ပါကစ္စတန်နဲ့ မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံအကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိစ္စ၊ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။
သမ္မတအလီဇာဒါရီဟာ နေပြည်တော်ကနေရန်ကုန်မြို့ကိုသွားရောက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ပြောခွင့်ရသူ ဖာဟတ်တူလာ ဘာဘား က ပြောဆိုပါတယ်။ မြန်မာနိုင်ငံကနေ ပြန်လည်မထွက်ခွာခင် သမ္မတ အလီဇာဒါရီ ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုပ်ဂူကိုလည်း သွားရောက် ဂါရ၀ပြုဖို့ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာအရှေ့တောင်အာရှ နိုင်ငံများအသင်းအာဆီယံမှာအရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာအစိုးရ ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာ သမ္မတ အလီဇာဒါရီ က ပါကစ္စတန်ကို အာဆီယံရဲ့ အပြည့်အ၀ ဆွေးနွေးဘက်နိုင်ငံအဆင့် တိုးမြှင့်သတ်မှတ်ရေး ကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
source: http://www.voanews.com/burmese/news/Pakistan-Burma-01-23-12-137925863.html
No comments:
Post a Comment