆိုင်သည့် မြေကွက်၏ မူရင်းစာရွက်စာတမ်းများကို ပေး၍ ရောင်းခိုင်းရာ၌ ရရှိသော ငွေကျပ်များကို ပိုင်ရှင်ထံသို့ ပြန်မအပ်ဘဲ တိမ်းရှောင်နေသည့် ဖြစ်စဉ်၊ မြေကွက်နှင့် သက်ဆိုင်သည့် မြေကွက် ချထားပေးကြောင်း အကြောင်းကြားစာ မူရင်းစာရွက် ငွေပေးသွင်းထားသည့် ငွေရပြေစာအတုဖြင့် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်များဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်နှင့် ပတ်သက်၍ လိမ်ခံရသည့် ဖြစ်စဉ်အကြောင်းရင်း အချို့မှာ မိမိရရှိထားသည့် ကားများ ကို ရောင်းချမည်ဟု ပြောဆို၍ ငွေများကိုရယူကာ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပေးအပ်ခြင်းမရှိဘဲ တိမ်းရှောင်နေသည့်ဖြစ်စဉ်၊ Cherry Wagon ကားများ ၀ယ်ယူခွင့်ရမည်ဟု ပြောဆို၍ ကျသင့်ငွေ များကို လိမ်လည်ယူသွားသည့် ဖြစ်စဉ်များဖြစ်သည်ဟု သိရသည်။


Saturday, January 28, 2012

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည်

နယူးဒေလီ (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။


ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ ပြုပြင်ပြောင်းလဲစရာတွေ အတော်ရှိသေးတယ်လို့ ဆွစ်ဇာလန်နိုင်ငံ Davos ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်နေတဲ့ မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံ အပါအ၀င် အနောက်နိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအားလုံးနဲ့ပါ အဆင်ပြေပြေ ခင်ခင်မင်မင် ဆက်ဆံသွားလိုတယ်လို့လည်း ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေရာမှာ နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးနေတယ် ဆိုပြီး Davos ကမ္ဘာ့ကုန်သွယ်ရေး ညီလာခံကို တတ်ရောက်နေတဲ့ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောသွားတာပါ။ မြန်မာအစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုင်နေရာမှာ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ အခြေအနေကောင်းတွေ ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်

ထိန်းသိမ်းခံထားရသော ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို သေဒဏ် သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုဖြင့် စွဲချက် ထပ်မံတင်ထားကြောင်း ရှေ့နေက ပြောသည်။

ယခင်စွဲဆိုထားသည့်ပုဒ်မများအပြင် နိုင်ငံတော်ကိုစစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှုတွင်ပါဝင်ကျူးလွန်သည့်အမှု ပုဒ်မ ၁၂၂(၁) နှင့် စွဲချက်တင်ထားသည်ဖြစ်ရာ တရားရင်ဆိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တရားသူကြီးက ညွှန်ကြားလိုက်သည်ဟု ဆိုသည်။

“မန်းငြိမ်းမောင်က ရှေ့နေမငှားဘူး၊ မခုခံဘူး၊ ဆုံးဖြတ်သလို လိုက်နာမယ်ပြောတာ။ ဒါပေမယ့် ၁၂၂ (၁) က သေဒဏ်ကနေ တသက် တကျွန်းအထိ ချမှတ်နိုင်တာဖြစ်လို့ နိုင်ငံတော်ကနေ ရှေ့နေ ငှားပေးလိုက်တာ။ မတရားအသင်း ၁၇(၁) ကတော့၂နှစ် ကနေ ၃ နှစ်ချမှတ်နိုင်တယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

Thursday, January 26, 2012

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ


သမ္မတဦးသိန်းစိန် ဆောင်ရွက်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း ထောက်ခံမှုများရရှိနေကြောင်း စစ်တပ်အသိုင်းအ၀န်းမှစုံစမ်းသိရှိရသည်။သမ္မတဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သားများက နှစ်သက်ကြကြောင်း သိရသည်။


Wednesday, January 25, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ပါကစ္စတန်သမ္မတ ဆု ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက် ဒီမိုကရေစီရေး ကိုးပမ်းမှုတွေဟာပါကစ္စတန် ပြည်သူတွေအတွက် အတုယူ အားကျစရာဖြစ်တယ်လို့ဆိုပြီး Benazir Bhutto Shaheed ဆုကို ပါကစ္စတန် သမ္မတကိုယ်တိုင်က ချီးမြှင့်ခဲ့ပါတယ်။လက်ရှိအာဏာရပါကစ္စတန်ပြည်သူ့ပါတီက၂၀၁၀ခုနှစ်ထဲက ပေးအပ်ထားတဲ့ဆုကိုသမ္မတ
AsifAliZardari မြန်မာနိုင်ငံလာရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုကိုယ်ကိုင်တွေ့ဆုံ ပေးအပ်ခဲ့တာ
လည်း ဖြစ်ပါတယ်။အပြည့်အစုံကိုဘန်ကောက်ရုံးကမစုမြတ်မွန်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံကို အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက်ခရီးလာတဲ့ Pakistan သမ္မတ Asif Ali Zardari ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်တွေ့ဆုံပြီး Benazir Bhutto Shaheed ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သူ သူ့ရဲ့ဇနီး ဝန်ကြီးချုပ်ဟောင်း Benazir Bhutto အတွက်အမှတ်တရအဖြစ် ပါကစ္စတန်ပြည်သူ့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းသူတွေ၊အမျိုးသမီးတွေရဲ့အခြေအနေနဲ့လူမှုအဆင့်အတန်းတွေကိုတိုးတက်အောင် ဆောင်ရွက်တဲ့သူတွေကို ဂုဏ်ပြုတဲ့ဆုလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပထမဆုံး ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဆုပေးပွဲ အခမ်းအနားကို လုပ်ခဲ့တာမှာ ဘာကြောင့်ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးရသလဲ ဆိုတာကို ပါကစ္စတန် သမ္မတရုံး တာဝန်ရှိသူက ခုလိုပြောကြားပါတယ်။


မြန်မာ့စီးပွားရေး မူဝါဒ တိုးတက်မှု IMF ကြိုဆို

မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေကို ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေကို တွေ့မြင်လာနေရပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ စိမ်ခေါ်မှုတွေနဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အများအပြား ရှိနေသေးတာကိုလည်း IMF ရဲ့  သီတင်း ၃ ပတ်နီးပါးကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ ပြောဆိုလိုက်တာပါ။ အပြည့် အစုံကိုတော့ IMF တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲနဲ့အတူ မူဝါဒတွေကို ပြောင်းလဲ ကျင့်သုံး လာရာက စီးပွားရေး တိုးတက်မှု လက္ခဏာတွေ၊ ဆက်လက် တိုးတက်ဦးမယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့အကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောလိုက်တာပါ။ ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့ ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရ တာဝန်ရှိသူတွေ အပါအ၀င် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေတွေကို တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ခဲ့အပြီး IMF အဖွဲ့ အပိုဒ် ၄ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

Tuesday, January 24, 2012

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းဒေါ်တင်တင်ရီ အား အဖွဲ့ချုပ်ဝင် လူငယ်တဦးက မြိတ်မြို့ NLD ရုံးရှေ့တွင် အဖွဲ့ချုပ်တံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်မှု တခု တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဒေါ်တင်တင်ရီ မှာ မြိတ် NLD အကြပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီကို လစ်လျူရှုပြီး ရွေးကောက်ပွဲ ဝင်ချိန်ကျမှသာ အဆင်သင့် ဝင်ရောက် အရွေးခံသဖြင့် NLD ပါတီနှင့် မထိုက်တန်ကြောင်း ပြောဆိုကာ မြိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းနှင့် ပါတီတံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်ခဲ့ခြင်းကို တွေ့မြင်ရသူ NLD အဖွဲ့ဝင်များက ပြောသည်။


ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ သူ့ကိုကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်နဲ့ ပညာရေးဝန်ကြီး ဦးမြအေးတို့က လေဆိပ်မှာကြိုဆိုခဲ့ကြပါတယ်။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။


Monday, January 23, 2012

ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းသွားမည်ဟုဆို


မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်က ပြောသည်။ဒီမိုကရေစီစနစ် ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံအဖြစ်အသွင်ပြောင်းမည်ဆိုပါက ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့် ပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂများသည် ကျောင်းသားလွှတ်တော်များပင်ဖြစ်ပြီးဒီမိုကရေစီစနစ်အတွက်အလေ့အကျင့်ကောင်း ပေးသော နေရာများဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးအတွက် အညံ့ခံမည်မဟုတ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မင်းကိုနိုင်က ဆိုသည်။



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ။ ဒီမိုကရေစီနိုင်ငံ သွားမယ်ဆိုရင် လွှတ်တော်ရှိရမယ်။လွှတ်တော်ရှိရမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် လေ့ကျင့်ပေးနေတဲ့ ကျောင်းသားသမဂ္ဂတွေ ရှိကိုရှိရမယ်။ဒီမိုကရေစီတကယ်သွားတယ်ဆိုရင်ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ခွင့်ကို ခွင့်ပြုရမယ်။ သမိုင်း အဆက်ဆက်မှာ အစဉ်အလာကြီးခဲ့တဲ့ ကျောင်းသားသမဂ္ဂကို ကျနော်တို့ခေတ်မှာလည်း အညံ့မခံခဲ့ဘူး။ ဟောဒီခေတ်မှာ၊ နောင်မျိုးဆက်တွေမှာလည်း အညံ့မခံဘူးဆိုတာ ကျနော်ယုံပါတယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။


ပါကစ္စတန် သမ္မတ မြန်မာပြည်လာမည်

ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီဇာဒါရီ (Asif Ali Zardari) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံက မီဒီယာ သတင်းတွေမှာ ရေးသားထားပါတယ်။

Sunday, January 22, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပတ်စ်ပို့ရုံးက တနှစ် စောင့်ကြည့်မည် – passport for former political prisoners?


ရွှေမြစ်မခ
ဇန်န၀ါရီ ၂၂၊ ၂၀၁၂
နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ ပတ်စ်ပို့ လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို အာဏာပိုင်တို့က ဆောင်ရွက် ပေးခြင်း မရှိသေးပဲ တစ်နှစ်စောင့်ကြည့် ကာလအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်ကြောင်း သိရသည်။
‘ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့က ထောင်ကထွက်လာတဲ့သူမို့လို့ တစ်နှစ် စောင့်ကြည့်ကာလ လို့ပြောတယ်၊ စလစ်စာရွက် သွားထပ်တော့လဲ စာရွက်မှာ B L (Black list) လို့ ရေးထားတယ် ’ ဟု ၂၀၁၁ ခုနှစ် အောက်တိုဘာလ၁၂ရက်နေ့တွင်မအူပင်အကျဉ်းထောင်မှလွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ နွဲ့နှင်းရည် (ခ) နိုးနိုး က ပြောသည်။


မြန်မာအပေါ် ဒဏ်ခတ်မှုဖယ်ရှားရေး အချိန်ယူရဦးမည်

မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဘက်က အပြုသဘော တုံ့ပြန်ရမှာဖြစ်ပေမဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အားလုံးကို ဖယ်ရှားလိုက်ဖို့အတွက်က အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်လာမယ့် အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြောလိုက်ပါတယ်။ လွှတ်တော်မှာ သြဇာညောင်းတဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း (John Mccain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုးဇက်လီဘာမန် (Joseph Lieberman) အပါအဝင် မြန်မာနိုင်ငံကို သွားကြမယ့် လွှတ်တော်အမတ်တွေ ဘန်ကောက်မြို့မှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံပြီး သူတို့ ခရီးစဉ်အကြောင်း ရှင်းပြခဲ့စဉ်မှာ ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေကို ကိုယ်တိုင် တွေ့ဆုံမေးခွင့်ရခဲ့တဲ့ မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။


Saturday, January 21, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။



Friday, January 20, 2012

ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ




မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ်လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ပြုလုပ်တဲ့ (၅၉) ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ် ကော်မတီရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ကလေးအခွင့်အရေး ဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဒါနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေဆဲပါ။ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC (Convention on the Rights of the Child) (၅၉) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှုကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အစိုးရဘက်က အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ဝေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကလေးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ ၂၁ ဖွဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ Child Rights Forum Burma အဖွဲ့ သီးခြား အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့သလို အဖွဲ့ကိုယ်စား ဦးအောင်မျိုးမင်းက တက်ရောက်ခဲ့ပါတယ်။


ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ



အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ပြန်ပြီးတော့ ရုပ်သိမ်းရေးမှာ ဧပြီလမှာ ကျင်းပမယ်လို့ မြန်မာ အစိုးရက ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက်များ အရေးပါပါသလဲ။ ဒီမိုကရေစီရေး အတိုက်အခံတွေအပေါ် မြန်မာအစိုးရက ရိုးသားမှုနဲ့ ပွင့်လင်းမှုတွေအပြင် ခွဲခြားမှု မရှိဘဲ ဆက်ဆံလာမယ်ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာနေတဲ့ အမေရိကန် ပညာရှင်တဦးက ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။


ကားသစ် ၂ သောင်း တင်သွင်းခွင့်ကြောင့် ဒေါ်လာဈေး တက်

လုပ်ငန်းရှင်များ၊ စီးပွားရေးကုမ္ပဏီများ၊ သင်္ဘောသားနှင့် ပြည်ပရောက် အလုပ်သမားများကို ကားသစ်အရေအတွက် ၂ သောင်းခန့် တင်သွင်းခွင့်ပြုမည်ဟု အစိုးရကတရားဝင် သတင်းထုတ်ပြန်လိုက်သောကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်း ထပ်မံ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ယမန်နှစ် ဇွန်လက ရန်ကုန်တွင် ကျင်းပသော ကားပြပွဲတခု (ဓာတ်ပုံ - AP)

အစိုးရက ၂၀၁၂ ခုနှစ်တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို ကားစီးရေ ၆၀၀၀၊ ဟိုတယ်လုပ်ငန်းရှင်များကို ကားစီးရေ ၁၀၀၀၊ ပြည်ပရောက် မြန်မာအလုပ်သမားများကို ကားစီးရေ ၃၀၀၀၊ သင်္ဘောသားများကို ကားစီးရေ ၃၀၀၀၊ ၀န်ကြီးဌာနဆိုင်ရာများအတွက် ကားစီးရေ ၁၇၀၀၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများကို ကားစီးရေ ၃၀၀၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တခြားကိစ္စရပ်များအတွက် ကားစီးရေ ၄၇၀၀၊ စုစုပေါင်း ကားစီးရေ ၁၉၇၀၀ တင်သွင်းခွင့်ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

Thursday, January 19, 2012

ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကမ်းလှမ်း

၁၉၈၈ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီ  အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လိုက်လုပ်လာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုတွေကို ကြိုတင် သတ်မှတ်ချက်တွေမထားဘဲ နိုင်ငံရေးအရဆွေးနွေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတဆင့် ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။  အကြောင်းစုံကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။


အမေရိကန် သံအမတ်ခန့်ရေး လနှင့်ချီ ကြာဦးမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ရေးသည် သင့်လျော်မည့်သူ ရွေးချယ်ရေး၊ အမေရိကန် လွှတ်တော် အတည်ပြုချက် ရယူရေးတို့ လုပ်ဆောင်ရမည့်အတွက် လနှင့်ချီ အချိန်ယူရန်လိုသည်ဟု အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (ဓာတ်ပုံ - Getty Images)



ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ပြည်တော် ပြန်ဦးမည် မဟုတ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော် နှင့် ရန်ကုန်တွင် ထွက်ပေါ်နေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မြန်မာပြည်သို့ ပြန်တော့မည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း  မိသားစုက ပြောဆိုလိုက်သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ဓာတ်ပုံ - RFA)

“စိတ်ကူးရင်တောင်အခုအခြေအနေနဲ့က ပြန်ဖို့မလွယ်ပါဘူး၊တချို့ကလည်းဖုန်းဆက်ပြီး၊ ပြန်လာဖို့ ပြောကြတယ်” ဟု သမီးဖြစ်သူဒေါက်တာ လှကျော်ဇောက ဧရာဝတီသတင်းဌာနကို ရှင်းပြသည်။
ဗိုလ်မှူးချုပ်ကျော်ဇော အပါအ၀င် နှင့် မိသားစုဝင် တချို့မှာ ဗမာပြည် ကွန်မြူနစ်ပါတီဝင်များအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ မြန်မာအစိုးရက ကွန်မြူနစ်ပါတီအား  မတရားအသင်းအဖြစ် သတ်မှတ်ထားသောကြောင့် မြန်မာပြည်ပြန်ရေး မလွယ်ကူသေးကြောင်း ဒေါက်တာ လှကျော်ဇောက  ဆက်ပြောသည်။


Wednesday, January 18, 2012

အာဏာသိမ်းမှု ထပ်မဖြစ်နိုင်ဟု ဦးရွှေမန်း ပြော


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေပြီ ဖြစ်သည့်အတွက် စစ်တပ်မှ အာဏာသိမ်းယူမှု ထပ်မံမဖြစ်ပေါ် နိုင်တော့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောဆိုလိုက်သည်။


ပြီးခဲ့သည့် တနင်္လာနေ့က နေပြည်တော်၌ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Alain Juppe နှင့် သူရ ဦးရွှေမန်း တွေ့ဆုံစဉ်(ဓာတ်ပုံ - Getty Images)

ထို့အပြင် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ ဖြစ်ရန်အတွက် အချိန်မည်မျှကြာဦးမည်ကို အတိအကျ ပြောဆိုရန် ခက်ခဲသေးသော်လည်း ဒီမိုကရေစီ နည်းလမ်းမှလွဲ၍ တခြားရွေး ချယ်စရာလမ်းမရှိကြောင်းလည်း ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်သူ ဦးရွှေမန်း က AFP သတင်း ဌာန နှင့် နေပြည်တော်၌ တနင်္လာနေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။


ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။


KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။


ကျောက်မျက်ပြပွဲတွင် ယူရိုသန်း ၇၀၀ ဖိုးခန့် ရောင်းရ

အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ဝင်းကိုကိုလတ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့ အထိ ကျင်းပခဲ့သော၂၀၁၁ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ယူရိုငွေသန်း ၇၀၀ ဖိုးခန့် သာ ရောင်းချခဲ့ရပြီး ကျောက်စိမ်းမှပင်ယူရိုသန်း၅၃၀ခန့်ရောင်းချခဲ့ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ယခုလ ၅ ရက်နေ့က ပြောသည်။

"တန်ဖိုးကြီး လေလံကျောက်တွေကို တရုတ်ကုန်သည်တွေက အများဆုံး ၀ယ်ပြီး တင်ဒါကို ပြည်တွင်းကျောက် ကုန်သည်တွေက အများဆုံးဝယ်ယူကြပါတယ်" ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။ပြည်ပကုန်သည် ၁,၆၀၀ ခန့်နှင့် ပြည်တွင်းကုန်သည် ၃,၇၀၀ ကျော် တက် ရောက်ဝယ်ယူခဲ့သည့် အဆိုပါကျောက် မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၁,၈၂၁၊ ကျောက်မျက်အတွဲ ၂၃၀ နှင့် ပုလဲအတွဲ ၂၆၇ တင်ပြရောင်းချခဲ့ပြီး ကျောက်စိမ်းအတွဲ ၈,၂၉၃ ၊ ကျောက်မျက် အတွဲ ၃၉ နှင့် ပုလဲအတွဲ ၂၁၃ သာ ရောင်းချခဲ့ကြောင်း ၎င်းက ပြောသည်။


KIO နှင့် အစိုးရ ကိုယ်စားလှယ်များ တရုတ်၌ ထပ်တွေ့

အပစ်အခတ်ရပ်စဲရေး အတွက် ပြည်ထောင်စု အဆင့် ဆွေးနွေးရန် အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ထပ်မံ တွေ့ဆုံကြသည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ - KIO)

ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဦးအောင်ကြည်၊ ဦးသိန်းဇော်တို့ ပါဝင်ပြီး KIO မှ ကိုယ်စားလှယ် ၁၂ ဦး ခန့် တက်ရောက်၍ ၂ ရက် ကြာမည်ဟု သိရသည်။


Tuesday, January 17, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် မဲဆွယ်ကြောင်း ကော့မှူးဒေသခံတွေ ပြော

2012-01-17
ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကအကြိတ်အနယ်မဲဆွယ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ဘယ်သူ ၀င်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်များ ကိုယ်တိုင် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။ စည်းရုံးရေး ဆင်းရာမှာ ထန်းမနိုင်ရွာကို အဓိကထား စည်းရုံးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ထန်းမနိင်ရွာသူ မစုစုနွေးက ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကိုယ်တိုင် လာရောက် မဲဆွယ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။


Monday, January 16, 2012

သင်္ဃန်းကျွန်း အမကကျောင်းအုပ် ဦးဌေးလွင်မှ ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်




၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။


ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ဃန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ဃန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။ 

ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမတစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။
“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။ 


မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို ကင်တားနား စောင့်ကြည့်

ပြီးခဲ့တဲ့ သောကြာနေ့က ထင်ရှားတဲ့ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ်အိုဟေး ကင်တားနား က ကြိုဆိုလိုက်ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးသလို အရင်က အကွက်ကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခဲ့မှုတွေ အတွက် အသစ်ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ယူ စုံစမ်းမှုတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်အဖွဲ့က စုံစမ်းဖို့ စဉ်းစားရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။


တိုင်းရင်းသားအရေး ပြေလည်လျှင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အမေရိကန် စဉ်းစားမည်

မြန်မာအစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးပြေလည်ကာအခြေအနေများတိုးတက် ကောင်းမွန်လာပါကစီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းရန်စဉ်းစားသွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏ သိသာထင်ရှား ကောင်းမွန် သော အပြောင်းအလဲများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားမိကြောင်း အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် က ယနေ့ ပြောဆိုလိုက်သည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် (ဓာတ်ပုံ - ဧရာဝတီ)



အတိုက်အခံတချို့ ဦးသိန်းစိန်ကို ကျေးဇူးတင် အိတ်ဖွင့်စာ ပို့

ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့တချို့က မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်ထံအိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ကြကြောင်း သတင်းရရှိသည်။

အိတ်ဖွင့်ပေးစာကို မြန်မာသံရုံးမှ ဗိုလ်မှူး နိုင်ထွန်း လက်ခံယူနေစဉ် (ဓာတ်ပုံ - ဘစောတင် / ဧရာဝတီ)

ယနေ့နံနက်ပိုင်းတွင် အဖွဲ့တချို့မှ တာဝန်ခံများ၊ တသီးပုဂ္ဂလ မြန်မာနိုင်ငံသားများက ဘန်ကောက်ရှိ မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အပြုသဘောဆောင်သော လုပ်ရပ်များကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာ လုပ်ဆောင်နေခြင်းများကြောင့် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း ရေးထားသည့် အိတ်ဖွင့်ပေးစာကို ပေးအပ်ရာ သံရုံးအဖွဲ့ဝင် ဗိုလ်မှူး နိုင်ထွန်းက လက်ခံရယူသည်။


အစိုးရ အရှိန်အဝါသုံး၍ ကြံ့ခိုင်ရေးပါတီ မဲဆွယ်


ကြားဖြတ်ရွေးကောက်ပွဲများ အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဝင်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှ လျာထားသည့် ကိုယ်စားလှယ်နှစ်ဦးသည် အစိုးရအရှိန်အဝါယူလျက် မဲဆွယ်နေကြကြောင်း သိရှိရသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်

“ဦးသာဌေးက ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ ရွာတွေ လှည့်သွားတယ်။ ၃ လလောက်ရှိပြီ။ ဦးမောင်ရှိန် (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း) ကတော့ စည်းရုံးရေးဆင်းတာ မကြာသေးဘူး။ သူက လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ တွဲဆင်းတယ်” ဟု နေပြည်တော် သတင်းတပ်ဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။


Sunday, January 15, 2012

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက  အကောင်းမြင် ကြိုဆိုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အတွက်လည်း ပြင်သစ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောခဲ့တာဖြစ်သလို မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အီးယူ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီရုပ်သိမ်းသွားမယ်လို့လည်း ပြင်သစ်
နိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ဒီသတင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။


Saturday, January 14, 2012

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်


ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေး (Alain Juppe) ဇန်န၀ါရီ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ဝင်တွေထဲက အဆင့်အမြင့်ဆုံး ၀န်ကြီးတစ်ပါး သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေကို ရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး တိုးမြှင့် လုပ်ဆောင်သွားကြဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအာဏာပိုင်တွေကို ၀န်ကြီး အလန်ယူပေး အနေနဲ့ အားပေး တိုက်တွန်းချင်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးအလန်ယူပေးဟာမနက်ဖြန်တနင်္ဂနွေနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တဲ့ Legend of Honor ဘွဲ့ကို ပေးအပ်ချီးမြင့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ဒေါ်အာင်ဆန်းစုကြည်နဲ့ ဖုန်းစကားပြောခဲ့စဉ်မှာ ဒီ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်မယ့်အကြောင်း ကြိုတင် ပြောကြားခဲ့ပါတယ်။

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ


နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ် အီးယူအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံရဲ့ အမြင်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်လိုက်ပါတယ်။ အပြည့်စုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ အစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။


နေအိမ်သို့ ပြန်ရောက်ပြီးနောက် ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား။

by Eleven Media Group on Saturday, January 14, 2012 at 2:20pm




ကျွန်တော် မတ်တပ်ရပ် ပြီးတော့  ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
 
အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ တယ်။ အဲဒီ ပြည်သူလူထုကြီးဟာကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ မိဘနှစ်ပါးက မွေး တာမှန်ပေမယ့် အကြောင်းကြောင်း သောအကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို ကျွန်တော့်အဖေရဲ့ဆီ ဆေးတွေနဲု့ခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။ အခုမှ ကျွန်တော် အမေအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။ ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တဆိတ်လေး အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ အလကားရတာ ဘာမှ မရှိပါဘူး။
 

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား ဘယ်လိုပြောလိုက်တာပါလဲ။ ဦးကျော်ဇံသာက အပြည့်စုံ တင်ပြထာပါတယ်။
“ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ထိရောက်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အားပေးနိုင်တယ်၊ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို တိုးတက်လာနိုင်တယ် ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ သမ္မတ ဦးသိန်းစိန်နဲ့ရော ဆက်သွယ် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ရာစုဝက်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။


ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်များ

Sat, Jan 14, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိစစ်တင်ပြထားသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟုဆိုသူ ၆၀၄ ဦးတွင် လက်ရှိအကျဉ်းကျခံနေရသူ ၄၂၁ဦး အချုပ်သား ၉ဦး ပေါင်း ၄၃၀ ဦးသာရှိ။ ၁၀၇ နှစ်ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့် အသီးသီးနှင့် ရက်စေ့၍လွတ်မြောက်ခဲ့။ ၁၃ ဥိးမှာ အမည်ထပ်နေပြီး ၅၁ ဦးမှာ အချက်အလက်မပြည့်စုံ၍ စိစစ်မရကြောင်း တွေ့ရှိရသည်။ သေဆုံးသူ ၁ ဦး ၊ သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်သူနှစ်ဦးရှိသည်။


Friday, January 13, 2012

အကျဉ်းသားလွှတ်သဖြင့် အမေရိကန်က သံအမတ် ပြန်ထားမည်


မိုးမခအထောက်တော် ဝဝ၁
ဇန်န၀ါရီ ၁၃၊ ၂ဝ၁၂ယနေ့ နယ်ထောင်များမှ ပြန်လည် လွတ်မြောက်လာသော ကိုဂျင်မီ၊ မနီလာသိန်း တို့သည် ၎င်းတို့၏ သမီးငယ်နှင့် ရန်ကုန်တွင် ပြန်ဆုံခဲ့ကြသည် (ဓာတ်ပုံ-ဘားမားဗီဂျေမီဒီယာနက်ဝပ်)

 

နိုင်ငံရေးအကျဉ်းအသား အများအပြား ပြန်လွှတ်ပေးသဖြင့် မြန်မာပြည်နှင့် သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောလိုက်သည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း သံရုံးယာယီတာဝန်ခံအဆင့် သံတမန်ဆက်ဆံရေးသာ ရှိခဲ့သည်။ယခု သံအမတ်အဆင့်ထိ တိုးချဲ့မည်ဟု ဆိုသည်။၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်က သံဆက်သွယ်ရေးကို အဆင့်နိမ့်ခဲ့ခြင်း ဖြစ်သည်။

"လွှတ်တော်အမတ်များနှင့်တိုင်ပင်ပြီး သမ္မတ အိုဘားမား၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် သံအမတ် အပြန်အလှန် ခန့်အပ်ရန် စတင် လုပ်ဆောင်သွားမည်" ဟု ကလင်တန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေညဝါ ဆရာတော်၏ အသနားခံစာ ပယ်ချခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဲဆောက် (မဇ္ဈိမ) ။       ။ ရွှေညဝါ ဆရာတော် ဦးပညာသီဟ က သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်နှင့် သာသနာပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် အသနားခံ တင်ပြထားခြင်းအား ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့က ပယ်ချလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုင်းမှ ဦးပညာသီဟ မှ အသနားခံ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ မူလစီရင်ချက်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့၏ အကြောင်းပြန် ညွှန်ကြားစာအရ သိရှိရခြင်းဖြစ်သည်။


Thursday, January 12, 2012

ဖုန်းပြောဆိုချိန်ကြာမြင့်သည့်ဖုန်းများ လိုင်းပိတ်ခံရဟုဆို

ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
 
အောက်တိုဘာလမှစ၍ ဖုန်းပြောဆို ချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်း နီးပါးအထိရှိနေ ကြောင်း သိရသည်။
"အောက်တိုဘာမှ စသတိထားမိတာ ပဲ။ အလုံး ၅၀၊ ၆၀ လောက် အပိတ် ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်း ဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအက်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက် တစ်ရက်ပိတ်တော့တာပဲ။ ဆက်သွယ်ရေးကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ် ဖြတ်ကျော် ပီစီအိုလို့ သံသယ ရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်က ပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ "ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေသွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေ ဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ နယ်စပ် ဖြတ်ကျော် ပီစီအို လုပ်စားနေတဲ့ လူတွေ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ဖုန်း ပြောချိန်ကြာတာလေးနဲ့ ၀ါးလုံး သိမ်းပိတ် ပစ်တာတော့ မကောင်းဘူး။ သေချာ စုံစမ်းပြီးမှ လုပ်စေချင်တယ်။ အဲလို သံသယနဲ့ပိတ်တဲ့ ဖုန်းတွေ တော်တော်များများ အခုထိ လိုင်းပြန်မပွင့်ကြသေးဘူး"ဟု ဖုန်း အရောင်းဆိုင်ရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။


လွှတ်မြောက်သူများ အမည် စာရင်း

by Shwe Myitmakha Media Group on Thursday, January 12, 2012 at 7:51pm
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း


လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း

by Shwe Myitmakha Media Group on Thursday, January 12, 2012 at 6:23pm
 
မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)

ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်

ဗန်းမော် ထောင်မှ အကုန်လွှတ်

ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်

သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်

ဖားအံ့ထောင်မှ အားလုံးလွှတ်


အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်

အမေရိကန်ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ရှေ့တပတ်ထဲ မြန်မာနိုင်ငံကိုသွားဖို့ ရှိပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အားပေးထောက်ခံခဲ့ သူလည်းဖြစ်၊ မြန်မာအစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးလည်းဖြစ်တဲ့ အထက် လွှတ်တော်အမတ် McConnell ဟာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆို လိုက်တာပါ။
ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။


ဒေါက်တာစိုင်းမောက်ခမ်း နယ်တွင် NLD ၉၀ အနိုင်ရ အမတ် အရွေးခံမည်


ချင်းမိုင် (မဇ္ဈိမ) ။        ။ လက်ရှိအစိုးရ၏ အမြင့်ဆုံးရာထူးတခုကို ရယူထားသည့် ဒုသမ္မတ တဦးဖြစ်သူ ဒေါက်တာ စိုင်းမောင်ခမ်း ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မဲဆန္ဒနယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစိုင်းမြင့်မောင် က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးကို ပထမ အသုတ်အဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်သည့် အသက် ၆၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးစိုင်းမြင့်မောင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင်း လားရှိုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည်။


ဘားအံတွင် ငြိမ်းချမ်းရေးမိုး အချိန်အခါမဟုတ်ရွာ

by The Voice Weekly on Thursday, January 12, 2012 at 11:23am
ဘားအံတွင် ငြိမ်းချမ်းရေးမိုး  အချိန်အခါမဟုတ်ရွာ

ရန်ကုန် ဇန်နဝါ ရီ ၁၂

         မြန်မာနိုင်ငံတွင် ၆၂နှစ်ကြာ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များ နှင့်ဖြစ်ပွားခဲ့သောပြည်တွင်း စစ် ကို စတင်အဆုံးသတ်နိုင် ခဲသည့်ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉နာ ရီ ၅၅မိနစ်က အချိန်အခါမဟုတ်မိုး များနေ ရာအနှံ့ရွာသွန်းခဲ့ကြောင်း ဘားအံ တွင် သ တင်းသွားရောက်ရ ယူနေ သည့်the voice
weekly သတင်းထောတ်မှ သတင်း ပေးပို့ သည်မိုးရွာသွန်းမှူ သည် ကရင် အမျိုးသားအစည်းရုံး  KNU ကရင်အမျိုးသားလွက်မြောတ်ရေး တက်မတော် KNLAတို့နှင့် မြန်မာအစိုးရတို့ ကြား အပစ်အခတ် ရပ်ဆဲ ရေး ကို လက်မှတ်ရေးထိုး သဘောတူခဲ့သည့်လက်မှက်ရေးထိုးပွဲ အပြီး တွင် ရွာသွန်းခဲ့ခြင်းဖြစ် ပြီး
တိမ်မြူများ ကင်း ၍ကြယ်လ များကင်း နေ သည်အချိန်တွင်ထူးထူးဆန်းဆန်းမိုး ရွာ သွန်းခြင်းဖြစ် ကြောင်း မိုးရွာ သွန်းသည်အချိန်မှာ ၅ မိ နစ်ခန့်ကြာမြင့်ကြောင်းဆက်လက်ပြော ကြားသည်။

ဘားအံတွင် အချိန်အခါ မဟုတ် မိုး ရွာ သွန်းမှူ နှင့်ပက်သက်၍ အသက်၆၅နှစ်အရွယ်ဘားအံမြို့တွင် နေထိုင် သည် က ရင် အမျိုးသား
ဦးစော က ၎င်း၏သက်တမ်းတလျှောက်အတွင်းယခုကဲ သို့ရာသီကာလ၌ ပထမဆုံးမိုးရွာသွန်းခြင်းဖြစ် သည်ဟုငြိမ်းချမ်းရေးမိုးဟုယူဆကာဘားအံဒေသခံများပျော်ရွှင်လျှက်ရှိသည်ဟုမှတ်ချက်ပေး ပြောကြားခဲ့သည်။


နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး အကျဉ်းသား အကျဉ်းသူ ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု

by The Voice Weekly on Thursday, January 12, 2012 at 4:56am
ရန်ကုန် ဇန်နဝါရီ ၁၂

အရပ်သားအစိုးရ လက်ထက်တွင် စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ရာ ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား ၆၅၁ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် တရားဝင် ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ် ပြုပြင်ပြောင်းလဲစေရေး အတွက် လည်းကောင်း ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၁ အရ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။


Wednesday, January 11, 2012

အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်လာနေချိန်မှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ ရှေ့လထဲလောက် သွားဖို့ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ သွားရောက်ခဲ့တဲ့အထိ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်လာတာမို့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေ ပေါ်ပေါက် လာလိမ့်မယ်လို့လည်း အများကတော့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ၂၀၁၀ လွှတ်တော်အမတ်များ ဖြစ်သည့် လသာမြို့နယ် အောက်လွှတ်တော်အမတ် ဦးကြည်မြင့်နှင့် ရန်ကုန်တိုင်း အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ပါတီဝင် လျှောက်လွှာ တင်လိုက်ကြပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်မြင့်မှာ NLD လသာမြို့နယ်ရုံးသို့ အင်္ဂါနေ့တွင် လျှောက်လွှာ တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်း ဒေါက်တာ
မြတ်ဉာဏစိုး မှာ တာမွေမြို့နယ် NLD ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ကြသည်။

လူကုန်ကူးမှုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးပြဿနာတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံ အခြေအနေကိုလာကြည့်တဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က ပြောလိုက်ပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီး ကိုင်တွယ် ဖြေရှင်းဖို့အတွက်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ Mr. Cde Baca က ရန်ကုန်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တနင်္လာနေ့ ဇန်နဝါရီလ ၉ ရက်နေ့ကတည်းက ရောက်နေတဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းမှာ လူကုန်ကူးမှု ပြဿနာတွေ ရှိနေပြီးတော့ မြန်မာနိုင်ငံမှာတော့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေပါ ရှိနေဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတာဝန်ရှိသူတွေ၊ ခေါင်းပုံဖြတ်အလုပ်ရှင်တွေရဲ့  အဓမ္မလုပ်အားပေး ခိုင်းစေမှု ပြဿနာတွေ ရှိနေဆဲဖြစ်သလို လိင်ဖျော်ဖြေရေးအတွက် လူမှောင်ခိုကူးမှုတွေ၊  ကလေးစစ်သား စုဆောင်းတဲ့ ပြဿနာတွေ၊ စစ်တပ်အာဏာပိုင်တွေ၊ ရပ်ကွက်ကျေးရွာ အာဏာပိုင်တွေက ရွာသားတွေကို အဓမ္မ အလုပ်ကြမ်းခိုင်းတဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်ပါတယ်လို့ - ပြောသွားတာ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ပြီးခဲ့တဲ့ ၂ ရက် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရတာဝန် ရှိသူတွေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ သက်ဆိုင်သူတွေနဲ့ ပွင်းပွင်းလင်းလင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်- လို့ ပြောပါတယ်။

Tuesday, January 10, 2012

အပစ်ရပ်ခြင်း အကြောင်းပြ၍ လက်နက်မစုသင့်ကြောင်း KNU ပြော

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၂ မိနစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ လုံလောက်သော အာမခံချက်များ ရရှိ၍ အပစ်အခတ် ရပ်စဲနိုင်ကြပါကလည်း ထိုကာလ အတွင်း လက်နက်အင်အား စုဆောင်းကြံစည်ခြင်းများ မပြုလုပ်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

အပစ်အခတ်ရပ်စဲရေး ပြည်နယ် အဆင့် ကြာသာပတေးနေ့တွင် ဆွေးနွေးရန် ဘားအံမြို့သို့ ၁၉ ဦးပါ KNU ကိုယ်စားလှယ်များ ထွက်ခွာကြစဉ် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အပစ်ရပ်တာကို အကြောင်းပြုပြီးတော့ အပစ်ရပ်ပျက်ရင် လက်ဦးမှုရအောင်ဆိုပြီးတော့ လက်နက်တွေ စုပုံတာတို့၊ ပို့တာတို့ကို ရှင်းရှင်းလင်းလင်း တဦးနဲ့တဦး ပြောထားရမယ်ပေါ့။ နှစ်ဘက်ဇောင်းပေးရမယ့် အပိုင်းလေးတွေပေါ့။
နောက်ပြည်သူတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေမှာ နှစ်ဘက်တပ်တွေက ရှောင်ကြဉ်ဖို့ လိုအပ် တယ်” ဟု မဇ္ဈိမကို ပြောသည်။

ကျပ်နှစ်သိန်းခွဲဝန်းကျင် GSM မိုဘိုင်းဖုန်းများအား မတ်လမှသာ စတင်ချထားပေးမည်




Tuesday, 10 January 2012 05:55

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ချထားပေးမည့် GSM မိုဘိုင်းဖုန်းများအား ၂၀၁၂ ခုနှစ် မတ်လမှသာ စတင်ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။

အဆိုပါ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများ ထပ်မံချထားပေးမည့် စီမံကိန်းအား ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့၌ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမှာမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် သဘောထား အမေရိကန်နဲ့ဂျပန် တူညီ


အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ ဂျပန်နိုင်ငံနဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်လို့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် အာရှဒေသ မိတ်ဆွေ သုံးနိုင်ငံခရီး သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က သူ့ရဲ့ခရီးစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာ့အရေး အပါအ၀င် ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဇန်န၀ါရီလ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ အာရှဒေသ အင်အားကြီးနိုင်ငံ သုံးနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ့်ဘဲလ်ရဲ့ ခရီးစဉ်ဟာ ဂျပန်နိုင်ငံမှာ အဆုံးသတ်ခဲ့ပါပြီ။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားဟာ ဂျပန်နိုင်ငံနဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်လို့ ဂျပန်နိုင်ငံက မပြန်ခင် တိုကျိုမှာ မစ္စတာ ကမ့်ဘဲလ်က ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗွီအိုအေကို ပြောပါတယ်။

Monday, January 9, 2012

ဝန်ကြီးဦးကျော်ဆန်းတင်မည့် မီဒီယာဥပဒေကြမ်း ဒီမိုကရေစီနှင့်မညီပါက ကန့်ကွက်မည်ဟုဆို

အားကစားဝန်ကြီးဟောင်း သူရ ဦးအေးမြင့် ဦးဆောင်သော ပြန်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်သို့ တင်သွင်းမည့် မီဒီယာ ဥပဒေကြမ်း၌ ဒီမိုကရေစီနှင့် မညီသော အချက်များ၊ သတင်းလွတ်လပ်ခွင့်ကို ထိပါးသော အချက်များ ပါဝင်လာပါက ကန့်ကွက် ပြင်ဆင်သွားရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။


ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား သတင်းစာရှင်းလင်းပွဲ တခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - AP)

နေပြည်တော်တွင် ဇန်န၀ါရီလ ၆ ရက်နေ့က ပြုလုပ်သော အဆိုပါ ကော်မတီအစည်းအဝေးတွင် လွှတ်တော်သို့ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းလာမည့် မီဒီယာဥပဒေကြမ်းကို ဂရုတစိုက်လေ့လာပြီး လွှမ်းမိုး ချုပ်ကိုင်သော အချက်အလက်များအား ကန့်ကွက်ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်ကြောင်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

NLD ခေါင်းဆောင်မှု ပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။         ။ ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။

opening-ceremony-of-nld-new-signboard-3
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီဝင်များကို ပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအချို့ သြစတြေးလျ လျှော့ချ

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ်ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ စပြီးတော့ ဖြစ်လာတဲ့အတွက် ငွေရေးကြေးရေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့ ဟန့်တားမှုကို လျှော့ပေးလိုက်တာလို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သြစတြေးလျရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အခုလို လျှော့ပေးဖို့ အချိန်မတန်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။ အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားဖို့ ပြောနေချိန်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဘက်ကတော့ ပထမဆုံး အခုလို စ လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လာတာပါ။ မြန်မာနိုင်ငံကို မနှစ်က သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရက်ဒ် (Kevin Rudd) က မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီရေး ပိုပြီး ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်ဖို့ အတိုက်အခံတွေ အနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ပိုမို ပါဝင်လှုပ်ရှားခွင့် ရလာတာ၊ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀ ပြန်လွတ်လာတာနဲ့ အလုပ်သမား သမဂ္ဂတွေ တရားဝင်ဖွဲ့ဖို့ ခွင့်ပြုနိုင်မယ့် အလုပ်သမားဥပဒေသစ်တွေ ပြဌာန်းလာတာတွေဟာ တိုးတက်မှုတွေ ဖြစ်တာမို့ ဒီတိုးတက်မှုတွေ ဆက်လုပ်ပေးဖို့ အားပေးတဲ့အနေနဲ့ အခုလို လျှော့ပေါ့ပေးလိုက်တာ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ပြောလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ရေးအတွက် ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဆွေးနွေး

by Redstar Burma on Sunday, January 8, 2012 at 10:12am

 နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများသည်ယနေ့ အဘဦးသာဘန်း၊ အဘဦးအုန်းမောင်(ဘဏ်)၊စာရေးဆရာကြီးဦးအံ့မောင်တို့နှင့်သွားရောက်တွေ့ဆုံကြကာ နိုင်ငံရေးအကျဉ်းသားများခြွင်းချက်
မရှိအမြန်ဆုံးလွှတ်ပေးရေးအတွက် ဆောင်ရွက်နိုင်ရန်ကိစ္စများကို သွားရောက်ဆွေးနွေးခဲ့ကြပါသည်။

Sunday, January 8, 2012

အလုပ်သမားပတ်စ်ပို့ သက်တမ်း လေးနှစ်ပေးပြီ






၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သ မားများ ပတ်စ်ပို့သက်တမ်းကို လေးနှစ်ပေးမည်ဟု နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူကပြောသည်။

ယင်းကိစ္စကို ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဘုတ်အဖွဲ့အစည်းကျင်းပကာ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။