Saturday, March 31, 2012

မဲညစ် သတင်းများ

 Myit Kyoe Inn Facebook မှကူးယူဖေါ်ပြပါသည် ။
၁၀မိနစ်ခန့် အချိန်ယူပြီး စုပေးထားတဲ့ အပုပ်နံ့လေးတွေပါ။ လောလောလတ်လတ် အန်ချင်သူများအတွက် အသုံးဝင်ပါတယ်။ ကျနော်တောင် လိုက်စုရင်းနဲ့ ပျို့တက်လာရသေးတယ်။

The Voice Weekly
မန္တလေးပြည်တော်သာရပ်ကွက်မဲရုံအမှတ်(၁) ရှိ မဲစာရင်းစာရွက်တွင် ဆန္ဒမဲပေးသည့် စာရွက်ကို ခြစ်မရသဖြင့် အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ မှ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Election Monitoring Network.88
နေ့ရက်။ ။ ၁. ၄.၂၀၁၂
နေရာ ။ ။မြောင်းမြမြို့နယ် ၊ ထူချောင်းကျေးရွာ
မဲရုံထဲတွင် မဲဆန္ဒပေးရန် လာသူများသူများကို မဲရုံမှုးက ခြင်္သေံ့ အားမဲပေးရန် မဲရုံထဲတွင်ပေါ်လွင်ထင်ရှားစွာဖြ
င့် ပြောဆို၍မဲပေးခိုင်းနေသောကြောင့် NLD ပါတီကိုယ်စားလှယ်မှ(၂)ကြိမ်သတိပေးသော်လည်းမရ၍ရဲစခန်းတွင်၎င်းမဲရုံမှုးအားအမှုဖွင့်တိုင်ကြားထားကြောင်းသိရှိရသည်။
ဇော်မင်း(ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ)

Election Monitoring Network.88
ပွင့်ဖြူမြို့ နယ် ထနောင်းကုန်းရွာ ရှိ မဲရုံ (2) နှင့် နှစ်အိမ်ကျော်တွင် ကြံ့ခိုင်ရေးမိသားစုဝင်များမှ ကြံ့ခိုင်ရေးအားမဲပေးရန် မဲဆွယ်နေသည့်ကိစöကို မဲရုံမှူးအားတိုင်ကြားသော်လည်း အရေးယူမဖြေရှင်းပေးပဲ ကော်မရှင်သို့ တိုင်ကြားရန်သာပြေကြားခဲ့ကြောင်း NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ပြောကြားသည် ။

Election Monitoring Network.88
နေ့ရက်။ ။ ၁ . ၄ .၂၀၁၂
နေရာ ။ ။မြောင်းမြမြို့နယ် ၊ အမှတ် (၁)ရပ်ကွက် ၊ မဲရုံ အမှတ် (၁)
မျက်မမြင်အမျိုးသမီး တစ်ဦး သူ၏သားနှင့်အတူ မဲရုံကိုမဲသွား ပေး စဉ် ကြံခိုင်ရေးကိုယ်စားလှယ်နှစ်ဦး
မှခေါ်သွားခဲ့ပြီး ၄င်းအမျိုးသမီးကNLD မဲထည့်ပေးမည်ဟုပြောဆိုခဲ့ပြီးတကယ်တန်းမဲထည့်သောအခါမမြင်ရ သဖြင့်ခြစ်ရမည့်အကွက်ကို လက်ဖြင့်စမ်းရာ မှားနေသဖြင့်သူ၏သားက “အမေ မှားနေပြီ” ဟု ပြောသည်ကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်မှမပြောရန် တာမြစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Yangon Media Group
ကန်တော်လေး ကန်နောက် ရပ်ကွက် ၈၉ လမ်း ရှိ မဲရုံအမှတ် (၂) တွင် လူ တစ်ဦးတည်းမှ မဲသုံးခါပေး သူကို အရေးယူထားကြောင်း သိရသည်။
ယင်းမဲ ၃ ခါပေးသူကို NLD စောင့်ကြည့် သူက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသည်ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့သည် ဟု သတင်းများထွက်ပေါ်နေသည်။

Eleven Media Group
နွားထိုးကြီးမြို့နယ် ၀က်လူးကျေးရွာ မဲရုံ သုံရုံရှိ၊ အရှေ့ခြမ်းမဲရုံမဲစာရွက်အချို့တွင် ဖယောင်းများသုတ်ထားသဖြင့် မဲပေးနိုင်ခြင်းမရှိသဖြင့် မဲစာရွက်အသစ်ထပ်တောင်း၍ မရကြောင်း သိရှိရပါသည်။ မှတ်ပုံနံပတ်လွဲမှားမှုများ၊ အဘအမည် လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ မဲပေးခွင့်ရှိသူ ၆၉၉ ဦး ရှိသည်။

The Voice Weekly
မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်ဒေသကြီး၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာ၊ ကုန်းပေါ်ရပ်ကွက်တွင်နေထိုင်သူ မမိမာ(မှတ်ပုံတင်အမှတ်- ၅/
ပလန(နိုင်)၁၀၄၈၉၆)ကိုင်ဆောင်ထားသော မဲနံပါတ်(၇၁)အား တစ်ရွာထဲနေသူ ဦးပြည်အေးဆိုသူကလုယူပြီး ကြံ့ခိုင်ရေးပါတီအား မဲပေးသွားသဖြင့် ရပ်/ကျေးကော်မရှင်ထံတိုင်ကြားရန်သွားရောက်ခဲ့ရာတွင် ကော်မရှင်မှတာဝန်ရှိသူများက မမိမာအားဝင်ရောက်ခွင့်မပြုခဲ့ကြောင်းသိရှိရသည်။

Election Monitoring Network.88
နေ့ရက်။ ။ ၁ . ၄ . ၂၀၁၂
နေရာ ။ ။ နေပြည်တော် ၊ ညောင်လူးကျေးရွာ ၊ ပုဗ္ဗသီရိမြို့နယ် မဲရုံ
နေပြည်တော် ၊ ညောင်လူးကျေးရွာ ၊ ပုဗ္ဗသီရိမြို့နယ် မဲရုံ တွင် မဲလက်မှတ်များတွင် NLD နေရာတွင် ဖယောင်းခြစ်ထားသဖြင့် ဘောပင်ဖြင့် အမှန်ခြစ် ခြစ်ရာတွင် မထင်မရှား ဖြစ်သွားကြောင်းတွေ့ရှိရသည်။ထိုသို့မထင်မရှား ဖြစ်သွားသဖြင့် ပယ်မဲများဖြစ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

burma.irrawaddy.org
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောရွာတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ် သီချင်းများကို အသံချဲ့စက်များနှင့် ဖွင့်နေ ကြောင်း သိရသည်။
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မည်သည့်ပါတီမှ ပါတီသီချင်းဖွင့်ခြင်း၊ မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်ခွင့် မရှိဟု ထုတ်ပြန်ထားသည်

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ သတင်း များ ( ဧပြီလ ၁ ရက်နေ့ နံနက် ၉း၀၀ နာရီမှ ၉း၃၀ အထိ နောက်ဆုံးရ သတင်းများ)
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၈း၄၅ နာရီ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်မှာ သပြေတန်း၊ သပြေကုန်း၊ ညောင်ရိုး စသည့် မဲရုံတွေရှိ မဲပြားတွေကို မှင်ခြစ်ထားသည့်အတွက် ပယ်မဲဖြစ်မည်စိုးသည့် မဲဆန္ဒရှင်များမှ မဲပြား ပြန်လဲပေးရန် မဲရုံမှူးအား တောင်းဆိုခဲ့သော်လည်း မလဲပေးနိုင်ကြောင်း

D Nyein Lin
ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊ယနေ့မနက်မဲသွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်းပေးပို့ပါသည်။

ကျွန်းကလေးကျေးရွာ အာဇီဝမဲရုံ(၂)တွင် မဲပေးနေသော အသက်မပြည့်သူ မသန္တာအေး
အမည်-မသန္တာအေး
အဖ-ဦးတင်အောင်
ိနိုင်ငံသားအမှတ်-၁၂/လကန(နိုင်) ၂၂၉၇၇၁
မွေးသက္ကရာဇ်-၁၄.၈.၁၉၉၈
... နေရပ်လိပ်စာ-ရွှေနှင်းဆီရပ်ကွက်
ဆန္ဒမဲအမှတ်-၁၆၆၇
မဲပေးရန်ခိုင်းစေသူ-ဦးနေဝင်း(ကြံ့ဖွံ့ စည်းရုံးရေးမှူး)
မဲရုံမှူး-ဒေါ်ညွန့်ရီ

Election News Update:
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ် ၈ဝ ရပ်ကွက်တွင် မဲစာရွက်တွင် ဖယောင်းသုတ်ထားသဖြင့် မဲဆန္ဒရှင်က အခြား မဲစာရွက်ဖြင့် လဲလှယ်ပေးရန် တောင်းဆိုခဲ့ရာ မဲရုံတာဝန်ရှိသူများက ကြံခိုင်ရေးပါတီကို မဲပေးပါက မဲစာရွက် လဲလှယ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့က ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးသို့ သတင်းပေးပို့သည်။
Ref: Mizzima Voa Burmese

ကော့မှူးမြို့နယ် တာလမ်းထိပ် ရပ်ကွက် အပိုင်ကွင်းထဲတွင် ရပ်ကွက်လူထုအား ကြံ့ခိုင်ရေး မဲရုံကိုယ်စားလှယ် ဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံလျင် အမှန်ခြစ်သလို ကြံ့ခိုင်ရေးကို ကန့်ကွက်ရင်လည်း ကြက်ခြေခတ်ခြစ်ပါ ဟု ပြောဆိုခဲ့သည်ဟု ကျေးရွာသားများ ကပြောသည်။
Ref:Yangon Press International
source: http://www.facebook.com/permalink.php?story_fbid=1983044954017&id=1780040129
 

No comments:

Post a Comment