နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့်
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ဆက်လက်ပြီး
ဝါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊
နိုင်ငံရေးအကျဉ်းသားဟောင်းများသည်ယနေ့ အဘဦးသာဘန်း၊
အဘဦးအုန်းမောင်(ဘဏ်)၊စာရေးဆရာကြီးဦးအံ့မောင်တို့နှင့်သွားရောက်တွေ့ဆုံကြကာ
နိုင်ငံရေးအကျဉ်းသားများခြွင်းချက်
မရှိအမြန်ဆုံးလွှတ်ပေးရေးအတွက် ဆောင်ရွက်နိုင်ရန်ကိစ္စများကို သွားရောက်ဆွေးနွေးခဲ့ကြပါသည်။
ဦးသာဘန်းနှင့်သွားရောက်ဆွေးနွေးစဉ်၊
ဦးသာဘန်း ”ကိုယ့်နိုင်ငံရေးအင်အားစုတွေ နီးစပ်ရာစုစည်းညီညွတ်အောင်လုပ်ရမယ်၊ အလုပ်မလုပ်ဘဲထိုင်နေလို့မရပါဘူး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိုပထမဆုံးလုပ်ရမယ်၊ နောက်ပြည်တွင်းစစ်ရပ်စဲရေးကိုလုပ်ရမယ်။ ခပ်တင်းတင်းဘဲပြောသင့်တာပြောဘို့ရပ်တည်ရမယ်၊”
ဦးအုန်းမောင်(ဘဏ်) နှင့် စာရေးဆရာဦးအံ့မောင်တို့နှင့်ဆွေးနွေးစဉ်
ဦးအုန်းမောင် ”သူတို့ထဲမှာလဲ သဘောထားကွဲလွဲမှုတွေရှိနိုင်တယ်ဆိုတာတွေ့ရတယ်၊ လူထုပူးပေါင်းဆောင်ရွက်မှုကသိပ်အရေးကြီးတယ်၊ လူထုထဲကိုဝင်ရောက်လုပ်ဆောင်ရမယ်၊ ” ဦးအံ့မောင် ”နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာပြောနေဖို့တောင်မလိုပါဘူး၊ လွှတ်ကိုလွှတ်ရမဲ့ဟာဖြစ်တယ်၊ လူလူချင်းချုပ်နှောင်မှုဆိုတာ ယနေ့ခောတ်မှာဘယ်လိုမှမသင့်တော်ပါဘူး၊ မတရားဖမ်းဆီးချုပ်နှောင်မှုကို ကမ္ဘာကအခြေခံလူ့အခွင့်အရေးချိုးဖောက်မှုအဖြစ်သတ်မှတ်နေပါပြီ၊ ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်အတွက်တကယ်ကောင်းစေချင်တဲ့ စေတနာနဲ့လုပ်တဲ့သူတွေ အများအကျိုးကိုကြည့်တဲ့သူတွေကိုဆက်ဖမ်းထားတာဘယ်လိုမှ မသင့်တော်ပါဘူး၊ လွှတ်ကိုလွှတ်ပေးရမယ်။”
Source: Redstar Burma ထံမှ ကူးယူဖေါ်ပြပါသည်

No comments:
Post a Comment