Saturday, January 14, 2012

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ သတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်များ

Sat, Jan 14, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိစစ်တင်ပြထားသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟုဆိုသူ ၆၀၄ ဦးတွင် လက်ရှိအကျဉ်းကျခံနေရသူ ၄၂၁ဦး အချုပ်သား ၉ဦး ပေါင်း ၄၃၀ ဦးသာရှိ။ ၁၀၇ နှစ်ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့် အသီးသီးနှင့် ရက်စေ့၍လွတ်မြောက်ခဲ့။ ၁၃ ဥိးမှာ အမည်ထပ်နေပြီး ၅၁ ဦးမှာ အချက်အလက်မပြည့်စုံ၍ စိစစ်မရကြောင်း တွေ့ရှိရသည်။ သေဆုံးသူ ၁ ဦး ၊ သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်သူနှစ်ဦးရှိသည်။




လက်ရှိအကျဉ်းကျခံနေရသူ ၄၃၀ ဦးမှ ၂၀၂ ဦးအား နိုင်ငံတော်တည်ငြိမ်ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် လွတ်ငြိမ်းချပ်းသာခွင့် ပြုခဲ့ပြီး ကျန် ၁၂၈ ဦးမှာ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသည်ဖြစ်၍ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကြုံးမ၀င်သောကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ထိန်းသိမ်းထား။ ၎င်း ၁၂၈ ဦးတွင် ရခိုင်ပြည် ဘူးသီးတောင်  မောင်းတော၌ တာလီဘန်များနှင့်ဆက်သွယ်စည်းရုံးလေ့ကျင့်၍ အကြမ်းဖက်လုပ်ငန်းများအတွက် ရည်ရွယ်သူ ၁၇ နှစ်ဦး ပါဝင်။

သံဃာတော်အကျဉ်းသားဟူ၍ ခွဲခြားဖမ်းဆီးထားသော အကျဉ်းသားအားလုံး အကျဉ်းစတင်ကျခံရစဉ်ကတည်းက အကျဉ်းသားအပြစ်သာ တပြေးညီသတ်မှတ်ထား ဟုဆို။
မျက်ကွယ်တရားစီရင်၍ ပစ်ဒဏ်ချမှတ်တရားစီရင်ပြီးမှ ထွက်ပြေးလွတ်မြောက်သူများမရှိ။ ၄၀၁ဖြင့်လက်မှတ်ထိုး၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်သူများသည် တစ်ဦးချင်း အနေဖြင့် ၄၀၁ ပြုလုပ်ရန်လိုအပ် သဖြင့် လက်မှတ်ရေးထိုး၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ခြင်းဖြစ်ပြီး လွတ်ြိငမ်းချမ်းသာခွင့်ရရှိသူအများနှင့် မသက်ဆိုင်။ ယခုနိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းခွင့်ပြုခြင်းသည် လာမည့်ကြားဖြတ်ရွေးကောက် ပွဲတွင် ပါဝင်နိုင်ရေးနှင့် ဖြစ်ကြောင်း ။

Source:http://www.hotnewsweekly.com/archives/1400

No comments:

Post a Comment