Sunday, April 1, 2012

နောက်ဆုံး သိရှိရတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ

Ye Min Tun Facebook မှကူးယူဖေါ်ပြပါသည်

၂၀၁၂၊ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင် ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ်၄၄ နယ်အနက် ၄၁ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရကြောင်း ၂၀၁၂ ဧပြီ ၂ ရက် မြန်မာစံတော်ချိန် မနက်အစောပိုင်းသတင်းများအရ သိရပါတယ်။ လစ်လပ် မဲဆန္ဒနယ် ၄၈ နယ်၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသ လွှတ်တော် ကိုယ်စားလှယ်များ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြဖို့ မြန်မာ ရွေးကောက်ပွဲ ကော်မရှင်က ကနဦးတွင် ကြေငြာခဲ့သော်လည်း လုံခြုံရေး အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ နယ်တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်သေးကြောင်း ထပ်မံ ကြေငြာခဲ့ပါတယ်။




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်သွင်းတဲ့ ကိုယ်စားလှယ် ၄၈ ဦးအနက် တဦးကို ရွေးကောက်ပွဲ ကော်မရှင်က လက်မခံခဲ့ပါ။ ဒါ့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကိုယ်စားလှယ်ပေါင်း ၄၇ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ် သုံးနယ်တွင် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၄ နယ်တွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိက ပြိုင်ဘက်ပါတီဟာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဖြစ်ပြီး ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်း ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အပါအ၀င် အခြားပါတီများလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။အခု ဖော်ပြထားတဲ့ စာရင်းဟာ ပြည်တွင်းသတင်းများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စာရင်းများကို ကိုးကား ဖော်ပြထားခြင်း ဖြစ်ပါတယ်။

သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ရွေးချယ်ခံ ကိုယ်စားလှယ်အဖြစ် အတည်ပြုမှသာ အတည်ပြုစာရင်းအဖြစ် ပြောဆိုနိုင်မှာ ဖြစ်တဲ့အတွက် ဖော်ပြထားတဲ့စာရင်းတွင် အပြောင်းအလဲများ ရှိနိုင်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ (ဧပြီ ၁ ရက်၊ ၂၀၁၂ နယူးယောက်စံတော်ချိန် ည ၁၀ နာရီ) ရန်ကုန်တိုင်း

၁။ ကော့မှူး - ဒေါ်အောင်ဆန်းစုကြည်
၂။ သုံးခွ - ဒေါ်စုစုလွင်
၃။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) - ဒေါက်တာမျိုးအောင်
၎။ လှည်းကူး - ဦးဖြိုးမင်းသိန်း
၅။ မရမ်းကုန်း - ဒေါက်တာမေ၀င်းမြင့်
၆။ မင်္ဂလာတောင်ညွန့် - ဒေါ်ဖြူဖြူသင်း မန္တလေးတိုင်း
၇။ မဟာအောင်မြေ - ဦးအုန်းကြိုင်
၈။ မိတ္ထီလာ - ဦးဝင်းထိန်
၉။ တံတားဦး - ဒေါ်ခင်သန္တာ
၁၀။ ပြင်ဦးလွင် - ဦးကျော်သီဟ
၁၁။ နွားထိုးကြီး - ဦးပေါခင်
၁၂။ ကျောက်ပန်းတောင်း - ဒေါက်တာဇော်မြင့်မောင် ကြပ်ပြေး နေပြည်တော်
၁၃။ ဇမ္ဗူသီရိ - ဒေါ်စန္ဒာမင်း
၁၄။ ပုဗ္ဗသီရိ - ဦးဖြိုးဇေယျာသော်
၁၅။ ဒက္ခိဏသီရိ - ဦးနိုင်ငံလင်း
၁၆။ ဥတ္တရသီရိ - ဦးမင်းသူ မကွေးတိုင်း
၁၇။ တောင်တွင်းကြီး (အမျိုးသားလွှတ်တော်) - ဦးအောင်ကြည်ညွန့်
၁၈။ မကွေး - ဦးမြင့်သိန်း
၁၉။ ပွင့်ဖြူ - ဒေါက်တာအောင်မိုးညို
၂၀။ ရေစကြို - ဒေါက်တာ တင်ဌေးအောင်
၂၁။ မြိုင် - ဦးမြင့်အောင်
၂၂။ ပခုက္ကူ - ဦးပိုက်ကို ရှမ်းပြည်နယ်
၂၃။ လားရှိုး (အမျိုးသားလွှတ်တော်) - ဦးစိုင်းမြင့်မောင်
ကလော - ဒေါက်တာ ဒေါ်သန်းငွေ ပဲခူးတိုင်း
၂၄။ ထန်းတပင် - ဦးစိန်ထွန်း
၂၅။ လက်ပံတန်း - ဦးကျော်မင်း
၂၆။ တောင်ငူ - ဦးအောင်စိုးမြင့်
၂၇။ က၀ (၂) (တိုင်းလွှတ်တော်) - ဦးမျိုးခိုင် မွန်ပြည်နယ်
၂၈။ မော်လမြိုင် - ဒေါ်ခင်ဌေးကြွယ် ဧရာဝတီတိုင်း
၂၉။ မအူပင် - ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း
၃၀။ ၀ါးခယ်မ - ဒေါ်မြင့်မြင့်စန်း
၃၁။ ပုသိမ် - ဦးဝင်းမြင့်
၃၂။ မြောင်းမြ - ဦးမန်းဂျော်နီ
၃၃။ မြန်အောင် - ဦးကျော်မြင့်
၃၄။ ဖျာပုံ၊ ဒေးဒရဲ (အမျိုးသားလွှတ်တော်) - ဦးသိမ်းဆွေ
၃၅။ ရေကြည် (၂) (တိုင်းလွှတ်တော်) - ဒေါက်တာလှမြတ်သွေး စစ်ကိုင်းတိုင်း
၃၆။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် (စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၃) အမျိုးသားလွှတ်တော်) - ဒေါက်တာမြင့်နိုင်
၃၇။ ပုလဲ - ဒေါ်ခင်စန်းလှိုင်
၃၈။ စစ်ကိုင်း - ဦးခင်မောင်သိန်း
၃၉။ မင်းကင်း - ဒေါ်ခင်မွှေးလွင် ဧရာဝတီတိုင်း
၄၀။ ကျွန်းစု - ဒေါ်တင်တင်ရီ
၄၁။ လောင်းလုံ - ဦးအောင်စိုး

source: https://www.facebook.com/notes/ye-min-tun/%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8-%E1%80%9E%E1%80%AD%E1%80%9B%E1%80%BD%E1%80%AD%E1%80%9B%E1%80%90%E1%80%B2%E1%80%B7-%E1%81%82%E1%81%80%E1%81%81%E1%81%82-%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%BB%E1%80%96%E1%80%90%E1%80%B9-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2-%E1%80%A1%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2/406522536043063

No comments:

Post a Comment